Monday, November 25, 2013

" ၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိပ်ဓာတ်ခွဲစမ်းသပ်ချက်များအရ (က)အိုမီဂါ၃ ဖက်တီးအက်ဆစ် ဖြည့်စွက် စာငါးကြီးဆီများထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့ က အမျိုးသားများသုက်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ချေ အလားလာ ၄၅% ထိရှိစေကြောင်း၊ (ခ) အကယ်၍ DHA ဗီတာမင်အမြောက်အများပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ ကင်ဆာဖြစ်နိုင်ချေထက်အလားအလာထက်ပင် ၂-ဆမျှပိုကဲနေကြောင်း၊ (ဂ) ထို့ ပြင် အဆီများသောငါးကြီးတွေ လွန်ကဲစွာစား သောက်ခြင်းကလည်း ဖော်ပြပါကင်ဆာဖြစ်လာစေကြောင်း ” National Cancer Institute(ခေါ်)ကျမ္မာရေးဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ခြင်းကို အင်တာနက်သတင်းလွှာ(Academic Journal)က ဇူလိုင် ၁၁၊ ၂၀၁၃ နေ့ ဒေသစံတော်ချိန် ၂း၀၀နာရီတိတိမှာ ထပ်ဆင့် ဖော်ပြထားပါတယ်။ ++++++++++++++++++++++++++ ဆီးကျိတ်ကင်ဆာ(ခေါ်) အမျိုးသားများသုက်ရေဂလင်းကင်ဆာရောဂါ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းကို ယ နေ့ အထိ ဆေးသိပ္ပံနည်းအရ ခိုင်လုံတဲ့အဖြေမထုတ်သေးနိုင်သော်လဲ၊ တိရိစ္ဆာန်အဆီလွန်ကဲစွာစားသုံးသူများ၊ အဖိုး/ဖခင် မျိုးရိုး စဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရချို့ တဲ့သူများမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်လို့ ဆိုပါတယ်။ ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ သုက်ရည်ဂလင်းသိသိသာသာကြီးထွားလာခြင်း၊ ဆီးသွားရင်အားမရခြင်း၊ ပြတ်တောင်းပြတ် တောင်းဖြင့် ဆီးသွားရခက်ခဲခြင်း၊ ပုံမှန်ထက်မကြာခဏဆီးသွားပြီး အထူသဖြင့်ညဘက်မှာပို၍သွားခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ သုက်ရည်ထဲသွေးပါခြင်း၊ တင်ပါး နှင့်တင်ပါးဆုံရိုးတို့ တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်သည်။ အကယ်၍ ထိုလက္ခဏာများထဲမှ တစ်ခုမဟုတ်တစ်ခု ပေါ်လာပါက မပေါ့ဆဘဲ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကြပါ။ ယနေ့ အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အမျိုးသားဦးရေပျမ်းမျှ ၄၁၀၀၀ ၀န်းကျင် ဆီးကျိတ်ကင်ဆာဖြစ်ပွားကြပြီး၊ ၁၁၀၀၀ ခန့်  က ထိုကင်ဆာဖြင့်ကွယ်လွန်နေကြရပါတယ်။ အမေရိကန်မှာလည်း အရေပြားကင်ဆာပြီးရင်၊ ဆီးကျိတ်ကင်ဆာက ဒုတိယအဖြစ် အများဆုံးလို့ ဆိုပါတယ်။ များသောအားဖြင့် အမျိုးသားများ အသက် ၅၀ ကျော်လာလျှင် ထိုကင်ဆာပေါ်လာတတ်လို့ သတိပြု ကြဖို့ လိုအပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ) ထဲတွင်ပါရှိသော isothiocyanates ဓာတ်က ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ် ပေးပြီး၊ ခရမ်းချဉ်သီး/ဖရဲသီးစသည့်အနီရောင်အသီးတို့ က ၄င်းကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသက်သာစေပါ တယ်။ ပင်လယ်စာ၊ ဂျုံ နှင့် ဂျုံထွက်ပစ္စည်းများ၊ ဆန်လုံးညို နှင့် ကွေကာအုတ်ထဲမှာပါရှိသော Selenium ကလည်း ယင်းကင်ဆာ ရောဂါကာကွယ်ပေးပြီး၊ ပဲပိစပ်က ဆီးကျိတ်ကင်ဆာအကျိတ်ကြီးထွားလာမှုကို သိသိသာသာနှေးကွေးစေပါတယ်။ ခနာကိုယ် အဆမတန်ဝခြင်းက ဆီးကျိတ်ကင်ဆာနဲ့  ဆက်စပ်မှုရှိတာကြောင့် ဥပမာ အမဲသားတို့ လို အနီရောင်အသားများ လျော့စား၍ ကိုယ်အလေးချိန်ချပေးသင့်ပါတယ်။ ကဖိန်းဓာတ်ပါသော ဖျော်ရည်များ နှင့် အယ်လ်ကိုဟောပါသော အဖျော်ယမကာတို့ လွန်ကဲ စွာသောက်စားခြင်းက သုက်ရည်ဂလင်းကိုကြီးထွားစေတာကြောင့် သင့်တင့်မျှတရုံသုံးဆောင်ကြပြီး၊ ဆီးကျိတ်ကင်ဆာရောဂါ ဆိုးကြီးမှ ကင်းဝေးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်။ (တင်ထက်ထက်ဇော်....မျှဝေသည်

*** ငါးကြီးဆီများ နှင့် အမျိုးသားရောဂါအန္တရာယ် ***

" ၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိပ်ဓာတ်ခွဲစမ်းသပ်ချက်များအရ (က)အိုမီဂါ၃ ဖက်တီးအက်ဆစ် ဖြည့်စွက် စာငါးကြီးဆီများထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့ က အမျိုးသားများသုက်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ချေ အလားလာ ၄၅% ထိရှိစေကြောင်း၊ (ခ) အကယ်၍ DHA ဗီတာမင်အမြောက်အများပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ ကင်ဆာဖြစ်နိုင်ချေထက်အလားအလာထက်ပင် ၂-ဆမျှပိုကဲနေကြောင်း၊ (ဂ) ထို့ ပြင် အဆီများသောငါးကြီးတွေ လွန်ကဲစွာစား သောက်ခြင်းကလည်း ဖော်ပြပါကင်ဆာဖြစ်လာစေကြောင်း ” National Cancer Institute(ခေါ်)ကျမ္မာရေးဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ခြင်းကို အင်တာနက်သတင်းလွှာ(Academic Journal)က ဇူလိုင် ၁၁၊ ၂၀၁၃ နေ့ ဒေသစံတော်ချိန် ၂း၀၀နာရီတိတိမှာ ထပ်ဆင့် ဖော်ပြထားပါတယ်။ ++++++++++++++++++++++++++ ဆီးကျိတ်ကင်ဆာ(ခေါ်) အမျိုးသားများသုက်ရေဂလင်းကင်ဆာရောဂါ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းကို ယ နေ့ အထိ ဆေးသိပ္ပံနည်းအရ ခိုင်လုံတဲ့အဖြေမထုတ်သေးနိုင်သော်လဲ၊ တိရိစ္ဆာန်အဆီလွန်ကဲစွာစားသုံးသူများ၊ အဖိုး/ဖခင် မျိုးရိုး စဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရချို့ တဲ့သူများမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်လို့ ဆိုပါတယ်။ ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ သုက်ရည်ဂလင်းသိသိသာသာကြီးထွားလာခြင်း၊ ဆီးသွားရင်အားမရခြင်း၊ ပြတ်တောင်းပြတ် တောင်းဖြင့် ဆီးသွားရခက်ခဲခြင်း၊ ပုံမှန်ထက်မကြာခဏဆီးသွားပြီး အထူသဖြင့်ညဘက်မှာပို၍သွားခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ သုက်ရည်ထဲသွေးပါခြင်း၊ တင်ပါး နှင့်တင်ပါးဆုံရိုးတို့ တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်သည်။ အကယ်၍ ထိုလက္ခဏာများထဲမှ တစ်ခုမဟုတ်တစ်ခု ပေါ်လာပါက မပေါ့ဆဘဲ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကြပါ။ ယနေ့ အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အမျိုးသားဦးရေပျမ်းမျှ ၄၁၀၀၀ ၀န်းကျင် ဆီးကျိတ်ကင်ဆာဖြစ်ပွားကြပြီး၊ ၁၁၀၀၀ ခန့်  က ထိုကင်ဆာဖြင့်ကွယ်လွန်နေကြရပါတယ်။ အမေရိကန်မှာလည်း အရေပြားကင်ဆာပြီးရင်၊ ဆီးကျိတ်ကင်ဆာက ဒုတိယအဖြစ် အများဆုံးလို့ ဆိုပါတယ်။ များသောအားဖြင့် အမျိုးသားများ အသက် ၅၀ ကျော်လာလျှင် ထိုကင်ဆာပေါ်လာတတ်လို့ သတိပြု ကြဖို့ လိုအပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ) ထဲတွင်ပါရှိသော isothiocyanates ဓာတ်က ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ် ပေးပြီး၊ ခရမ်းချဉ်သီး/ဖရဲသီးစသည့်အနီရောင်အသီးတို့ က ၄င်းကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသက်သာစေပါ တယ်။ ပင်လယ်စာ၊ ဂျုံ နှင့် ဂျုံထွက်ပစ္စည်းများ၊ ဆန်လုံးညို နှင့် ကွေကာအုတ်ထဲမှာပါရှိသော Selenium ကလည်း ယင်းကင်ဆာ ရောဂါကာကွယ်ပေးပြီး၊ ပဲပိစပ်က ဆီးကျိတ်ကင်ဆာအကျိတ်ကြီးထွားလာမှုကို သိသိသာသာနှေးကွေးစေပါတယ်။ ခနာကိုယ် အဆမတန်ဝခြင်းက ဆီးကျိတ်ကင်ဆာနဲ့  ဆက်စပ်မှုရှိတာကြောင့် ဥပမာ အမဲသားတို့ လို အနီရောင်အသားများ လျော့စား၍ ကိုယ်အလေးချိန်ချပေးသင့်ပါတယ်။ ကဖိန်းဓာတ်ပါသော ဖျော်ရည်များ နှင့် အယ်လ်ကိုဟောပါသော အဖျော်ယမကာတို့ လွန်ကဲ စွာသောက်စားခြင်းက သုက်ရည်ဂလင်းကိုကြီးထွားစေတာကြောင့် သင့်တင့်မျှတရုံသုံးဆောင်ကြပြီး၊ ဆီးကျိတ်ကင်ဆာရောဂါ ဆိုးကြီးမှ ကင်းဝေးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်။ (တင်ထက်ထက်ဇော်....မျှဝေသည်

မျက်ဝန်း တစ်ဝိုက် အရေပြား ကျန်းမာစေရန်

မျက်ဝန်း တစ်ဝိုက် အရေပြား ကျန်းမာစေရန်
========================
၁။ နေရောင်ခြည် ဒဏ် ကင်းဝေးပါစေ

မျက်လုံး တစ်ဝိုက်နေရာမှာ နေရောင်ခြည် ထိတွေ့မှု ကင်းစေဖို့ နေပူထဲ ထွက်ချိန်မှာ နေကာ မျက်မှန်ကို ပုံမှန်တပ် ဆင်သင့် ပါတယ်။ အထူးသဖြင့် ကမ်းခြေ လိုနေရာမျိုးနဲ့ ဈေးဝယ် ထွက်ချိန်မျိုးမှာပါ။

၂။ သင့်အရေပြား ပုံစံကို နားလည်ပါ

ဒါဟာ အရေးကြီးတဲ့ အချက်ပါ။ သင့်အရေပြား ဟာ အဆီပြန် တဲ့ အရေ ပြားပိုင်ရှင် မျိုးဆိုရင် အရေပြား ကို တစ် ပတ်မှာ နှစ်ကြိမ် လောက် တိုနာနဲ့ ဂွမ်း ဖတ်ကိုသုံးပြီး သန့်စင်ပေး သင့်ပါတယ်။ အိပ်ရာ မဝင်ခင် အချိန်မျိုးမှာ ပုံမှန် မျက်နှာ သန့်စင် ပေးပါ။ သင့် အရေပြား က ပုံမှန်နဲ့ ခြောက်သွေ့သူ ဆိုရင်တော့ တစ်နေ့နှစ် ကြိမ်လောက် ရေဓာတ် ပါဝင်တဲ့ ခရင်မ် ကို လိမ်းပေးပါ။

၃။ အိုင်းခရင်မ်လိမ်းပါ

ကော်လာဂျင် ပါဝင်တဲ့ မျက်လုံး တစ် ဝိုက်အလိမ်းရတဲ့ ခရင်မ်တစ်မျိုး ကို မျက် နှာသန့်စင်ပြီး တိုင်း ပုံမှန် လိမ်း ပေးပါ။ မျက်လုံး တစ်ဝိုက် အရေပြား တွန့်တာနဲ့ အ ရေးကြောင်း တွေကို ကာကွယ် နိုင်ပါ တယ်။

၎။ ဗီတာမင်အချို့မှီဝဲပါ

ဗီတာမင်အေနဲ့ ဗီတာမင်စီ ကြွယ်ဝ တဲ့အစားအစာတွေကို ဖြည့်စွက်စားသုံး ပေးပါ။ ဖော်ပြပါ ဗီတာမင် နှစ်မျိုး က သင့် မျက်လုံး တစ်ဝိုက် အရေပြား ကို အကောင်း ဆုံးအထောက် အကူပြု ပါတယ်။ နေ ရောင်ခြည် ဒဏ်ကြောင့် အရေပြား တစ် သျှူးတွေ ပျက်စီးမှု ကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ်။

၅။ မျက်လုံးကို အတင်း မပွတ်ပါနှင့်

မျက်လုံး တစ်ဝိုက် ကို လက်နဲ့ အတင်း ပွတ်တာမျိုး ဖြစ်စေ၊ တဘက်နဲ့ ပွတ်တိုက် တာမျိုးဖြစ်စေ မပြုလုပ် ပါနဲ့။ မျက်လုံး တစ် ဝိုက်က တစ်သျှူးတွေ ကို ပျက်စီး စေပြီး သွေး လည်ပတ်မှု လျော့နည်း စေကာ မျက် ဝန်းတစ်ဝိုက် ညိုမည်း နေစေလို့ပါ။

၆။ ရေခဏခဏ မဆေးပါနှင့်

မျက်လုံးကို ရေအပြည့် ထည့်ထား တဲ့ခွက်ထဲမှာ ဖွင့်လိုက် ပိတ်လိုက် ပြုလုပ် တာက မနက်မိုးလင်း လို့ မျက်နှာ သန့်စင် ချိန် တစ်ချိန်မှာ သာ ပြုလုပ် ပေးသင့် ပါ တယ်။ အချိန် တိုင်း မျက်လုံး ကို ရေထဲမှာ ပိတ်လိုက် ဖွင့်လိုက် မပြုလုပ် ပါနဲ့။ မျက်လုံး တစ်ဝိုက် အရေပြား ခြောက် စေနိုင် ပါတယ်။

၇။ ဆရာဝန် ညွှန်ကြားသော မျက်စဉ်း ဆေးရည် ကိုသာ အသုံးပြုပါ

နေ့စဉ် မျက်ကပ်မှန်ကို အသုံးပြုနေ ရသူတွေ အနေနဲ့ မျက်ကပ်မှန် ဆေးရည် ကို ပုံမှန်သန့်စင်ပြီး အသစ်ပြန်စိမ်ပေး သင့်ပါတယ်။ ဆရာဝန်က ညွှန်ကြား ထား တဲ့ မျက်စဉ်း ဆေးက လွဲရင် အသုံးမပြု ဖို့ အထူး သတိထား ဆင်ခြင်ပါ။

၈။ ဓာတုပစ္စည်း ပါဝင်သော မျက်နှာသန့်စင် ပစ္စည်းများကို ရှောင်ပါ

ဓာတုပစ္စည်းတွေပါဝင်တဲ့ မိတ်ကပ် သန့်စင်ပစ္စည်းတွေကိုအကြောင်းကြောင်း ကြောင့် အသုံးပြုရတယ်ဆိုရင်တောင် သင့်မျက်လုံးတစ်ဝိုက်က အရေပြားကို မ ထိမိစေဖို့ ဂရုစိုက် အသုံးပြုပေးပါ။ မျက် လုံးတစ်ဝိုက်ကအရေပြားက မျက်နှာပေါ် က တခြားအရေပြားတွေ ထက်ပိုပြီး နူးညံ့ ကာ ပိုမိုပျက်စီး လွယ်တတ် တာကြောင့်ပါ။

၉။ ရေများများသောက်ပါ

တစ်နေ့တာအတွက်လိုအပ်တဲ့ ရေ ဓာတ်မလုံလောက်ဘူး ဆိုရင်လည်း အရေ ပြားခြောက်သွေ့ကာ အစက်အပြောက် တွေ ဖြစေ် စနငို တ်ာကြောင့် ရေသောကပ်ါ။

၁၀။ သင့်မျက်လုံးကို ကြင်နာပါ

သင်ဟာ နေ့စဉ် ကွန်ပျူတာ အသုံး ပြုနေရသူ၊ မျက်လုံး ကို အားစိုက် အသုံးပြု နေရသူ ဆိုရင် သင့်မျက်လုံး ကို အနားပေး ဖို့လို ပါတယ်။ ကွန်ပျူတာ ကြည့်ပြီး လို့ တစ်နာရီ လောက်ကြာ တိုင်း ၁၅ မိနစ် လောက် မျက်လုံး ကို အနားပေး သင့်ပါ တယ်။ အလုပ်လုပ် နေစဉ်တွင် မှာလည်း ကွန်ပျူတာ မှ အလင်းပြန် မှုကို ကာကွယ် နိုင် စေမယ့် မျက်မှန် တပ်ထားပေး သင့် ပါ တယ်။

ငှက်ပျောသီး အသုံးဝင်ပုံ

Photo
ငှက်ပျောသီး အသုံးဝင်ပုံ 25-11-2013 ငှက်ပျောသီး အသုံးဝင်ပုံ မနက်စာကို ငှက်ပျောသီးစားလိုက်ပြီး ရေသောက်ထားပါက ငှက်ပျောသီး၏ ဇီဝဖြစ်စဉ်ကို လျှင်မြန်စေသောအစွမ်းကြောင့် နေ့လည်စာနှင့် ညနေစာဘယ်လောက်စားစား ဝိတ်မတက်နိုင်ဟု သိရှိရပါသည်။ဝိတ်ချလိုသူများအနေနှင့် အလွယ်ကူဆုံး အဆီကျစေနိုင်သော နည်းလမ်းဖြစ်ပါသည်။ ငှက်ပျောသီး၏ အတွင်းသားအခွံကို သွားများအားပွတ်ပေးပါက သွားများ ခိုင်မာဖြူဝင်းကာ သွားပိုးစားခြင်းကိုပါ ကာကွယ်ပေးပါသည်။ ငှက်ပျောသီး အသုံးဝင်ပုံ

Sunday, November 24, 2013

" စိတ် ထား မြင့် မြတ် အ နေ တတ် ဖို့ "

" စိတ် ထား မြင့် မြတ် အ နေ တတ် ဖို့ " ★★★★★★★★★★★★★★★★★★★ သူကမုန်းလည်း အမုန်း မဖက် ၊ မေတ္တာလက်ဖြင့် ပွေ့ဖက်ခေါ်ငင် ၊ ပြုံးပန်းဆင် ပါ။ သူကငြိုငြင် အပြစ်တင်လည်း ၊ ချစ်ခင် ရိုးသား စိတ်ကောင်းထား၍ ၊ နှုတ်ဖြားချိုမြ စကားလှကို ၊ ဖွဖွ ဆိုပါ။ သူက ရန် ရှာ ပြုမူပါလည်း ၊ ညင် သာသက်သက် ခွင့်လွှတ်လျက်နှင့် ၊ နှစ်ဘက် နှစ်ဝ အေးငြိမ်းရ အောင် ၊ လမ်းပြ ဆောင် ပါ။ မေတ္တာ သစ္စာ အနစ်နာနှင့် ၊ ဘယ်ခါမဟူ စိတ်ထားဖြူစွာ ၊ နေတတ်ပါမှ သင်၏ဘဝ ၊ အေးငြိမ်းရလိမ့်။ ( လေးအိမ်စု အရှင် ဝိစိတ္တသာရ) 

သားသမီးသုံးမျိုး

သားသမီးသုံးမျိုး ********** အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။ အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော။ မြတ်စွာဘုရား ဟောတော်မူတယ်။ - အတိဇာတ သားသမီးတစ်မျိုး - အနုဇာတ သားသမီးတစ်မျိုး - အဝဇာတ သားသမီးတစ်မျိုး ဆိုပြီးသုံးမျိုးဟောတော်မူခဲ့ပါတယ်။ (၁) "အတိဇာတသားသမီး" မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကိုအတိဇာတသားသမီးလို့ ခေါ်ပါတယ်။အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။ ထင်ရှားအောင်ပြောရရင် သာသနာတော်မှာ ရှင်ရဟန်းအဖြစ်ဖြင့်မိဘ၏ ကျေးဇူးတရားများကို ပေးဆပ်နေသော သားသမီးမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ (၂) "အနုဇာတသားသမီး" မိဘများရဲ့ ကျေးဇူးတရားများကို နားလည်သိရှိပြီးစွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့ စောင့်ရှောက်တတ်၍မိဘတို့နှင့် တူညီတဲ့ အကျင့်သီလ အာစာရဂုဏ် လိမ္မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အနုဇာတ သားသမီးလို့ ခေါ်ပါတယ်။ဆိုလိုတာက မိဘများက ဒါနပြုခြင်း၊ သီလ စောင့်ထိန်းခြင်း၊ တရားနာခြင်းစတဲ့အကျင့်သီလများနှင့်ပြည့်စုံသလိုသားသမီးများကလည်း မိဘများပြုကျင့်သကဲ့သို့ တန်းတူပြုကျင့်ခြင်း၊ မိဘကျေးဇူးတရားများကို နားလည်သိရှိခြင်းစတဲ့အကျင့်တွေနဲ့ပြည့်စုံတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့်… မိဘများကရတနာသုံးပါးအား ဆည်းကပ်ကိုးကွယ်ခြင်း၊ ကံ ကံ၏ အကြောင်းအကျိုးကို သက်ဝင်ယုံကြည်ခြင်း စတဲ့ဗုဒ္ဓဘာသာဝင်ပီပီ သာသနာရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့ အကျင့်တရားတို့ပြည့်စုံသလိုသားသမီးများကလည်း မိဘတို့နည်းတူ ထိုအကျင့်တရားများပြည့်စုံပြီး မိဘတို့ကျေးဇူးအားအထူးသိတတ်ပေးဆပ်တတ်တဲ့ သားသမီးမျိုးကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ (၃) "အဝဇာတသားသမီး" မိဘတို့၏ ကျေးဇူးတရားကိုမသိ၊ သိအောင် လည်းမကြိုးစား၊ကျေးဇူးတရားများကို ပေးဆပ်ရကောင်းမှန်း မသိသည့်အပြင်(မိဘတို့ထက် နိမ့်ကျသော အကျင့်သီလ အာစာရဂုဏ် ရှိခြင်း) စာရိတ္တပိုင်းဆိုင်ရာပျက်စီးခြင်းတို့ဖြစ်ပါတယ်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) နှလုံးသားအာဟာရ။ 

တရား အားမထုတ်မီ ဆောင်ရွက်ရန်

တရား အားမထုတ်မီ ဆောင်ရွက်ရန် ************************* ပုဗ္ဗကိစ္စ ခေါ် ပရိကံ (၅)ချက်။ ၁။ ခန္ဓာလှူရန်။ ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ဤခန္ဓာကိုယ် အတ္တဘောကြီးကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကောင်းတို့ဖြင့် မဂ်ဆိုက်၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် သွန်သင်ဆုံးမ ပေးတော်မူသော ဆရာသမားများအား လှူဒါန်းပါ၏ အရှင်ဘုရား။ ၂။ဝန်ချတောင်းပန် ရန်။ တပည့်တော်သည် မိုက်မဲတွေဝေခဲ့သည့်အလျောက် မိဘ၊ ဆရာသမား၊ ပုဂ္ဂိုလ်သူမြတ်တို့အား ကံသုံးပါးဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းအကျိုးငှာ တောင်းပန်ဝန်ချကန်တော့ပါ၏။ (ရှိခိုးတောင်းပန် ကန်တော့ရပါမည်။) ၃။မေတ္တာပို့ရန်။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို.စောင့်နတ်၊သာသနာစောင့်နတ်များနှင့်တကွ ရှိရှိသမျှ သက်ရှိသတ္တ၀ါ တို့အား အသက်ထက်ဆုံး ဘေးမသီရန်မခ၍ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေလို့ မေတ္တာပို့ရမှာ ဖြစ်ပါသည်။ ၄။အဓိဋ္ဌာန်ပြုရန်။ ရှေးရှေးဘ၀ ယခုဘ၀ ပြုပြုသမျှ တပည့်တော်၏ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့သည် တပည့်တော် အလိုရှိ တောင့်တအပ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရခြင်း၊ ရောက်ခြင်းငှာ လျှင်မြန်စွာ ကျေးဇူးပြုပါစေဟု အဓိဋ္ဌာန် ပြုရမည် ဖြစ်ပါသည်။ ၅။ မရဏံနုဿတိ ပွားများရန်။ ငါသည် ဘ၀များစွာက ခန္ဓာပျက်ကြွေ သေခဲ့ရသည့် ဘ၀တွေ များလှပေပြီ။ (ငါသည် မုချသေရမည်… အချိန်ပိုင်းသာ လိုတော့သည်… ယခုဘ၀ အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ပါမည် အရှင်ဘုရား) ဟု အားထုတ်မှု အရှိန်ပြင်းထန်လာအောင် မိမိကိုယ်ကို တိုက်တွန်းရပါမည်။

မိတ်ဆွေစစ်ဆိုတာ

မိတ်ဆွေစစ်ဆိုတာ
==========

(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။

အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။

အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။ *******************************************သူတော်စင်တွေ ဆုတောင်းတိုင်း ၀ိပတ္တိတရား လေးပါး။ ဗျာသနတရား ငါးပါး။ ဆိုတာကြပါ တယ်။ အဲဒီ ဗျာသနတရား ငါးပါးမှာ==ဥာတိဗျသန=ဆွေမျိုးတွေထဲက ပျက်စီးမှု။ ဘောဂဗျသန= စည်းစိမ်ဥစ္စာတွေ ပျက်စီးမှု။ ရောဂဗျသန=ရောဂါဝေဒနာ ဖြစ်ခြင်းဖြင့် ပျက်စီးမှု။ သီလဗျသန=အကျင့်သီလ ပျက်စီးမှု။ ဒိဌိဗျသန=အယူဝါဒအမြင်ရဲ့ ပျက်စီးမှုတို့  ဖြစ်ကြတယ်။ အဲဒီပျက်စီးခြင်း ငါးမျိုးထဲက လူတွေအလေးထားနေကြတာ၊ ပျက်စီးမှာ ကြောက်ကြတာ၊ ဥာ တိဗျသန-ဆွေမျိုးတွေ ပျက်စီးမှာ ကြောက်ကြတယ်။ ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ပျက်စီးမှာ ကြောက်ကြတယ်။ ရောဂဗျသန-ရောဂါတွေဖြစ်မှာကြောက်ကြတယ်။ သီလဗျသန-ကိုယ်ကျင့်တရား ပျက်မှာကို မကြောက်ဘူး။ ဒိဌိဗျသန-အယူဝါဒ အမြင်စောင်းသွားမှာ ပျက်စီးမှာ မကြောက်ကြဘူး။ တကယ် ကြောက်စရာကောင်းတာက သီလဗျသန နဲ့  ဒိဌိဗျသန က ကြောက်စရာ ကောင်း တယ်။ ကျန်တဲ့ ဗျသန သုံးပါးက ကြောက်စရာ မကောင်းဘူး။ လူတွေ စိုးရိမ်သောက ရောက်နေကြ တာက=ဆွေမျိုးသားချင်းတွေ ပျက်စီးမှာ စိုးရိမ်တယ်။ ပစ္စည်းဥစ္စာတွေ ပျက်စီးလို့ ငိုတယ်။ ပျက်စီး မှာ စိုးရိမ်ကြတယ်။ ရောဂါ ဖြစ်လို့  ငိုတယ်။ ရောဂါမဖြစ် စေချင်ဘူး။ သီလပျက်လို့  ငိုတဲ့ပုဂ္ဂိုလ်ဟာ မကြားဘူး လောက်အောင်ကို ရှားတယ်။ အယူဝါဒ ပျက်စီးလို့  ငိုတဲ့ပုဂ္ဂိုလ်လဲ မကြားဘူး လောက်အောင်ကို ရှားပါးပါတယ်။ သို့ သော် မြတ်စွာဘုရား ဟောထား တာက ဥာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသန၊ ဒါတွေ ပျက်စီးလို့ ကတော့ ငရဲမကျဘူး။ သံသ ရာဝဋ်ဆင်းရဲမှာ ဒုက္ခမဖြစ်ဘူး။။ သီလဗျသန၊ ဒိဌိဗျသန၊ အဲဒါ နှစ်ပါး ပျက်စီးရင်တော့ သံသရာမှာ ဒုက္ခ ရောက်ပြီတဲ့။။ အဲဒါတွေကို မပူကြလို့  တန်ဘိုးရှိတဲ့ သီလကို ငွေကြေးနဲ့  လဲလိုက်ကြတာဘဲ။ "အဒိန္နဒါနာ ဝေ ရမဏိ သိက္ခာပဒံ သမာဒိယာမိ။" သူများပစ္စည်း မယူပါဘူးလို့  ဆောက်တည် ထားပေမဲ့၊ တော် တော်များများက အခွင့်သာလို့ ရှိရင် သီလ အပျက်ခံပြီးတော့ ယူလိုက်ကြတာပါဘဲ။ ။ အခွင့်အရေး မပေးတဲ့အခါ၊ စားစရာ မရှိတဲ့ အခါမှာ "၀ိကာလ ဘောဇနာ ဝေရာမဏိ သိက္ခာ ပဒံ သမာဒိယာမိ"၊ တဲ့။ စားစရာနဲ့  ကြုံတဲ့အခါကျတော့ အေး...နောက်မှပဲ သီလဆောက်တည် တော့မယ် ဆိုပြီး လုပ်ထည့်လိုက်ကြတာ။ အဲဒါမျိုးဟာ အနှစ်ကို အနှစ်မှန်း မသိလို့  ဒီလိုဖြစ်တာ။ လူ့ ဘ၀မှာ လူရယ်လို့  ဖြစ်လာတဲ့အခါ တကယ့် အရေးကြီးတဲ့ အနှစ်ကို ယူတတ်ဖို့ လိုတယ်။ ။ မြတ်စွာဘုရားက==လောကမှာ ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ချမ်းသာ၊ ပစ္စည်းဥစ္စာ၊ မခံစား ဘူး ဆိုတာ မရှိဘူးလို့  "အနမတဂ္ဂသုတ်မှာ" ဟောထားတယ်။ အင်မတန် ကောင်းတဲ့အာရုံတွေ အင်မတန် နှစ်သက်တဲ့ အရာတွေ၊ ကြုံတွေ့ လို့ ရှိရင် ဘယ်လိုစဉ်းစားရမလဲဆိုရင် ဒီလောက် ရှည်ကြာတဲ့ သံသရာခရီးမှာ၊ ငါလည်းဒါမျိုးတွေ ကြုံဘူးတယ်လို့  ဒီလိုပဲ အောက်မေ့ပါ။ အဲဒီလို အောက်မေ့တာနဲ့ တန်းတန်းစွဲ မဖြစ်တော့ဘူးပေါ့။ စိတ်ကိုထိန်းတဲ့ နည်းတစ်နည်းပါ။ ။ ကိုးပါးသီလ ထဲမှာ အထွဋ်တင် ဆောက်တည်ထားတဲ့ "မေတ္တာသဟ ဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု"-သတ္တ၀ါတွေအပေါ်မှာ မေတ္တာထားတယ်။ မုန်းစရာပုဂ္ဂိုလ်တွေ့ ရင် ဟိုအရင် ဘ၀တုံးက ငါ့အမေ(သို့ မဟုတ်)ငါ့အဖေ၊ ငါ့အကို၊ ညီ၊ အစ်မ၊ ညီမ၊ ဆွေမျိုးတွေပဲလို့  နှလုံးသွင်း လိုက်မယ်ဆိုရင်၊ အမုန်းတရားတွေ ပျောက်ကွယ်သွားမှာပါ။ ကုသိုလ်ကို နှစ်ပိုင်းခွဲမယ် ဆိုရင် သံသရာထဲမှာ ချမ်းချမ်းသာသာ နေနိုင်စေတာလဲ ကုသိုလ် ပဲ။ သံသရာထဲမှ လွတ်မြောက်ဖို့ ရာလဲ ကုသိုလ်ပဲ၊။ သံသရာလည်စေတဲ့ ကုသိုလ်က တဏှာရဲ့ အလွမ်းအမိုးကို ခံနေရတဲ့ ကုသိုလ်။ တဏှာ မကင်းသေးတဲ့ ကုသိုလ်။ တကယ်တော့ ကုသိုလ်က သံသရာထဲကို လည်စေတာ မဟုတ်ဘူး။ အတွယ်အတာက လည်စေတာ။ တဏှာက လည်စေတာ။ အဲဒီလို တဏှာဆိုတဲ့ အတွယ်အတာ ဘာကြောင့်ပေါ်ရတာလဲ ဆိုရင် အမှန်မသိတဲ့ အ၀ိဇ္ဖာကနေ ပုံဖေါ်ပေးနေလို့  ပေါ်တာဖြစ်တယ်။ မလှတာကို လှတယ်လို့  ပုံဖေါ်ပေးတယ်။ မကောင်းတာကို ကောင်းတယ်လို့  ပုံဖေါ်ပေးတယ်။ အ၀ိဇ္ဇာက အလှ၊ အကောင်း၊ မြင်လာအောင် သွေးဆောင်တဲ့အတိုင်း၊ တဏှာကနေ လိုက်ပြီး တွယ်တာတယ်၊ အဲဒီ အ၀ိဇ္ဖာ-တဏှာ နှစ်ခုကြောင့် သံသရာ ရှိနေတာ။ သူတို့ ဟာ သံသရာရဲ့  အမြစ်နှစ်ခုပဲ။ အဲဒီအမြစ် နှစ်ခုကို မဖယ်နိုင်ရင်တော့ သံသရာထဲမှာ သူကအကျိုး ပေးနေအုံးမှာ။ ဒီအမြစ်နှစ်ခုကို ဖယ်ရှားလိုက်တာနဲ့  သံသရာရဲ့ ဘောင်ကို ဖြတ်ကျော်ပြီးတော့ နိဗ္ဗာန်ထိအောင် ရောက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ။ { ၁၃၆၉-ခုနှစ် အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားတော်မူသော "အကာကိုပစ်၍ အနှစ် ကိုရှာ" တရားတော်မှ ကောက်နုတ် ရေးသား ပါသည်။ } “ဆုတောင်းပတ္တနာ” ဓမ္မဒါန၊ ဤပုညကြောင့်၊ ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊ အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊ လျင်စွာရစေ၊ တောင်းဆုခြွေသည်၊ မသွေပြည့်ဝပါစေသော်။ ဦးသိန်းဝေ။

သက္ကာယဒိဋ္ဌိ ၊ သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိ

သက္ကာယဒိဋ္ဌိ ၊ သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိ ~*~*~*~*~*~*~*~*~*~*~*~ တွေးလုံးရှိလို့ ဆွေးလုံးပေါ်တာ၊ တွေးလုံးမရှိရင် ဆွေးလုံးမလာဘူး၊ အတွေးကြောင့်သာ အဆွေးပေါ်တာပဲလို့ သိရမယ်၊ ဒီလိုသိတာ အကြောင်း အကျိုးဆက်တာ သိရတာပဲ၊ ဒီလိုသိရင် “ဥစ္ဆေဒဒိဋ္ဌိ” စင်ပြီ၊ သဘောပါကြပြီလား? ဓမ္မတွေ အဆက်ဆက်လှည့်နေတာဘဲလို့ သိရင် “သက္ကာယဒိဋ္ဌိ” စင်တယ်၊ အတွေးစိတ် ချုပ်တာသိရင် “သဿတဒိဋ္ဌိ” စင်တယ်၊ ဒကာ, ဒကာမတွေ အားလုံးမှတ်မိကြပြီလား၊ “သက္ကာယဒိဋ္ဌိ” ဟာ နှယ်နှယ်ရရ မဟုတ်ဘူး၊ “သက္ကာယဒိဋ္ဌိ” ရှိသူမှာ ဒိဋ္ဌိ သုံးမျိုးလုံးရှိတယ်၊ ဒါကြောင့် “သက္ကာယဒိဋ္ဌိ” ကိုအမြန်ဆုံးဖြုတ်ပြစ်ကြလို့ ဘုရားဟောတော်မှုတာလဲလို့ မှတ်ကြ။ (မိုးကုတ်ဆရာတော်ဘုရား - ဖြစ်ဆဲပဋိစ္စတွေး ဥာဏ်ချပ် တရားတော်) မိုးကုတ်ဆရာတော်ဘုရား (MoGok Sayadaw Phayar)

မေထုန်ငယ် (၇)ပါး

မေထုန်ငယ် (၇)ပါး
သိုသော် ဒီနေရာမှာ မေထုနဓမ္မဆိုတာက ယောက်ျားမိန်းမဆက်ဆံမှုလောက်ကိုသာ ဆိုလိုတာ မဟုတ်သေးဘူး။ တခြားခြား မေထုန်ငယ် (၇)ပါးဆိုတာကိုလည်း ထည့်သွင်းပြီး မြတ်စွာဘုရားက ရည်ညွှင်းထားပါတယ်။ 
တစ်ချိန်မှာ ဆိုကြပါစို့ ဇာနုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရားသည် ဗြဟ္မစာရီ = မြတ်သောအကျင့်ကို ကျင့်နေတဲ့သူတော်ကောင်းအဖြစ်နဲ့ ၀န်ခံပါသလားဆိုပြီး ဒီမေးခွန်းကို မေးတယ်။ မေးလိုက်တဲ့အချိန်အခါမှာ “ဒကာတော်ပုဏ္ဏား ငါဘုရားသည် မကျိုးမပေါက် မပြောင်မကျားတဲ့ ပြည့်စုံတဲ့ ထက်ဝန်းကျင် ဖြူစင်နေတဲ့ ဗြဟ္မစရိယ အကျင့်ကို ကျင့်နေတဲ့ပုဂ္ဂိုလ်သာဖြစ်ပါတယ်။
မကျိုးမပေါက် မပြောင်မကျားအောင် ပြည့်ပြည့်စုံစုံစင်စင်ကြယ်ကြယ်ဖြင့် ဗြဟ္မစရိယ အကျင့်ကို ကျင့်နေတဲ့ပုဂ္ဂိုလ် ဟာဘယ်ပုဂ္ဂိုလ်လဲလို့မေးခဲ့လျှင် ငါဘုရားကိုသာ ရည်ညွှန်းပြီး ပြောဆိုရမှာ ဖြစ်ပါတယ်” ဆိုပြီးတော့ အမိန့်ရှိတော်မူလိုက်တယ်။
နံပါတ် (၁) မေထုန်ငယ်က ဘာလဲလို့မေးတော့၊ ဥစ္ဆာဒန = နံ့သာရည်ဖြင့် လိမ်းပေးတယ်။ ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေးတယ် နှိပ်နှယ်ပေးတယ်။ နှပန = ရေချိုးပေးတယ်။ သမ္ဗာဟန =ပွတ်သပ်ပေးတယ်။ အဲဒါကိုသဘောကျတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။ ဘုရားရှင်ဟာ ဒါမျိုးဘယ်တော့မှ မပြုလုပ်ဘူး။ ဒါကတစ်ခု။

နံပါတ် (၂) ကျတော့ တစ်ယောက်နဲ့တစ်ယောက်ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက် နောက်လိုက်ေံပြာင်လိုက် နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီးစကားပြောနေကြတယ်။ အဲဒါကိုသဘောကျတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၃) ကတော့ သူ့မျက်စိနဲ့ ကိုယ့်မျက်စိတည့်တည့်လေးကြည့်ပေးတယ်။ မကြည့်ရလျှင် မမြင်ရလျှင်မနေနိုင်ဘူး။ ဘာမှတော့မလုပ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေရလျှင် ကျေနပ်နေတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၄) က တစ်ယောက်နဲ့တစ်ယောက်တော့ မမြင်ဘူးပေါ့။ ဒါပေမယ့် အသံလေးကြားရလျှင် သဘောကျနေတယ်။ သူငိုတဲ့ အသံပဲဖြစ်ပါစေ။ သီချင်းဆိုတဲ့ အသံပဲ ဖြစ်စေ ကြားနေရလိုရှိလျှင် သဘောကျတယ်။ ယခုကါလ ရေဒီယိုတို့ ဘာတို့နားထောင်တဲ့အခါ ကြားတဲ့ပုံစံမျိုးပေါ့။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၅) က မြင်လည်းမမြင်ရဘူး၊ ကြားလည်းမကြားရဘူး၊ ဒါပေမဲလို့ တစ်ချိန်တုန်းက တစ်ယောက်နဲ့ တစ်ယောက်ပြောဖူးတယ်။ ဆိုဖူးတယ် ပြောင်ဖူးတယ် နောက်ဖူးတယ်။ အဲဒါကလေးတွေကို ပျော်ပါးခဲ့ဖူးတာလေးတွေကို အမှတ်ရပြီးတော့ ပြန်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၆) က အဲဒါမျိုးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့လို့ ကိုယ့်မှာဘာမှတော့မရှိဘူး။ မရှိတဲ့အခါကျတော့ သူတစ်ပါးတွေ အိုးနဲ့အိမ်နဲ့ တိုက်နဲ့တာနဲ့ ကာမဂုဏ်တွေ ခံစားပြီး ပျော်ပျော်ပါးပါးနေတာကို သွားမြင်လိုက်တာကိုလည်း သဘောကျတယ်။ သူတို့လိုနေချင်တဲ့ စိတ်ထားလေးတွေ ပေါ်လာပြန်တယ်။ ဒါလည်းမေထုန်ငယ်တစ်ခုပဲ။
နံပါတ် (၇) က အဲဒီလိုပျောခဲ့တဲ့ သဘောတရားတွေလည်း မဖြစ်ပြန်ဘူး။ ဒါပေမယ့်ဘာဖြစ်နေသလဲ။ နတ်ပြည်နတ်လောက တစ်ခုခုကို ရည်မျှော်ပြီး တော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွါးများအားထုတ်နေပြန်တယ်။ နတ်ပြည်နတ်လောကမှာ ရရှိမည့် ကာမဂုဏ်တွေကို လှမ်းမျှော်ပြီး သဘောကျနေတယ်။ အဲဒါလည်းမေထုန်ငယ်တစ်ခုပဲ။
ဒီမေထုန်ငယ် (၇)မျိုး တစ်မျိုးမျိုးနဲ့ မွေ့လျှော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း အိုနာသေရေး ဒုက္ခဘေးမှ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူးလို့ ဘုရားရှင်က ဆက်လက်ကာ ဟောကြားထားတော်မူပါတယ်။
*** ဖားအောက်ဆရာတော်ဘုရားကြီး ***
(အမြိုက်နိဗ္ဗာန်သို့ ပို့ဆောင်ပေးနေသည့် စွမ်းအားကြီး (၇) ရပ် - သတ္တသညာသုတ္တန်)
(မွေးနေ့လက်ဆောင်ပေးသော မမအား အထူးကျေးဇူးတင်စွာဖြင့်)

သရဏဂုံ ဆိုတာ

သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန" မြန်မာလို "သရဏဂုံ" အဓိပ္ပာယ်က ကိုးကွယ်ဆည်းကပ်ခြင်း ရတနာမြတ်သုံးပါးအပေါ်လေးလေးနက်နက်နဲ့ သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ်ဆည်းကပ်တဲ့ သဒ္ဒါပညာရှေ့သွားရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ"လို့ခေါ်ပါတယ်။ ရတနာမြတ်သုံးပါးအပေါ် လေးလေးနက်နက်ယုံကြည်ခြင်း ကြည်ညိုလေးစားကိုးကွယ်ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံတည်တဲ့သူပါ။ သရဏဂုံတည်သူဟာ ရတနာမြတ်သုံးပါးကျေးဇူးကို မသိတတ်ရင် ရတနာသုံးပါးအပေါ် သံသယဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်းညစ်နွမ်းပါတယ်။ အယူဝါဒပြောင်းရင် သရဏဂုံပျက်တယ် သေဆုံးတဲ့အခါမှာလည်း သရဏဂုံပျက်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ သေဆုံးတဲ့အခါ သရဏဂုံပျက်သွားလို့ သရဏဂုံပြန်တင်ရတယ်။ အလောင်းကောင်ကြီးကိုတင်တာတော့မဟုတ်ဘူး။ ဒီအနီးအနားမှာတစ္ဆေသရဲစတဲ့ဘဝမျိုးမှာ ဖြစ်နေခဲ့ရင် သရဏဂုံပြန်တည်ပါစေဆိုတဲ့ အနေနဲ့ သရဏဂုံတင်ပေးရတာပါ။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ နတ်ကိုးကွယ် ကြတာလည်းရှိပါတယ်။ ရတနာသုံးပါးထက် နတ်ကိုပိုအလေးထားရင် သရဏဂုံပျက်တယ်။ သာမန်ကိုးကွယ်နေရင် သရဏဂုံမပျက်ပေမယ့် သရဏဂုံညစ်နွမ်းညှိုးနွမ်းမှာတော့ သေချာတယ်။ ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဟာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှာကောင်းပါဘူး။ ဘုရား တရား သံဃာကို စွန့်ပယ်၍ အခြားသော ဘိုးတော် မယ်တော်များ ၃၇-မင်းနတ်များ ရိုးရာနတ်များ နတ်စိမ်းများကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွန်ုပ်တို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းကိုးကွယ်ပါ၏ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်လျှင် သရဏဂုံပျက်သည်။ ယင်းသို့ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံပျက်ခြင်းဖြစ်သည်။ ဘုရား တရား သံဃာကိုလည်း မစွန့် ထိုဘိုးတော် မယ်တော်များကိုလည်း ကိုးကွယ်ဆည်းကပ်နေမယ်ဆိုရင် သရဏဂုံမပျက်သော်လည်း ညှိုးနွမ်းသွားပါတယ်။ ထို့ကြောင့် သရဏဂုံတည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့်ကျပ်ပြည့် မရနိုင်တော့ပါ။ အပ်ဝင် ပေါက်ဆိန်ထွက် ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်။ အပ်တစ်ချောင်းဝင်လာပြီး ပေါက်ဆိန်တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိအတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်။ တစ်ဘဝတာ သရဏဂုံတည်မြဲသူများ ရရှိမယ့် ကောင်းကျိုးများကို အပါဒါန်ပါဠိတော်မှာ ဟောကြားထားတာ ရှိပါတယ်။ လွန်ခဲ့သော ၉၁ ကမ္ဘာက ပွင့်တော်မူခဲ့သော အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်အခါက အမျိုးသားတစ်ယောက်သည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံတည်ခဲ့သည်။ ထိုတစ်ဘဝတာ သရဏဂုံတည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ကမ္ဘာ အပါယ်တံခါးပိတ်သည်။ အကြိမ် ၈၀ သိကြားမင်းဖြစ်သည်။ ၇၅ ကြိမ် စကြာမင်းဖြစ်သည်။ ရိုးရိုးဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းများစွာဖြစ်သည်။ ယခုဘုရားသာသနာ၌ အိန္ဒိယနိုင်ငံ၌ သူဋ္ဌေးသား သွားဖြစ်သည်။ သူ ၇နှစ်သား အရွယ်ခန့်တွင် တခြားရွယ်တူကလေးများနှင့်အတူ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးသီတင်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်။ မထေရ်သည် ကလေးများကို တွေ့သည်နှင့် သရဏဂုံဆောက်တည်ပေးသည်။ ကလေးများက ရွတ်ဆို ဆောက်တည်ကြသည်။ ထိုသရဏဂုံအဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ္ဘာက တစ်ဘဝတာ သရဏဂုံတည်ခဲ့သောကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်။ သူ၏ဘွဲ့အမည်မှာ တိသရဏဂမနိယမထေရ်ဟုခေါ်သည်။ ဤကောင်းကျိုးများသည် မိမိထံမှာရှိနေသော ပေါက်ဆိန်နှင့်တူသည်။ ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာနတ်များကို ကနားပေးပြီး ကိုးကွယ်လိုက်လျှင် သရဏဂုံမပျက်တောင် သရဏဂုံ ညှိုးနွမ်းသွားပါတယ်။ ထိုသို့နတ်များကိုးကွယ်သည့်အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်းဝင်လာနဲ့တူပါတယ်။ အကြောင်းမှာ စီးပွားတက်ခြင်း ရာထူးတက်ခြင်းကြောင့် ရရှိလာတဲ့စီးပွားဥစ္စာဟာ တစ်ဘဝတစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်။ သရဏဂုံညှိုးနွမ်းသွားရင် ၉၁ ကမ္ဘာ အပါယ်တံခါးပိတ်ရခြင်း စသောကောင်းကျိုးများကို မရတော့ပါ။ ဒါဟာ မိမိထံမှ ပေါက်ဆိန်တစ်ချောင်း ပြန်ထွက်တာနဲ့တူပါတယ်။ နတ်ကိုးကွယ်မှုနဲ့စပ်လို့ အစဉ်အလာအရ နတ်ကိုပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်။ ပသလို့ရတယ်။ ဒါပေမယ့်မကိုးကွယ်ကောင်းဘူး။ ပူဇော်တာနဲ့ ကိုးကွယ်တာဟာ မတူပါဘူး။ အချို့အိမ်တွေမှာ ကိုးကွယ်ပူဇော်မှုတွေ ရောရော နှောနှောဖြစ်နေတာတွေ့ရပါတယ်။ ဘုရားကျောင်းဆောင်မှာ နတ်ရုပ် ဘိုးတော် မယ်တော်ရုပ်တွေ မထားကောင်းပါဘူး။ ဘုရားနဲ့တစ်တန်းတည်း ဘာကိုမှမထားရပါဘူး။ တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ။ ဒါပေမယ့် ကိုးတော့ မကိုးကွယ်လိုက်ပါနဲ့။ ဥစ္စာစည်းစိမ်ဆင်းရဲတာက တစ်ဘဝသာဒုက္ခရောက်မှာပါ။ အသိဉာဏ်ပညာ ဆင်းရဲခဲ့ရင်တော့ သံသရာအဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်။ အားကိုးမလွဲစေနဲ့ ----------------- လောကမှာ အမြင့်မြတ်ဆုံးဘုရားနဲ့ တွေ့လျက်သားနဲ့ ဘုရားကိုအားမကိုးပဲ နတ်တွေ ဘိုးတော်မယ်တော် စတာတွေကို အထင်ကြီးအားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။ ဒါဟာကိုယ့်ဦးနှောက်ကို ကိုယ် အလွဲသုံးစားလုပ်တာပဲ။ လောကမှာ ဘုရားကိုအားကိုးတာ ဘုရားစကားနားထောင်တာလောက် ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ်လူသားလုပ်နေကြပြီး အတွေးချော်မနေကြနဲ့။ အရှင်ဝိစိတ္တသာရ(လေးအိမ်စု) ကိုးကား- အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)

သံသယမဖြစ်စေနဲ့

အရာအားလုံးကို သိတော်မူတဲ့ သဗ္ဗညုတဉာဏ်နဲ့ ဟောထားတဲ့ ဘုရားဟော တရားတော်ကို သိပ္ပံပညာနဲ့ မကိုက်လို့၊ ကိုယ်တွေးထားတာနဲ့ မညီလို့ဆိုပြီး မမှန်ဘူးလို့ သံသယမဖြစ်မိပါစေနဲ့။ သံသယမဖြစ်ဖို့ဆိုတာဟာ မျက်ကန်းယုံကြည်ဖို့ ပြောတာမဟုတ်ပါဘူး။ ဉာဏ်နဲ့ယှဉ်ပြီး လက်ခံနိုင်ဖို့ပါ။ တကယ်တော့ သိပ္ပံပညာဟာ သဗ္ဗညုတဉာဏ်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့သလို၊ ကိုယ်သိတယ်ဆိုတာဟာလည်း သဗ္ဗညုတဉာဏ်တော်မြတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ကူးနဲ့တောင် ယှဉ်ပြလို့ မရလှပါဘူး။ ကိုယ်ဉာဏ်မမှီတာနဲ့ အမှန်တရားကို မမှန်မပွားမိပါစေနဲ့။

တူလည်းမရ တုမရသည့်
လုံးစုံသိမြင် ဘုရားရှင်။
ဘုရားရှင်အား အာရုံထား၍
ဂုဏ်တော်အများ ထုံကာပွားကာ
နှလုံးသားဝယ် ဘုရားတည်မည်
“သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု“ပါဘုရား။ ။

♣♣♣ မချုန်းဘဲနဲ့ ရွာတဲ့မိုး (စာမတတ်ပေမယ့် ကျွတ်တမ်းဝင်တယ်) ♣♣♣

 ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌ ဟောကြားသော တရားတော် မချုန်းဘဲနဲ့ ရွာတဲ့မိုး စာမတတ်ပေမယ့် ကျွတ်တမ်းဝင်တယ် ဒကာ ဒကာမတို့ တရားနာတာက ဗဟုသုတ အင်မတန်များပါတယ်၊ တရားသာနာပြီး တရားအားမထုတ်ကြပြန်လျှင်လည်း၊ နေရာမကျသေးဘူး ဆိုတာကိုလည်း မှတ်စေချင်တဲ့ သဘောနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မိုးလေးမျိုး ဥပမာနဲ့ပြတယ်။ ခန္ဓာကိုယ်ဥာဏ်လှည့်တရားနာ တရားနာ တရားနာဆိုတဲ့ဥစ္စာ ခန္ဓာမှာ မရောက်သေး ခန္ဓာကိုဥာဏ်လှည့်ပြီး မနာလို့ရှိရင်ဖြင့် တရားနာတာသည် ကားလို့ဆိုရင် စာသင်တာနဲ့ အတူတူပဲ။ ခန္ဓာကိုယ် ဥာဏ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ယထာဘူတဥာဏ်ရသွားတဲ့အတွက် ဒကာ ဒကာမတို့ အလွန် ကျေးဇူးများလိမ့်မယ်ဆိုတာ မှတ်ထားဖို့ပဲ … (မှန်ပါ့)။ အဲ့ဒါတွေ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မိုးလေးမျိုး ဥပမာနဲ့ စတုက္က နိပါတ် အင်္ဂုတ္တိုရ်မှာ ဟောရှာတယ် ဘယ်လို ဟောလိုက်တုံးဆိုတော့ …။ မိုးလေးမျိုး ချုန်းသာချုန်း၍ မရွာသောမိုးတစ်မျိုး (၁) တစ်နံပါတ်မိုးက ဘာပါလိမ့် … (ချုန်းသာချုန်း၍ မရွာသော မိုးပါဘုရား) (၂) နှစ်နံပါတ်မိုးသည်ကား ဆိုလို့ရှိရင်ဖြင့် မချုန်းဘဲနဲ့ ရွာတဲ့မိုး ဒါ နှစ်နံပါတ်က မချုန်းပဲနဲ့ ရွာတဲ့မိုးနော်…(မှန်ပါ့)။ (၃) သုံးနံပါတ်ကတော့ ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးလို့ သုံးနံပါတ်ကို မှတ်ထားကြပါ။ (၄) လေးနံပါတ်ကတော့ မောင်နိုင်၊ မောင်ဘမှီတို့ ချုန်းလည်း ချုန်းလည်းရွာတဲ့ မိုးလို့ မိုးဘယ်နှစ်မျိုးပါလိမ့်…(မိုးလေးမျိုးပါဘုရား)။ ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက၊ ဒကာ ဒကာမတွေ စိုးရိမ်းကြောင့်ကြတော်မူ သောကြောင့် ဤလေးသင်္ချနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပေးလို့ရတဲ့ သဗ္ဗညုတဥာဏ် တော်နဲ့ ချိန်တဲ့အခါမှာ အယူအဆတွေ အမျိုးမျိုးအဖုံဖုံ လွဲနေမှာ စိုးတဲ့အတွက် ကိုစောမောင် မိုးလေးမျိုးကို ပြောတယ်…(မှန်ပါ့)။ မိုးလေးမျိုးကို ပြောလာတယ် ဒကာဒကာမတို့ ပထမမိုးက ချုန်းသာချုန်းတယ် မရွာဘူး၊ ဒုတိယ မိုးက …(မချုန်းဘဲနဲ့ရွာပါတယ်ဘုရား) မချုန်းပဲနဲ့ ရွာပါတယ်။ တတိယမိုးကတော့…ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးပါဘုရား)။ စတုတ္ထမိုးကတော့ …(ချုန်းလည်းချုန်းရွာလည်း ရွာတဲ့ မိုးပါဘုရား)။ အလုပ်လုပ်ပါစေတော့လို့ ဟောတာ အဲ့ဒီကဲ့သို့ ဒကာ ဒကာဒကာမတို့ မိုးလေးမျိုးကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောထားတာသည်၊ ဘုန်းကြီးတို့၏ ဒကာ ဒကာမတွေ စဉ်းစားပြီးသကာလ၊ သြော် ဒါ အလုပ်ဖြစ်ပါစေတော့ ဆိုတဲ့ အာသီသ ဆန္ဒရှိလို့ ဟောတာပဲလို့ မှတ်ထားရမယ်နော် … (တင်ပါ့)။ အလုပ်လုပ်ပါစေတော့လို့ ဟောတာပဲလို့ ကောက်နှုတ်ချက်ချလိုက်တဲ့အခါ မောင်နိုင် မောင်ဘမှီတို့ အလုပ်လုပ်ဖို့ ဟောတာပဲဆိုတာ မှတ်ထားရမယ်… (မှန်ပါ့)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်ဖို့ ဟောတာကို ကျုပ်တို့ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့် အလုပ်နဲ့ပဲ စခန်းသိမ်းရမှာပဲဆိုတာ ဒကာ ဒကာမတို့ မှတ်ထားကြပါ… (မှန်ပါ့)။ ၁။ ချုန်းသာချုန်း၍ မရွာသောမိုး ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာသော မိုးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တရားကို စာကို အမျိုးမျိုး အဖုံဖုံတွေကို ကိုယ့်စိတ်ထဲမှာ ထင်လည်း ထင်တယ်မှတ်လည်း မှတ်မိတယ်။ သို့သော် သစ္စာသိအောင်တော့ အလုပ် မလုပ်ဘူး၊ သစ္စာကို ပဋိဝေဓဥာဏ်နဲ့ သိအောင် အလုပ် မလုပ်ဘူးဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဒီဥစ္စာ ဘာပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် သိသာသိ၍ မလုပ်လို့ရှိရင် ချုန်းသာချုန်း၍ မရွာသော မိုးနဲ့ တူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ…(မှန်ပါ့) သဘောကျ ပလား…(ကျပါတယ်ဘုရား)။ ကောင်းပြီ…ဒါဖြင့် တရားအမျိုးမျိုးတွေနဲ့ ဗဟုသုတအမျိုးမျိုးတွေရှာ၊ အဲဒီလိုရှာပြီး သကာလ သစ္စာသိတဲ့အလုပ်ကို ပဋိဝေဓဥာဏ်တို့နဲ့သိအောင် မလုပ်လို့ရှိရင်၊ ချုန်းသာချုန်းတာဟေ့တဲ့ မရွာဘူးတဲ့…(မှန်ပါ့) ကဲ သဘောကျပလား…(ကျပါပြီဘုရား)။ ဒါဖြင့် ဒကာဒကာမတွေ အင်းသိပြီးသကာလ နေငြားသော်လည်း၊ သစ္စာသိအောင် ကျင့်မယ့် အကျင့် မလာလို့ရှိရင် ဘာမိုးနဲ့ တူတုံး (ချုန်းသာချုန်း၍ မရွာသောမိုးနဲ့ တူပါတယ်ဘုရား)။ တစ်နံပါတ်မိုးနဲ့တူတယ်၊ ချုန်းသာချုန်း၍ မရွာသော မိုးနဲ့တူတယ်ဆိုတာ သဘောကျပလား… (ကျပါတယ်ဘုရား)။ ၂။ မချုန်းဘဲနဲ့ရွာတဲ့မိုး နှစ် နံပါတ်ကတော့ ဒကာ ဒကာမတွေ၊ အင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဤဆရာသမားတွေ ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဝေဒနာ၊ စိတ်ဖြင့်စိတ်။ ရုပ်ဖြင့်ရုပ် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးသော ၀တ္ထု ဝေဒနာလေးပဲ ကိုယ့်ဥာစ်ထဲက ထည့်တာလေးပဲ ကြိုးစားပြီးသကာလ နေရင်း မတ္တနဲ့တဲ့အဖြစ် အပျက်ဆိုတဲ့ ဒုက္ခသစ္စာ တူသွားတွေ့တယ်။ ထိုကဲ့သို့ သစ္စာတွေ့တဲ့အခါကျလို့ရှိရင်၊ သစ္စာဆိုတာ ဒုက္ခပိုင်းခြားနိုင်လို့ရှိရင်ဖြင့် သစ္စာလေးချက်ဟာ တစ်ပြိုင်နက် ထင်ပါတယ်နော်…(တင်ပါ့)။ စာမတတ်၊ ဗဟုသုတမရှိ၊ အလုပ်လုပ်တယ် ဒါကြောင့်စာက ဗဟုသုတတော့မရှိဘူးတဲ့၊ တစ်ခုတည်းထားပြီး သကာလ အလုပ်လုပ်လိုက်တဲ့ အတွက်၊ သူသစ္စာကို သိသွားတယ်လို့ရှိရင်ဖြင့်၊ ဗဟုသုတလည်းမရှိ စာပေကျမ်းဂန်လည်းမတတ်၊ အင်း သူ့အလုပ်သည်ကားလို့ ဆိုရင်ဖြင့်၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကိုသစ္စာဆိုက်အောင် လုပ်လိုက်တဲ့အတွက်၊ သူခရီးပေါက်သွားတယ် (မှန်ပါ့)။ ဒါကတော့ ဒုတိယ မောင်နိုင်၊ မောင်ဘမှီတို့ မိုးနဲ့ တူတယ်နော် … (တင်ပါ့)၊ ချုန်းကောချုန်းလား… (မချုန်းပါဘုရား) ရွာတော့ … (ရွာပါတယ်ဘုရား)။ အဲဒီလိုပါပဲတဲ့ ဒကာ ဒကာမတို့၊ ဒုတိယ မိုးသည်ကားလို့ဆိုလို့ရှိရင်၊ စာမတတ် ပေမတတ်နဲ့ နေငြားသော်လည်း၊ သတိပဋ္ဌာန်းလေးပါးထဲက တစ်ပါးပါးဖြစ်ပျက် အနိစ္စကို မြင်ပြီးသကာလ၊ အနိစ္စ မုန်း အနိစ္စဆုံးဆိုတဲ့ ဒုက္ခအဆုံးကို အနိစ္စ ဒုက္ခသစ္စာအဆုံးကို မြင်သွားပြန်လို့ရှိရင်လည်းတဲ့၊ လိုရာ ကိစ္စပြီးသွားတယ်လို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်ဘုရား)။ ဒါက ဘယ်မိုးနဲ့တူတာတုံး … (ဒုတိယမိုးနဲ့တူတာပါဘုရား)၊ သြော်…မချုန်းဘဲနဲ့ ရွာတယ်ဆိုတာကော သဘောကျပလား …(ကျပါတယ်ဘုရား)။ ၃။ ချုန်းလည်းမချုန်း ရွာလည်းမရွာတဲ့မိုး တတိယမိုးကတော့ ဗဟုသုတလည်းမရှိ၊ စာပေ ကျမ်းဂန်လည်းမတတ်သေး၊ သစ္စာသိအောင်လည်း တဖြည်းဖြည်းရှုမှတ်ပြီး သကာလ အလုပ်မလုပ်ဘူး၊ ဤကဲ့သို့ ပုဂ္ဂိုလ်တွေလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှိသေးတယ်ဆိုတဲ့ အဖြစ်သိပါစေလို့။ ချုန်းလည်းမချုန်း သစ္စာမသိသောကြောင့် ရွာလည်းမရွာ၊ ဒါဘာမိုးနဲ့ တူပါလိမ့်…(တတိယမိုးနဲ့တူပါတယ်ဘုရား)။ တတိယမိုးနဲ့တူတယ်ဆိုတာ သဘောကျပလား…(ကျပါတယ်ဘုရား)။ ၄။ ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုး သြော်…စတုတ္ထမိုးကတော့ဖြင့်တဲ့ ပရိသတ်တွေ၊ ကျမ်းဂန်တွေကအမျိုးမျိုးအဖုံဖုံ၊ တရားဓမ္မတွေက အမျိုးမျိုးအဖုံဖုံနာပြီးသကာလ၊ သြော်…အားထုတ်တဲ့အခါ၊ ကျပြန်တော့တစ်ခုမှတ်ပြီး သစ္စာလေးပါးကို တစ်ခါတည်း ဒုက္ခသစ္စာပိုင်းခြားနိုင်တဲ့ ဥာဏ်ရအောင် ကြိုးစားလိုက်ပြန်တော့ သူကတော့ဖြင့် ချုန်းလည်းချုန်း ရွာလည်းရွာတဲ့ မိုးနဲ့တူတယ်လို့ ဒကာဒကာမတွေမှတ်ရလိမ့်မယ် …. (မှန်ပါ့)။ ဒါကြောင့် ဒီထဲမှာ တရားနာတဲ့အထဲမှာ ဒီလေးဦးထဲကဖြင့် ဒကာ ဒကာမတို့ ပထမမိုး၊ ပထမမိုးက မောင်နိုင်ဘာတဲ့…(ချုန်းသာချုန်းပြီး မရွာတဲ့မိုးပါဘုရား) မရွာဘူး။ အဲဒီပထမမိုး အဖြစ်မှလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်ကြပါစို့လို့ သဘောကျပလား…(ကျပါတယ်ဘုရား)။ ပထမမိုး အဖြစ်ဆိုတာကတော့ ဗဟုသုတ ကျမ်းဂန် စာပေကျမ်းဂန်တွေတော့ရှိပါရဲ့၊ ခုနက သစ္စာဆိုက်အောင် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို အလုပ်မလုပ်ဘူးနော်… (မှန်ပါ့)။ စာတတ်ပြီး၊ အလုပ်မလုပ်တဲ့လူ ထိုကဲ့သို့ မလုပ်ခဲ့တဲ့ သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ အင်း…ချုန်းသာချုန်း၍ မရွာသောမိုးဖြစ်နေတော့ ဒါလည်းတော်ပါ့မလား … (မတော်ပါဘူးဘုရား)။ နိဗ္ဗာန်မဂ်ဖိုလ်ဆိုတဲ့ ဥစ္စာ ဒုက္ခပိုင်းခြားမှ နိဗ္ဗာန်မြင်မှာကိုး၊ ဒုက္ခမပိုင်းခြားပဲနဲ့ နိဗ္ဗာန်မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး)။ ဒုက္ခအဆုံးမှာ နိဗ္ဗာန်ရှိတယ်၊ ဒုက္ခဿအန္တံ ကရိဿတိ၊ ဒုက္ခဿ = ဒုက္ခ၏၊ အနံ္တ = အဆုံးကို၊ ကရိဿတိ = မျက်မှောက်ပြုနိုင် လတ္တံ့လို့ သံယုတ် ပါဠိတော်မှာ လာထားတဲ့အတွက်၊ဒကာ ဒကာမတို့ ဒုက္ခအဆုံးရောက်အောင် လုပ်နိုင်မှသာလျှင်၊ အဖိုးတန်ကြတော့မယ်ဆိုတာကော၊ သဘောပါကြပလား … (ပါ ပါတယ်ဘုရား)။ ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာဆိုတော့ တော်ပါ့မလား … (မတော်ပါဘူးဘုရား) အင်း… စာပေကျမ်းဂန်တွေ အမျိုးမျိုး အဖုံဖုံတတ်ပြီးသကာလ နေငြားသော်လည်း၊ လုပ်ရိုးအလုပ်ကို မလုပ်ရလို့၊ သတိပဋ္ဌာန်အလုပ်ကို မလုပ်ပဲနဲ့ နေခဲ့သော် မောင်ဘမှီတို့ ဘယ့်နှယ့်နေပါ့မတုံး (မတော် ပါဘူးဘုရား)။ မတော်ဘူး ဒါရှောင်ရမည့် အလုပ်လို့မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ်)။ ဒုတိယမိုးကတော့ဖြင့် မချုန်းဘဲနဲ့ရွာတယ်ဆိုတော့ ဒကာ ဒကာမတို့၊ စာပေကျမ်းဂန်ကတော့ဖြင့် သူ့မှာ ဗဟုသုတ ပညာကောင်းတွေ၊ ဆရာကောင်း သမားကောင်းတွေနဲ့ မတွေ့လို့၊ အင်း တွေ့တဲ့ဆရာဆီက ယထာဘူတဥာဏ်က လေးရအောင် လုပ်ပြီး သကာလဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ဓမ္မဖြင့်ဓမ္မ၊ ဆိုတော့ ကာယဖြင့် ကာယလေးပါးထဲက တစ်ပါးပါး ရှုပြီးသကာလနေလို့ သစ္စာဆိုက်သွားမယ်ဆိုလို့ ရှိရည်လည်းတဲ့၊ သူကိစ္စပြီးတာပဲလို့ ဆိုတာ သဘောကျပလား …. (ကျပါပြီဘုရား)။ ဒါဖြင့် ဒီပုဂ္ဂိုလ်တွေကတော့ဖြင့်တဲ့ ဒကာ ဒကာမတို့ မိုးသည်ကားလို့ ဆိုရင်ဖြင့် မချုန်းဘဲနဲ့ ဘာဖြစ်တုံး …. (ရွာပါတယ်ဘုရား)။ အသက်အရွယ်ကြီးသူများ၊ မချုန်းဘဲနဲ့ရာကြပါ အဲဒီတော့ မချုန်းဘဲနဲ့ရွာတာကိုလည်း၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသက်အရွယ်ကြီးတော့၊ မချုန်းဘဲနဲ့ရွာတဲ့အဖြစ်ကိုလည်းခင်ဗျားတို့ အရယူကြပါလို့ ပြောလိုက်တယ် …(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။ ဒီအရွယ်ကြီးတွေကျမှ ပညာတွေသင်ပြီးသကာလ၊ သဒ္ဒါင်္ဂြိုဟ်က စပြီး သကာလ အမျိုးမျိုးအဖုံ ဖုံ မြတ်စွာဘုရား ပါဠိတော်တော် သင်မယ်ဆိုလို့ ရှိရင်လည်း သေရုံပဲရှိမယ်၊ သူတို့ ခရီးပေါက်စရာ … (မရှိပါဘူးဘုရား)။ အဲဒါတွေမြင်ပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မချုန်းဘဲနဲ့ ရွာတဲ့မိုးလည်းရှိပါသေးတယ် ကွာ ဆိုတဲ့ဥစ္စာကိုလည်းဘုရားဟောထားတဲ့အတွက်၊ ဒကာ ဒကာမတွေကိုယ်လုပ်တဲ့အလုပ်ကို သစ္စာ ဆိုက်အောင် လုပ်လိုက်ရင်ကိစ္စပြီးတာပဲ . . . (မှန်ပါ့) သဘောကျပလား . . . (ကျပါတယ်ဘုရား)။ ရှောင်ရမည့်သူ တတိယ ပုဂ္ဂိုလ်ကတော့ဖြင့် လုံးဝရှောင်ကြဉ်ကြပါလို့ သတိပေးလိုက်တယ် . . . (မှန်ပါ့)အင်း ဗဟုသုတလည်းမရှာ အင်း သစ္စာဆိုက်အောင်လည်း မကြိုးစားဆိုတော့၊ မောင်နိုင်၊ မောင်ဘမှီတို့ ဒါက တာ့ဖြင့် သတိမှတ်ရမည့် အလုပ် . . . (မှန်ပါ့)။ ဒါဖြင့် ဒကာ ဒကာမတို့ တတိယပုဂ္ဂိုလ်ရှောင်ဖို့နော် (မှန်ပါ့)။ စတုတ္ထပုဂ္ဂိုလ်ကတော့ဖြင့် ပညာကလည်းတတ်၊ ဗဟုသုတတွေလည်းများ၊ တကယ်လည်းကြိုးစား သစ္စာဆိုက်အောင်ဆိုတော့၊ အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်လို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်)။ အဲဒါကြောင့်ဒီထဲမှာ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်နှစ်မျိုး ပါပါလိမ့်မတုံးလို့ မမေးထိုက်ဘူးလား …(မေးထိုက်ပါတယ်ဘုရား)။ ပထမ ပုဂ္ဂိုလ်ရထိုက်ပါတယ်…(ရထိုက်ပါတယ်ဘုရား) တတိယပုဂ္ဂိုလ်…(မရထိုက်ပါဘူးဘုရား) အင်း…ဒုတိယနဲ့ စတုတ္ထကလည်း မဂ်ရထိုက်တယ်ဆိုတာ ဘုရားဝေဖန်ပြီး သကာလ ဟောလိုက်ပါတယ်… (မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား)။ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ ဒို့မှာ စာမကြည့်၊ ပေမကြည့်နဲ့ ဖြစ်ပြီးသကာလ နေတဲ့အတွက်၊ ဒီဘ၀မဂ်ဖိုလ်ခရီးမှ ရောက်နိုင်ပါ့မလားလို့ ဒီလိုမယူပါနဲ့တဲ့၊ တစ်ခုသော သစ္စာလေးပါး၊ သတိပဋ္ဌာန်းလေးပါးထဲက တစ်ပါးပါးကို ဖြစ်ပျက်မြင်အောင် ရှုပါ၊ အဖြစ်အပျက် မုန်းအောင်ရှုပါ၊ အဖြစ်အပျက် ဆုံးအောင်ရှုပါ ဆိုတာ ဒုက္ခအဆုံးမြင်အောင်ရှုပါပြောတာပဲ…(မှန်ပါ့)။ ဒုက္ခပိုင်းခြားပါလို့ ပြောလိုက်တာပဲ …(မှန်ပါ့) ရှင်းကြလား … (ရှင်းပါတယ်ဘုရား)။ ဤကဲ့သို့ ကြိုးစားလို့ ရှိရင်ဖြင့် ဒီထဲမှာ ဒုတိယပုဂ္ဂိုလ်လည်းပါကြမှာပဲ … (မှန်ပါ့) သို့သော် ဒီ စတုတ္ထပုဂ္ဂိုလ်ဖြစ်ဖို့ကတော့ဖြင့် မလွယ်ဘူးပေါ့ဗျာ … (မှန်ပါ့)။ မလွယ်ဘူးတဲ့၊ သဗ္ဗညုတ ဥာဏံဆိုတာ ယုန်သူငယ်ခြေနဲ့ထောက်ပြီး သကာလ၊ ပင်လယ်ကြီးထဲမှာ ယုန်သူငယ် ခြေနဲ့ထောက်တဲ့အခါကျတော့ မောင်နိုင်၊ မောင်ဘမှီတို့ အကုန်မှီပါ့မလား … (မမှီပါဘုရား)။ စမ်းထောက်ရတာချည့်ပဲ ဆိုတာကော သဘောကျပလား … (ကျပါတယ်) စမ်းထောက်ရတာပဲ။ ဒါကြောင့် ဒကာ ဒကာမတို့၊ ဒုတိယပုဂ္ဂိုလ်ဖြစ်ရင် လည်းကောင်းကြ၏။ စတုတ္ထပုဂ္ဂိုလ်ဖြစ်ရင် လည်း အလွန့်အလွန်ကောင်း၏ ဆိုတာကို၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်။ ဟောတော့များသောအားဖြင့် ဒုတိယပုဂ္ဂိုလ်များဖြစ်လိမ့်မယ်လို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား) အဲတော့ခု တရားနာလာကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ၊ ဩော်…ညည်းလုံးတော့ဖြင့် မထုတ်လိုက်ပါနဲ့လို့ သတိပေးလိုက်တယ်… (မှန်ပါ့)။ စာပေမတတ်လို့ အားမငယ်လိုက်ပါနဲ့ စကလည်းမတတ်၊ ပေကလည်းမတတ်နဲ့၊ ဒို့မှတ်ပြီး ဆရာသမားပြောတာလုပ်နေရတာပဲလို့ ဒီလိုအားမငယ်လိုက်ပါနဲ့တဲ့၊ မချုန်းပဲနဲ့ရွာတဲ့မိုးမျိုးလည်း ရှိပါတယ်လို့ပြောလိုက်တယ် … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။ ကောင်းပြီ ဒါဖြင့်ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုးဆိုရင် အလွန့်အလွန်ကောင်း၊ စာပေ ကျမ်းဂန်တွေလည်းတတ်၊ အလုပ်လည်း သစ္စာဆိုက်အောင် အလုပ်လုပ်မယ်ဆိုရင်၊ အလွန်ကောင်းတယ် ဆိုတာတော့ဖြင့် ပြောဖို့လိုသေးသလား … (မလိုပါဘူးဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အားမငယ်စရာ ဒုတိယ ပုဂ္ဂိုလ်အားငယ်စရာပါရဲ့လား… (မပါပါဘူးဘုရား)။ အဲဒီနှစ်ယောက်ဖြင့် ဒကာ ဒကာမတွေ ဒုတိယနဲ့လည်း မဂ်ရတာပဲ၊ စတုတ္ထအဖြစ်နဲ့ကော … (ရပါတယ်ဘုရား)။ အဲဒါကြောင့် အားငယ်စရာမရှိဘူးဆိုတာလည်း သဘောကျပလား…(ကျပါတယ်ဘုရား) အားငယ်စရာ မရှိဘူးဆိုတာ သဘောကျပါ။ ဘာကြောင့် သဘောကျခိုင်းရပါသတုံးလို့ မေးတဲ့အခါကျတော့မှ စာဆိုတဲ့ဥစ္စာဘယ်အချိန်က စပေါ်တယ်ဆိုတာ ဆင်ခြင်ယူလိုက်ရုံပေါ့နော်…(မှန်ပါ့)။ စာဘယ်အချိန်ကစပါလိမ့် စာဘယ်အချိန်ကစပြီး သကာလ၊ စာရယ်လို့ဖြစ်ထွန်းပြီးသကာလ စာတွေစုကြပါလိမ့်မလဲလို့ မေးလို့ရှိရင်၊ ဘုရား ပရိနိဗ္ဗာန်စံပြီး ခုနှစ်ဆယ်ရက်လောက်ရှိမှ သင်္ဂါယတနာတင်တယ်ဆိုပြီး စာစုပွဲကြီးလုပ်…(မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား)။ ဒါဖြင့် ဘုရားပွင့်တာနဲ့၊ သင်္ဂါယတနာတင်တဲ့ စာစုပွဲနဲ့၊ ဒကာဒကာမတွေ ဘယ်သူရှေ့၊ ဘယ်သူနောက်လည်းဆိုတာလည်း ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဘယ်သူကပါလိမ့် … (ဘုရားကရှေ့ပါဘုရား) ဒါဖြင့် စာကနောက်မှ …(နောက်မှ) သဘောကျပလား (ကျပါပြီဘုရား)။ အဲဒီတင် တစ်ခါစဉ်းစားတော့၊ အင်းဘုရားဖြစ်ပြီးသကာလ ဘုရားဖြစ်ပြီး ဘုရား၏ အလုပ်ကို လုပ်လို့ ကျွတ်တမ်းဝင်သွားတဲ့ ပုဂ္ဂိုလ်နဲ့၊ ဒကာ ဒကာမတို့ စာတွေကြည့်ပြီး ပေါ်လာတဲ့ အချိန်ကျမှ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ်လို့ရပါ့မလား … (မရပါဘူး)။ ဘုရားလည်ဖြစ် ဘုရားလက်ထက်က ကျွတ်တမ်းဝင်တာက တယ်များတယ်… (များပါတယ်ဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။ အဲဒါကြောင့် ဒါတွေထောက်လိုက်သဖြင့်၊ သြော် ဘုရားလက်ထက်ကပင်များသောအားဖြင့်၊ နှစ်နံပါတ်မိုးနဲ့တူတဲ့ ပုဂ္ဂိုလ်တွေများလိမ့်မယ်ဆိုတာလည်း ခင်ဗျားတို့ သဘောကျဖို့ကောင်းတယ် … (ကျပါတယ်ဘုရား)။ စာမတတ်ပေမယ့်၊ ကျွတ်တမ်းဝင်ကြတယ် ဘာပြုလို့တုံး စာမကြည့်၊ ပေမကြည့် ပေမယ့် ကျွတ်တမ်းဝင်ကြတယ်…(မှန်ပါ့) အဲဒါ ဘယ်ပုဂ္ဂိုလ်ထဲရောက်…(နှစ်နံပါတ် ပုဂ္ဂိုလ်ထဲရောက်ပါတယ်ဘုရား) နှစ်နံပါတ်ပုဂ္ဂိုလ်ထဲရောက် သွားတယ် ဆိုတာ သဘောကျပလား … (ကျပါတယ်)။ ဒါကြောင့် ဘုရားသည် ဘယ်လိုပုဂ္ဂိုလ်တွေကို အများကြီး ကျွတ်တမ်းဝင်အောင် ကြိုးစားပါလိမ့်မလဲဆိုတော့ ဧကော ဓမ္မောဆိုတော့တစ်ခုတည်းလုပ်ပြီး သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးကို ပြသပြီး၊ သစ္စာဆိုက်အောင်ပြပြီးသကာလ၊ ကိုယ်တော်မြတ်ကြီးသည် ကျွတ်တမ်းဆွဲသွားတယ် ကျွတ်တမ်းဝင်အောင်ဆွဲငင်သွားတယ်ဆိုတာ ငြင်းပယ်ဖို့လိုသေးသလား … (မလိုပါဘုရား)။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း အားမငယ်နဲ့ ဆိုတာကို၊ မိုးလေးမျိုး ဥပမာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး စတုက္ကနိပါတ် အင်္ဂုတ္တုရ်မှာ၊ ကိုယ်တော်တိုင် ဖွင့်ဟပြီးသကာလ ပြောတဲ့အတွက် အားငယ်စရာကော ရှိရဲ့လား … (မရှိပါဘူးဘုရား)။ ကောင်းပြီ ဒါဖြင့်မှတ်ဖို့၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာတစ်လုံးနဲ့သာလိုက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကကော … (စိတ်တစ်လုံးနဲ့ လိုက်ရမှာပါဘုရား) အင်းရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကကော (ရုပ်နဲ့ပဲလိုက်ရမှာပါဘုရား) ရုပ်ဆုံးအောင်လိုက်လိုက်ရင်ပြီးတာပဲ။ သစ္စာကြည့်တဲ့ ပုဂ္ဂိုလ်ကရော … (သစ္စာဆုံးအောင်လိုက်ရမှာပါဘုရား) အဲ ဒုက္ခသစ္စာအဆုံး ဒုက္ခဿအန္တံကရိဿတိ ဆိုသဖြင့်၊ ဒုက္ခသစ္စာအဆုံးမှာ နိရောဓသစ္စာ ရှိတယ်ဆိုရင်ကော ငြင်းဖို့လိုသေး သလား… (မလိုပါဘူးဘုရား)။ နိဗ္ဗာန်ရမှုသည် အလုပ်ပေါ်မှာမှီတယ် အဲတော့ နိဗ္ဗာန်ရမှုမှာ အလုပ်ပေါ်မှာ မှီခဲ့တယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား) ဒါဖြင့် ဒီလေးမျိုးကို ဆရာဘုန်းကြီး ယနေ့ပြောလိုက်သဖြင့်၊ စာမတတ်ပေမတတ် သမားကလည်း ဒကာ ဒကာမတို့၊ မဂ်ဖိုလ်ရောက်တယ်ဆိုတဲ့အကြောင်းကို ထောက်ခံချက်ပေးလိုက်ပါတယ် … (မှန်ပါ့)။ စာတတ်ပေတတ်လည်း မဂ်ဖိုလ်ကို အလုပ်လုပ်ရင် မဂ်ဖိုလ်ရောက်တယ်ဆိုတာကို ဘုရားထောက်ခံချက်မပေးဘူးလား … (ပေးပါတယ်) ဒါဖြင့် ဒီနှစ်မျိုးထဲကသာ ဖြစ်ကြပါစေဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေအား လေးလေးနက်နက် တိုက်တွန်းတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။ ကောင်းပြီ ဒါဖြင့် အလုပ်သဘောကို ပြောကြပါစို့ ဒကာ ဒကာမတို့၊ အလုပ်သဘော ဆိုတာသည် ပညာ။ ပညာဆိုတာဟာတဲ့၊ ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်နော်၊ ပညာဆိုတာ ဘာပါလိမ့်… (ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိရှိပါတယ်ဘုရား)။ ထိုးဖောက်စရာရှိတဲ့နေရာမှာ ထိုးဖောက်နိုင်တဲ့စွမ်းရည်သတ္တှိတယ်ဆိုတာ သဘောကျပလား …(ကျပါတယ်ဘုရား)။ ဒါဖြင့် ဘယ်လိုနေရာ ထိုးဖောက်ပါလိမ့်မတုံးဆိုတော့၊ ကျုပ်တို့ကတော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ … (မှန်ပါ့)။ ဒီပုဂ္ဂိုလ်တွေ ဘယ်ကလာခဲ့ကြတုံးမေးရင် … (အ၀ိဇ္ဇာ၊ ပစ္စယာ သင်္ခါရာ ကလာခဲ့ပါတယ် ဘုရား) အ၀ိဇ္ဇာ ပစ္စယာသင်္ခါရာ၊ အ၀ိဇ္ဇာကြောင့် ဖြစ်တာသည် သင်္ခါရလို့ကြည့်ပြီး သကာလ၊ သင်္ခါရပစ္စယာ ၀ိညာဏံဆိုပြီး ကျုပ်တို့ ပဋိသန္ဓေ နေလာကြတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)။ အင်း လက်သည်အစ အ၀ိဇ္ဇာပစ္စယာကပဲဆိုတာ ငြင်းဖို့လိုသေးလား … (မလိုပါဘူးဘုရား) အ၀ိဇ္ဇာဆိုတာ ဘာတုံးဆိုတော့ ဒုက္ခေ အဥာဏံ၊ ဒုက္ခ သမုဒယေအဥာဏံ။ ဒုက္ခံနိရောဓေ အဥာဏံ၊ ဒုက္ခံနိရောဓ ဂါမိနိ ပဋိပဒါအဥာဏံဆိုတော့ သစ္စာလေးပါးမသိတဲ့တရား၊ အ၀ိဇ္ဇာပဲမဟုတ်လား (မှန်ပါ့) ရှင်းကြလား … (ရှင်းပါပြီဘုရား)။ အင်းကျုပ်တို့က ပဋိသန္ဓေနေတယ်ဆိုတာ၊ ဒီပုဂ္ဂိုလ်တွေဟာ အ၀ိဇ္ဇာ ပစ္စယာသင်္ခါရကြောင့် နေပြီးသကာလလာခဲ့ကြတော့၊ ဩော် တို့က အ၀ိဇ္ဇာရှိလို့လား၊ မရှိလေရော့လားလို့ မတွေးနဲ့တော့၊ ကိုယ့်အကြောင်းကို ပြန်ကြည့်လိုက်နယ် အ၀ိဇ္ဇာ ပစ္စယာသင်္ခါရာ လာတွေ့တယ် … (မှန်ပါ့) မတွေ့ဘူးလား … (တွေ့ပါတယ်ဘုရား) အားလုံးပဲ ဒကာ ဒကာမတွေမှာ အ၀ိဇ္ဇာမှရှိကြပါရဲ့လား … (ရှိကြပါတယ်ဘုရား)။ ပညာကိုဝိဇ္ဇာလို့ခေါ်တယ် အင်းဒါကြောင့် ပညာဆိုတာသည် ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ၀ိဇ္ဇာလို့လည်း ခေါ်ရတယ်လို့သဘောကျပလား… (ကျပါတယ်ဘုရား)။ ပညာကို ဘယ်လိုခေါ်နိုင်တုံး … (၀ိဇ္ဇာလို့ခေါ်နိုင်ပါတယ်ဘုရား) ၀ိဇ္ဇာလို့လဲခေါ်နိုင်တဲ့အတွက် ဒကာ ဒကာမတို့ စတုက္ကနိပါတ် ပါဠိတော်များ၌ ကိုယ်တိုင်ဟောထားတာရှိတယ်။ ပညာဟာအမြတ်ဆုံး၊ အခက်ဆုံး ၀ိနည်းတော်က ဘာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်၊ လောကမှာဟောတဲ့ အမြတ်ဆုံးရွေးလို့ရှိရင်၊ ပညာဟာ အမြတ်ဆုံး အခက်ဆုံးပဲ သဘောကျပလား … (ကျပါတယ်ဘုရား)။ ဘယ့်နှယ့်ကြောင့်တုံး ပြောတဲ့အခါကျတော့ဘုရားက ပညာသည်သူများ မထိုးဖောက် နိုင်တာကို ထိုးဖောက်နိုင်တယ်၊ ဘယ်လောက် အမှောင်ထုထဲဖြစ်ဖြစ် ပညာတည်းဟူသော အလင်းက ထိုးဖောက်လိုက်ရှိရှိရင် အမှောင်တွေ ဘာဖြစ်ကုန်တုံး … (ပျောက်ကုန်ပါတယ်ဘုရား)။ ဒါဖြင့် ပညာအရေးမကြီးဘူးလား …(ကြီးပါတယ်ဘုရား) ဒါက ခင်ဗျားတိုပ ပညာစခန်းကို ဆရာဘုန်ကြီး ပြောတဲ့အတိုင်း မရှုခဲ့ကြပါဘူး ဆိုလို့ရှိရင် ခင်ဗျားတို့အလင်းရောင်မရတဲ့ ပုဂ္ဂိုလ်တွေဘက် ပါသွားမယ်…(မှန်ပါ့) မပါပေဘူးလား…(ပါပါတယ်) ပညာစခန်းကို မလုပ်တော့ပါဘူး ဆိုလို့ရှိင်ဖြင့် ဒကာ ဒကာမတို့၊ အင်းအမှောင်ထဲ မွေးပြီး အမှောင်ထဲမှာ သေရှာတော့မှာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ…(မှန်ပါ့)။ ပညာစခန်းမလုပ်ရင်ဘာပါလိမ့်…(အမှောင်ထဲမွေးပြီး အမှောင်ထဲမှာ သေပါဘုရား) အ၀ိဇ္ဇာနဲ့မွေးပြီး အ၀ိဇ္ဇာနဲ့သေမယ်ပြောတာ… (မှန်ပါ့)။ သေခါနီးကျတော့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတွေလာတော့ အ၀ိဇ္ဇာက တွဲရက်မနေဘူးလား … (နေပါတယ်ဘုရား)။ အင်းဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့စ၍ ဘာနဲ့ဆုံးပါလိမ့်…(အမှောင်စပြီးအမှောင်နဲ့ဆုံးပါဘုရား) အမှောင်နဲ့စ အမှောင်ဆုံးဆိုတာ မောင်နိုင် မောင်ဘမှီတို့ ကျေနပ်လား … (ကျေနပ်ပါတယ်ဘုရား)။ ဒါဖြင့် ၀ိပဿနာရှုတဲ့ပညာ၊ ဒါ သီလလည်း ထိုးဖောက်တော့မှာ … (မှန်ပါ့) နို့မဟုတ်ရင် ထိုးဖောက်နိုင်ပါ့မလား … (မထိုးဖောက်နိုင်ပါဘုရား)။ ကိုယ့်အကြောင်းကိုယ်သိကြပါ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်းကိုယ်သိကြပါတော့ … (မှန်ပါ့) ကိုယ်ဟာ အမှောင်ထဲက မွေးလာတာ၊ ဒီတစ်ခါ ဆရာသမားတိုက်တွန်းတဲ့အတိုင်း၊ ဘုရားဟောတော် မူတဲ့အတိုင်း အလွဲအလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့်၊ ဒို့ဟာ … အင်း … မျက်လုံးမပါတဲ့ ပိုးဆင်ကောင်တို့လို ပိုးဖလံတို့လို ထင်ရာပျံပြီး၊ ထင်ရာစိုင်းတာ … (မှန်ပါ့)။ ထင်ရာစိုင်း ၀ုန်းခနဲကျတာပဲ။ ဒီနေရာတိုက် ၀ုန်းခနဲ ကျတာမြင်ဖူးကြပါလိမ့်မယ်…(မှန်ပါ့)၊ မကျဘူးလား … (ကျပါတယ်ဘုရား) အဲဒီတော့ ဒီမျက်လုံးမပါဘဲနဲ့ ရမ်းပြီးပျံတော့ ဒကာ ဒကာမတွေ ရမ်းကျပဲမကျဘူးလား … (ကျပါတယ်ဘုရား) အဲဒီအတိုင်း ဒကာ ဒကာမတွေ အဖြစ်ကဆိုး၊ အနေကဆိုးတွေ ဖြစ်မှာစိုးရိမ်လို့၊ ဒီတရားကို ဟောနေတာပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်ဘုရား) အဖြစ်ကကော … (ဆိုးပါတယ်ဘုရား) အင်း အသေကကော … (ဆိုးပါတယ်ဘုရား) အဲဒီဆိုးမှာ စိုးတဲ့အတွက် အမှောင်ထဲက ဖြစ်ပြီးသကာလ အမှောင်ထဲသေမယ်ဆိုတော့ ကြားထဲ အလင်းဝင်လို့ ရသေးရဲ့လား… (မရပါဘူးဘုရား)။ ပညာအလင်းရောင်သည် အမြတ်ဆုံး အဲဒါကြောင့် ပညာ သေဋ္ဌော လောကသ —

“ လောကစောင့်တရားနှစ်ပါး(သို့)ဟိရီ+သြတ္တပ္ပအကြောင်း ” ♠♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠ ♠♠♠

မကောင်းမှုဒုစရိုက်ကိုပြုလုပ်ခြင်းမှရှက်ခြင်းကိုဟိရီဟုခေါ်ဆိုပြီး၊မကောင်းမှုဒုစရိုက်ပြုလုပ်ရမည်ကိုကြောက်ခြင်း သဘောသည်သြတ္တပ္ပလို့ခေါ်ပါတယ်။ ထိုတရားနှစ်ပါးကိုလောကပါလ(လောကကိုစောင့်ရှောက်တဲ့) တရားလို့ လည်း ခေါ်ပါတယ်။လောကရဲ့ အကွပ်တရားနှစ်ပါးလို့လည်းခေါ်ပါတယ်။အကယ်၍ ထိုတရားနှစ်ပါးမရှိလျှင် ♦ သူဥစ္စာကိုခိုးယူခြင်း၊ ♦ သူတစ်ပါးအိမ်ယာကိုကျူးလွန်းခြင်း၊ ♦ သူ့သမီးပျိုကိုအတင်းယူခြင်း၊ ♦ အရက်သေစာ သောက်စားခြင်း၊ ♦ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊ ♦ ဆွေမျိုးအရင်းချာစတဲ့ကိုးကွယ်ထိုက်တဲ့မိန်းမများကို သော်လည်း မယားလုပ်၍ တိရိစ္ဆာန်ကဲ့သို့ကျင့်ပြီး လောကပျက်စီးနိုင်ပါတယ်။ အစည်းမရှိသောဝါး၊အကွပ်မရှိသော ကြမ်း သည်ပျက်စီးသကဲ့သို့ပျက်စီးလိမ့်မည်ဟုဆိုပါသည်။ ထိုတရားနှစ်ပါးကို နတ်တို့အလွန်ချစ်သောကြောင့် (ဒေဝဓမ္မ)တရားလို့လည်းခေါ်ပါတယ်။ [www.facebook.com/youngbuddhistassociation.mm] ဒီတရားနှစ်ပါးကိုအများနားလည်အောင်ပြောပြရရင် ♦ မိမိ၏ဂုဏ်သိက္ခာကိုစောင့်ရှောက်အလေးထား၊ တန်ဘိုးထားသူတို့မှာ အကုသိုလ်ဒုစရိုက်ပြုလုပ်ခြင်းမှရှက်ခြင်းဆိုတဲ့(ဟိရီ) တရားထင်ရှားသကဲ့သို့ ၊ ♦ ဆရာ၊မိဘ၊ဆွေမျိုးစသူတို့နှင့်အခြားသူများကို လေးစားတတ်တဲ့သူမှာ သြတ္တပ္ပ တရားထင်ရှားဖြစ်ပါတယ်။ ဆိုလိုတာကဒုစရိုက်တစ်ခုခုကိုပြုလုပ်ဖို့ကြုံလာတယ်ဆိုပါဆို့။မိမိရဲ့ဂုဏ်သိက္ခာတန်ဘိုးထားတဲ့သူတစ်ယောက် အနေနဲ့ "ငါသည် အမျိုးကောင်းသားတစ်ယောက်ဖြစ်၏။ ငါလိုအမျိုးကောင်းသားက မကောင်းမှုပြုနေလျှင် (သူတစ်ပါးအသက်ကိုသက်နေလျှင်)"ရှက်စရာဖြစ်လိမ့်မည်။"ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသော အားဖြင့် မကောင်းမှုကိုပြုရမည်မှရှက်၏။ ♦ ပညာတတ်သူကလည်း "ငါလိုပညာတတ်သူတစ်ယောက်က အောက်ကျသော မကောင်းမှုပြုလုပ်လျှင်(သူ့ဥစ္စာမတရားယူလျှင်) ရှက်စရာဖြစ်တော့မည်။ "အသက်ကြီးသူကလည်း "ငါလို အသက်ကြီးသူတစ်ယောက်က မကောင်းမှုကို ပြုနေလျှင်(လိမ်နေလျှင်) ရှက်စရာကြီးဖြစ်တော့မည်" ဤသို့ စသည်ဖြင့် မိမိမှာရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၊တန်ဘိုးထားသူ၌ အကုသိုလ်ဒုစရိုက်ကိုပြုလုပ်ခြင်းမှ ရှက်ခြင်းလို့ဆိုတဲ့ ဟိရီ တရားထင်ရှားဖြစ်ပါတယ်။ နောက် ဆရာ၊မိဘ၊ဆွေမျိုးစသူနှင့်အခြားလူများကိုလေးစားသူ၌ သြတ္တပ္ပတရားထင်ရှားဖြစ်တယ်ဆိုတဲ့သဘောက ငါတစ်ယောက်က မကောင်းမှုပြုလုပ်လိုက်လျှင် ငါ့မိ၊ငါ့ဖ ငါ့ဆွေမျိုး၊ငါ့ဆရာ သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုခံရ၍ "တံတွေးခွက် ပက်လက်မျော"ကာ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်"ရှာကြလိမ့်မည်။ ဤသို့ စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ဒုစရိုက်မှကြောက်လန့်တတ်သော သြတ္တပ္ပတရားဖြစ်ပါတယ်။ ♦♦♦မိမိဂုဏ်သိက္ခာကို လည်းမငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ၌ကား ဟိရီ သြတ္တပ္ပ (၂)မျိုးလုံးကင်း၍ ဒုစရိုက်မှုတွေ ပြည့်တင်းနေမှာပါ။♦♦♦ [www.facebook.com/youngbuddhistassociation.mm] ထို့ကြောင့် ဤဟိရီနှင့် သြတ္တပ္ပ တရားနှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားလူအများကို သားနှင့်အမိ၊မောင်နှင့်နှမ စသည် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် "လောကပါလ=ကမ္ဘာစောင့်တရား"ဟုလည်းကောင်း ဖြူစင်သန့်ရှင်းအပြစ်ကင်းအောင် ပြုတတ်သောကြောင့် "သုက္ကမ္မ=ဖြူစင်သောတရား"ဟုလည်းကောင်း နာမည် ရပါတယ်။လူ့လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရိစ္ဆာန်တို့နှင့် မထူးခြားနားဘဲ မှားချင်တိုင်းမှား၍ မကြားကောင်း မနာသာ ဖြစ်ရာ၏။ [www.facebook.com/youngbuddhistassociation.mm] ယခုအခါမှာ ဟိရီ သြတ္တပ္ပကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြပြီး အဝတ်အစား ၊ အနေအထိုင် အသွားအလာမှစ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော် စရာတွေ များနေပါပြီ။ ဤအတိုင်းဆက်သွားနေမည်ဆိုလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မည်ဟု ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက အမိန့်ရှိဖူးပါတယ်။ ♦ ရှက်မှု၊ကြောက်မှုကို ဟိရီ သြတ္တပ္ပ ဟုဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မှုတွေကို ဟိရီသြတ္တပ္ပအစစ်ဟု မမှတ်ရပါ။ဒုစရိုက်မကောင်းမှုကိုပြုရမည်မှ ရှက်ခြင်း၊ကြောက်ခြင်းကိုသာ ဟိရီ သြတ္တပ္ပ အစစ်ဟုမှတ်ရတာပါ။ ♦ ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရားသွားရမှာကို ရှက်မှု၊ ♦ ပရိသတ်အလယ်မှာ စာဖတ်၊ စကားပြော၊ ♦ တရားဟောရမှာကို ရှက်မှု (အစာပြတ်၍ ငတ်သေရမည်ကိုမရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်ကို မရှက်ဘဲ) အောက်ကျသည် ဟုထင်သော အလုပ်တစ်ခုခုကို လုပ်ရမည်ကိုရှက်မှု၊ ယောင်္ကျားနှင့်မိန်းကလေးတို့ အချင်းချင်းတွေ့သာအခါ ရှက်နေမှုများသည် ဟိရီ အစစ်မဟုတ်၊ပရိယာယ် မာယာများခြင်း၊ ဟန်ကြီး ပန်ကြီးလုပ်ခြင်းသာဖြစ်ပါတယ်။ လောကအကျိုးစီးပွားကိုပြဆိုတဲ့ နီတိကျမ်းများ၌ ၁။ရောင်းဝယ်ဖောက်ကား အတိုးအပွားပေးသောအခါ။ ၂။ဆရာ့အထံ ချဉ်းကပ်၍ အတတ်ပညာသင်သောအခါ။ ၃။အစာစားသောအခါ။ ၄။သမီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ ဤအခါများ၌ အရှက်ကိုဖယ်ထားရမည်ဟု ညွှန်ပြ လျက်ရှိသည်။(မှတ်ချက်။ ။ဤမရှက်မှုများ၌ ကုသိုလ်ဖြစ် မဖြစ်ကို ပြောလိုရင်းမဟုတ်၊မိမိအကျိုးရှိမည့်အရာ၌ မရှက်ရဟု ဆိုလိုခြင်းသာ ဖြစ်ပါတယ်။) ထို့ပြင်တရားစသည်တို့၌ တရားသူကြီးကိုကြောက်ခြင်း၊ ရထား ၊သဘောင်္၊ မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာ မသွားဝံ့အောင်ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ဖြစ်စေ၊ခွေးစသော တိရိစ္ဆာန်များကို ဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောင်္ကျားကလေး မိန်းကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊မိဘ ဆရာသမား လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့ရှေ့၌ စကားမပြောဝံ့အောင်ကြောက်ခြင်း၊ ဤသို့သော ကြောက်ခြင်းများလည်း သြတ္တပ္ပ အစစ်မဟုတ်၊ သတ္တိညံ့ဖျင်းမှု(တရားသဘောအားဖြင့်)ဒေါမနဿပြဌာန်းသော အကုသိုလ်အစုပင်ဖြစ်ပါသည်။ ဤပြခဲ့သော စကားအစဉ်ကို ကြည့်၍ အကုသိုလ် မဖြစ်သော ကိစ္စ၌ မရှက်သင့်၊မကြောက်သင့်ဟုနားလည်ကြပြီ။ သို့သော် မရှက်မကြောက်ဘဲ လူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ထိုလူမိုက်အားကိုး အရဲမျိုးသည် တစ်ဖက်သား ကို မလေးမစား အဂါရဝ ဒေါသ မာန တရားများဖြစ်၍ မိုက်ရူးရဲမှာ မောဟ ဒေါသ တို့သာ အဖြစ်များသည်။ ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူး ရဲနှင့် ဆရာမိဘ လူကြီးသူမတို့၌ မရိုမသေ မလေးစားမှု အဂါရဝမျိုးမဖြစ်စေဘဲ အလိမ္မာဥာဏ်ဖက်၍ မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက်မကြောက်ခြင်းမျိုးကိုသာ အသက်ထက်ဆုံး ကျင့်သုံးနေထိုင်ကြပါဟု နှိုးဆော်သမှုပြုလိုက်ပါသည်။ ကိုးကား။ ။အရှင်ဇနကာဘိဝံသ(ကိုယ်ကျင့်အဘိဓမ္မာကျမ်း)မှ aကာက်နှုတ်ဖော်ပြလိုက်ပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။ - [ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)] Dhamma Danã Source ► 

နောင်တတရား (၁ဝ)ပါး =============

၁။ ငယ်ကပညာ မသင်ပါ နောင်ခါနောင်တ ရတတ်သည်။ ၂။ ငယ်ကဥစ္စာ မဖွေရှာ နောင်ခါနောင်တ ရတတ်သည်။ ၃။ သူများချစ်တာ ဖျက်ဆီးရှာ နောင်ခါနောင်တ ရတတ်သည်။ ၄။ သူ့အသက်အား သတ်ဖြတ်ငြား နောင်ခါနောင်တ ရတတ်သည်။ ၅။ သူ့သားမယား ပြစ်မှားငြား နောင်ခါနောင်တ ရတတ်သည်။ ၆။ ပစ္စည်းပေါများ မလှူငြား နောင်ခါနောင်တ ရတတ်သည်။ ၇။ ကျွေးမွေးမိဘ ပြစ်ထားက နောင်ခါနောင်တ ရတတ်သည်။ ၈။ ဆုံးမသြဝါ မလိုက်နာ နောင်ခါနောင်တ ရတတ်သည်။ ၉။ ပညာရှိထံ နည်းမခံ အမှန်နောင်တ ရတတ်သည်။ ၁ဝ။ အမြတ်တရား မကျင့်ငြား နောင်ကားနောင်တ ရတတ်သည်။ ဟိတဓရလက်စွဲ ယဉ်ကျေးလိမ္မာသင်ရိုးမှ — with Thar Thanarnwe.

သီတဂူဆရာတော်ထေရုပ္ပတ္တိ ===============

 သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ အ သက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့။ အသက်(၁၅)နှစ်အရွယ်တွင် ရှင်သာမဏေပြုခဲ့။ သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိန်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ်အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။ ၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက်မန္တလေးမြို့အနောက်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ရွှေရေးဆောင်တိုက်များတွင် အဆင့်မြင့်ပိဋကတ်ကျမ်းစာများကိုသင်ကြားခဲ့။ ၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေးသံဃာ့တက္ကသိုလ်တွင် သာသနာပြုပညာရပ်များသင်ကြားခဲ့။ ၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။ ၁၃၂၉ - ၁၃၃၃ -စစ်ကိုင်းတောင်အနီးစခန်းဆရာတော်ထံ၌ ပိဋကတ်ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့။ ၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရစခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့။ ၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့။၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀၀)ခန့်အတွက်-သီတဂူရေ အလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အေ ရာက် ဆောင်ရွက်ရခြင်းဖြစ်။) ၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါး ကုသဒါနပြုလျှက်ရှိ။) ၁၃၅၁ - ဆေးရုံပြီးမြောက်။ (ကုတင်-၁၀၀ဆန့် ကျပ်-သိန်း၅၀၀ကျော်ကုန်။) ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာ မက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေးအတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိ။ ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီအလှူတော်လုပ်ငန်များကို လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေအလှူတော်၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။ ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများတည်ေ ဆာက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာဖြစ်သည်။ မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်း ရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။ ပြည်ပသာသနာပြုခရီး၁၉၈၁(ခရစ်နှစ်) - ထိုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ်ဆို ခဲ့။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေ ရိကန်လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့၊ ပြည်ပတွင်လည်းဒါနပြုခဲ့၊ပြည်ပမှမျက်စိကုဆရာဝန်ကြီးများအား ဖိတ်ကြား၍ ဝေဒနာရှင်များအား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့။ သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ေ ယာက်တို့ဖြင့် ထေရ၀ါဒဓမ္မအသင်းကို တည်ထောင်ခဲ့၊ ဓမ္မပြန့်ပွားရေးဆောင်ရွက်ခဲ့။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား ပို့ချခဲ့။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့။ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ခရစ်နှစ်-၁၉၉၁ - ၄င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတ က္ကသိုလ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြု နည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့။ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။ ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့၌သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင် ခဲ့။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂ လိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ဓမ္မစာစောင်များထုတ်ဝေခဲ့။ ဓမ္မသင်တန်း များပို့ချခဲ့။ ၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေပို့ချခဲ့။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်။ အစိုးရက ဆက်ကပ်သည့် ဘွဲ့များ ၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ ၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့ ၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa) ၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့ " တို့ကို ဆက်ကပ်ပူဇော်ခဲ့။ ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။ ရေးသားပြုစုခဲ့သည့် စာပေများ ၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇) ၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁) ၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂) ၄။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ် အကျဉ်း)(၂၀၀၂) ၅။စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃) ၆။လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော် ၇။တက္ကသိုလ်တရားတော်(၂၀၀၄) ၈။ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ(၂၀၀၄) ၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်) ၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်) ၁၁။ကဿပဂုဏ်ရည် တရားတော် ၁၂။သံဃာ့ဂုဏ်ရည်တရားတော် ၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော် ၁၄။သာသနာပြု သူရဲကောင်းတရားတော် ၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် ၁၆။ကုမုဒြာတွေပွင့်တဲ့ည တရားတော် ၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄) ၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄) ၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃) ၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော် ၂၁။မေတ္တာသုတ်တရားတော် ၂၂။ညီတော်အာနန္ဒာ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။ ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေ....ကုဒိုလ်ဒါနပြုနိုင်ကြပါစေ... အောင်အောင်(မကစ) credit : ဦးနရပတိဆရာတော်

“ ဘုရားလောင်း မိန်းမဘဝ ဖြစ်ဖူးမဖြစ်ဘူး ”

 ဂေါတမဘုရားအလောင်း နုစဉ်ကာလတွင် မိန်းမဘဝဖြစ် မဖြစ်နှင့် ဖြစ်သည်ရှိသော် ဘယ်နှစ်ကြိမ် ဖြစ်ပါသနည်းတဲ့ ဘုရားအလောင်းတော်ကိုခေတ်နှစ်ခေတ်ခွဲပြီး ပြရမှာပဲ၊ ခေတ်နှစ်ခတ်ဆိုတာက - (၁) နိယတဗျာဒိတ်မရသေးသော နုသောဘုရားအလောင်းတော်ခေတ်၊ (၂) နိယတဗျာဒိတ်တော်ရပြီးသော ရင့်သောဘုရားအလောင်းတော်ခေတ်- များပေါ့၊အဲသည် ခေတ် ၂-ပါးနက် ငါသည် သစ္စာလေးပါးကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိမြင်တဲ့ ဗုဒ္ဓဘုရားဖြစ်လျှင်ကောင်းမှာပဲလို့ စိတ်ဖြင့် ဘုရားဆုကို တောင်းသော မနောပဏိဓိခေတ်၊ စိတ်ဖြင့် ဆုတောင်းရုံမျှ မကဗုဒ္ဓဘုရားဖြစ်ရပါလို၏လို့ နှုတ်က မြွတ်ဆိုဆုတောင်းတဲ့ ဝါစာပဏိဓိ ခေတ်၊ သည်ခေတ်နှစ်ခုတို့ဟာနိယတဗျာဒိတ်မရရှိသေးတဲ့ နုသော ဘုရားအလောင်း ခေတ်ဖြစ်တယ်။ သောတတ္ထကီကျမ်းရဲ့ အလိုအားဖြင့်ဘုရားအလောင်း မာတုပေါသက ဘဝ မှစ၍ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝအထိ (၇)သင်္ချေကာလအတွင်း ဟာ မနောပဏိဓိခေတ်ဖြစ်တယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝက နိယတဗျာဒိတ်ခံတဲ့ သုမေဓာရသေ့ဘဝအထိ(၉)အသင်္ချေကာလအတွင်းဟာ ဝါစာပဏိဓိခေတ်ဖြစ်တယ်။ သည် နှစ်ခေတ်အတွင်း ဘုရားလောင်းရဲ့ဘဝဟာ ဧကန်ဘုရားဖြစ်ဖို့ မသေ ချာဘူး၊ အကြားကာလမှာ သာဝကဘဝနှင့် ကျွတ်တမ်းဝင်ချင်လည်း ဝင် တက်တယ်၊ပဏိဓိ(ဆုတောင်း) ပြောင်းချင်လည်း ပြောင်းသွားတက်တယ်၊ ဒါကြောင့် ဘဝလည်း မသေချာဘူး၊ အဝီစိရောက်ချင်လည်းရောက်မယ်၊ ဗြဟ္မာဖြစ်ချင်လည်း ဖြစ်မယ်၊ မိန်းမဖြစ်ချင်လည်း ဖြစ်မယ်၊ ယောင်္ကျားဖြစ် ချင်လည်းဖြစ်မယ်၊ သူ့ရဲ့ ကံအားလျော်စွာ ယောက်ျားအကြိမ်မည်မျှ၊ မိန်းမ အကြိမ် မည်မျှလို့ ရေတွက်ပိုင်းခြားဖို့လည်း မလွယ်ဘူး” “သုမေဓာ ရသေ့ဘဝမှာ နိယတဗျာဒိတ် ခံယူပြီးတဲ့နောက်ယခု ဂေါတမ ဘုရားဖြစ်တေယ်မူသည့် တိုင်အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်းကတော့ စိတ်ညွတ်ရုံ နှုတ်မြွတ်ရုံမကတော့ဘူး၊ကိုယ်ရော, နှုတ်ရော, စိတ်ရော အားလုံးကုန် ညွတ်လာခဲ့ပြီ၊ ပါရမီအင်အားလည်း ကောင်းသည်ထက်ကောင်းလာခဲ့ပြီ၊ ဥပမာအားဖြင့် ဧကန် အပင်ပေါက်မည့် ရင့်ကျက်တဲ့ မျိုးစေ့ကို ပိုးစသော အန္တရာယ်များ မဖျက်ဆီးနိုင်သလို၊ ရင့်ကျက်တဲ့ဘုရားလောင်းရဲ့ ဘဝဟာလည်း ဇစ္စန္ဓ, ဇစ္စဗဓိရ စတဲ့ အန္တရာယ် မျိုး မဖြစ်တော့ဘူး၊ သည်လို မဖြစ်နိုင်တာကိုအဘဗ္ဗလို့ ခေါ်တယ်ကွယ့်၊ အဲသည် အဘဗ္ဗဋ္ဌနဟာ (၁၈)ပါး ရှိကြောင်း(သုတ္တနိပါတ်၊ ဋ္ဌ၊ ပ၊ ၄၅)မှာပြဆို ထားတယ်။ ဘုရားအလောင်းမဖြစ်နိုင်တဲ့အဘဗ္ဗဋ္ဌာန ၁၈-ပါး (၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊ (၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊ (၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊ (၄) စကားမပြောတက်သော သူအ မဖြစ်နိုင်ဘူး၊ (၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊ (၆) လူရိုင်း မဖြစ်နိုင်ဘူး၊ (၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊ (၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊ (၉) လိမ် မပြောင်းလွဲနိုင်ဘူး၊ (၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊ (၁၁) နူသောသူ မဖြစ်နိုင်ဘူး၊ (၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊ (၁၃) မစားမသောက်ရလို့ အမြဲ ဆာလောင် မွတ်သိပ်ရတဲ့ ခုပ္ပိပါသိက ပြိတ္တာမျိုး၊ခန္ဓာကိုယ် အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေတဲ့ နိဇ္ဈာမတဏှိက ပြိတ္တာမျိုး၊ ခံတွင်း အပ်နဖားလောက်နဲ့ ကိုယ်ခန္ဓာ သုံးဂါဝုတ်လောက်ရှိတဲ့ ကာလကိဥ္စိက အသုရာမျိုး မဖြစ်နိုင်ဘူး၊ (၁၄)အဝီစိငရဲနှင့် လောကန္တရိငရဲမှာ မဖြစ်နိုင်ဘူး၊ (၁၅)ကာမဝစရနတ်ဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဗြဟ္မာ မဖြစ်နိုင်ဘူး၊ (၁၆)ရူပဝါစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါသဗြဟ္မာ မဖြစ်နိုင်ဘူး၊ (၁၇)အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊ (၁၈)သည် စကြာဝဠာတစ်မှတစ်ပါး အခြားစကြဝဠာမှာ မဖြစ်နိုင်ဘူး။ သည် ၁၈-ပါးသောဋ္ဌာနဟာနိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရား အလောင်းများမဖြစ်နိုင်တဲ့ ဋ္ဌာနများ ဖြစ်ကြတယ်၊ သည် ၁၈-ဋ္ဌာန အနက် အမှတ်(၉)အရ(နဿ လိင်္ဂံ ပရိဝတ္တလိ) လိမ်မပြောင်းလွဲနိုင်ဘူးဆိုတာ ပါတယ်ကွယ့်၊ သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူစဉ်က (ပုရိသ ဘာဝ) ယောက်ျားဘဝဖြစ်တယ်၊အဲသည် ယောက်ျားဘဝဟာ ဗုဒ္ဓဘုရား ဖြစ်သည့်တိုင်အောင် မပြောင်းလဲနိုင်ဘူး။ အကျဉ်းချုပ်ပြီး ဖြေရလျှင် ဂေါတမဘုရားအလောင်းဟာ အလွန်နုတဲ့ မနောပဏိဓိ ခေတ်,ဝါစာပဏိဓိခေတ်မှာ မိန်းမဖြစ်ခဲ့ဖူးပါတယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီး ဟာ ဂေါတမဘုရား အလောင်းပါပဲ၊မိန်းမဘဝပေါင်း ဘယ်မျှ ဖြစ်တယ်ဆိုတာ အသေ အချာ ကျန်းညွှန်းချက် မရှိပါဘူး၊ နိယတဗျာဒိတ်ရပြီးဂေါတမဘုရား ဖြစ်သည့်တိုင် အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ဘုရားအလောင်းတော်ဟာ ယောက်ျားဘဝမှ ပြောင်းလဲခြင်း မရှိပါဘူး။ - နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၆၅ - ၆၈ ) မှ ကောက်နုတ်ပူဇော်ပါသည်။ ဓမ္မဒါန - ထေရ၀ါဒရနံ့ Dhamma Danã Source ► Credit to » Young Buddhist Association

သာသနာပြုတစ်ယောက်၏ အဖြေများ (၂၂)

သာသနာပြုတစ်ယောက်၏ အဖြေများ (၂၂)

ရုပ်ပွားတော်များ နှင့် ထေရ၀ါဒ

ယနေ့ခေတ်အခါ၌ ဗုဒ္ဓရုပ်ပွားတော်များ အမျိးမျိုးပေါ်ပေါက်လာခဲ့ရာ ရုပ်ပွားတော်များတွင် ရှိသင့်ရှိထိုက်သောလက္ခဏာများပျက်ယွင်းခြင်း၊ ရုပ်ပွားတော်များအား ကောလဟလမျိုးစုံဖြင့် ထုံမွမ်းထားခြင်း၊ ဂါထာမန္တရား အင်းကွက်ပေါင်းစုံနှင့်ရှုပ်ထွေးနေခြင်း စသောအကျိုးဆက်များဖြင့် ထေရ၀ါဒရှုထောင့်အရ လက်မခံနိုင်ဖွယ်တွေ့ရှိနေရသည်။ သို့ဖြစ်၍ ယခု post အား စေတနာ၊ မေတ္တာဖြင့် ကျိုးနွံ ရိုးသားစွာရေးသားလိုက်ပါသည်။

ရုပ်ပွားတော်သမိုင်းကြောင်း

ဗုဒ္ဓရုပ်ပွားတော်များ စတင်ဖြစ်ပေါ်လာခြင်းနှင့် ပတ်သက်၍ ထီးချိုင်မြို့တည်တောဆရာတော်ဘုရားကြီးမှ ဟောထားချက်များအား အောက်ပါအတိုင်းစကားပြေအရေးအသားဖြင့်ပြန်လည်ရေးသားလိုက်ပါသည်။

“ရုပ်ပွားတော်စတင်ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲနိုင်ပါသည်။ ယင်းအပိုင်းနှစ်ပိုင်းမှာ (၁) ရှေးဟောင်းအယူအဆ (၂)ခေတ်သစ်အယူဆ တို့ဖြစ်ကြသည်။ ပထမအပိုင်းအရ ရှေးဟောင်းကျမ်းများကို လေ့လာကြည့်ရာတွင် ရှေးဦးစွာ တေရသနိပါတ် ကလိင်္ဂ ဇာတ်တော်တွင် အာနန္ဒာဗောဓိပင်နှင့် စပ်လျဉ်း၍ စေတီသုံးပါးကို ဘုရားရှင်က ခွင့်ပြုပေးတော်မူခဲ့သည်။ ၄င်းစေတီသုံးပါးမှာ (၁)သာရီရကစေတီ(ဘုရားရှင်၏ကိုယ်တော်မှ ဓာတ်တော်များ)(၂)ပရိဘောဂစေတီ(ဘုရားရှင်၏ သပိတ်၊ တောင်မွေး စတဲ့ အသုံးအဆောင်များ)(၃)ဥဒ္ဒိဿကစေတီ(ဘုရားရှင်အားရည်မှန်းထားသောရုပ်ပွားတော် ဆင်းတုတော်များ) ဖြစ်သည်။ အဆိုပါ စေတီသုံးပါး အနက် သာရီရကစေတီတော်ဆိုသည်မှာ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီးမှဖြစ်သော ဓာတ်တော်များ ဌာပနာပြီးတည်သော စေတီဖြစ်သဖြင့် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလ၌ တည်ထားကိုးကွယ်ခြင်းမရှိပေ။ ကျန်သောစေတီ (၂) ပါးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလကပင် တည်ထားကိုးကွယ်နိုင်ကြောင်းယုံကြည်ကြသည်။ ထိုယုံကြည်ချက်ဖြင့် ဘုရားရှင်လက်ထက်တော်မှာပင်ရုပ်ပွားတော်များကို ထုလုပ်ကိုးကွယ်ကြသည်ဟု ဖော်ပြကြသည်။

ခေတ်သစ်အယူအဆအရဆိုလျင် ကျောက်စာဌာနမှ ပညာရှိပုဂ္ဂိုလ်များ၏ အယူအဆကို ကိုးကားဖော်ပြရမည်ဖြစ်သည်။ ပညာရှင်တို့၏ အယူအဆအရ ဘုရားရှင်ခန္ဓပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့်ကာလကြာအောင် ရုပ်ပွားတော်များကို ထုလုပ်ကိုးကွယ်သော အရိပ်ယောင်မျပင်မတွေ့ခဲ့ရဟုဆိုသည်။ ပိဋကတ်တော်မှာလည်း ၀ိနည်းမဟာဝါပါဠိတော်မှာ ဘုရားရှင်မှ “ငါ့မှာ ဆရာမရှိဘူး၊ လောကမှာ ငါနဲ့ တူသောအရာမရှိဘူး” လို့ဟောထားခြင်း ရှိသောကြောင့် ရုပ်ထုတော်များ မထုလုပ်အပ်ဟု ယူဆကြသဖြင့် ရုပ်ထုတော်အစား ဘုရားဖြစ်သော အထိမ်းအမှတ်အဖြစ် ဗောဓိပင်၊ ပရိနိဗ္ဗာန်စံသောအထိမ်းအမှတ်အဖြစ် ထူပါပုံ၊ တရားဟောသောအထိမ်းအမှတ်အဖြစ် ဓမ္မစကြာပုံ၊ မယ်တော်ဝမ်းတိုက်ပဋိသန္ဓေအတွက် ဆင်ရုပ်၊ တော်ထွက်တော်မူခြင်းအတွက် မြင်းရုပ်၊ သီဟနာဒအထိမ်းအမှတ်အဖြစ် ခြင်္သေရုပ် များကိုထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်များမှာ ရုပ်ပွားတော်များအား မထုပ်လုပ်ဘဲ အမှတ်သင်္ကေတလောက်ကိုသာ ထုလုပ်ကိုးကွယ်ခဲ့ကြသော်လည်း ဗုဒ္ဓဘာသာဝင်မဟုတ်သောပုဂ္ဂိုလ်များမှာ ရှေးအခါကာလကပင် ဗြဟ္မာရုပ်၊ ဗိဿနိုးရုပ်၊ သီဝနတ်ရုပ်၊ သူရဿတီရုပ်၊ လက္ချမီရုပ်၊ ပါရာဝတီရုပ် အစရှိသော ၄င်းတို့၏ ဘုရားရုပ်ထုများကို ထုလုပ်ကိုးကွယ်လေ့ရှိကြသည်။
သာသနာတော် နှစ် ၅၀၀ လောက်၌ အိန္ဒိယပြည်ကြီး၏ အနောက်မြောက်နယ်ဖြစ်သော ကသျမီရ၊ ဂန္ဓရ နယ်တစ်ဝန်းမှာ ထေရ၀ါဒဂိုဏ်းအားနည်းပြီး မဟာယာနဂိုဏ်းအားကောင်းနေခဲ့သည်။ ၀င်ရောက်လာသည့် ဂရိများသည် မဟာယာန ဂိုဏ်း၏ လွမ်းမိုးမှုကြောင့် မဟာယာနသာသနာဝင်များဖြစ်သွားကြသည်။ မဟာယာနသာသနာ၏ အချို့နေရာများမှာ ဟိန္ဒူတို့၏ အယူဝါဒများရောနှောနေသဖြင့် ဂရိဘာသာဝင်တို့မှာလည်း ဗုဒ္ဓရုပ်ပွားတော်များကို စတင်ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ဂရိတို့ ထုလုပ်ထားသော ရုပ်ပွားတော်များကို အတုယူလျက် ရုပ်ပွားတော်ထုလုပ်ကိုးကွယ်မှုသည် တစ်ကမ္ဘာလုံးပျံနှံလာခဲ့သည်။ သို့ဖြစ်သဖြင့် ရုပ်ပွားတော် စတင်ထုလုပ်ကိုးကွယ်ခြင်းသည် မဟာယာနဗုဒ္ဓဘာသာဝင်များမှစခဲ့သည်ဟု ဆိုနိုင်သည်။ နောင်အခါ၌ ဘုရားရှင်ကို အာရုံပြုရာမှာ ရုပ်ပွားတော်ရှိလျင် ပိုမိုလွယ်ကူတယ်ဟု ယူဆပြီး ထေရ၀ါဒဘာသာဝင်တို့မှလည်း ရုပ်ပွားတော်များထုလုပ်ကိုးကွယ်လာခဲ့ကြသည်”။ ။

အထက်ပါ အယူအဆ နှစ်ခု အရ ရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်မှုသည် ကိုးကွယ်၍ လည်း မမှားနိုင်သလို၊ မကိုးကွယ်၍လည်း မမှားနိုင်သည်ဟု ယူဆရပါသည်။ သို့ရာတွင် ရုပ်ပွားတော်များကို စိတ်ကူးယဉ်ပြီး ထုလုပ်ထားခြင်းမျိုးမဟုတ်ဘဲ ထေရ၀ါဒရှုထောင့်အရ ကိုက်ညီသောထုလုပ်ကိုးကွယ်ခြင်းမျိုးဖြစ်ရန်မှာ အရေးကြီးပါသည်။ ယင်းနှင့်ပတ်သက်၍ ဆရာဒေါက်တာအောင်ဆန်း(ဒါးက) မှာဤသို့ဆိုခဲ့ဖူးပါသည်။

ရုပ်ပွားတော် လက္ခဏာများ

“မြတ်စွာဘုရား၏ရုပ်ပွားတော်တို့ကို စိတ်ကူးယဉ်ပြီး လှလှပပ ထုလုပ်ထားခြင်း မဟုတ်သည်ကို သတိချပ်စေလိုပါသည်။ သုတ်သီလက္ခန်၊ သုတ်ပါထေယျ၊ သုတ်မဟာဝါ စသည်သုတ္တန်ကျမ်းများတွင် ပါဝင်သော မြတ်စွာဘုရားကိုယ်တော်၏ အမှတ်အသားလက္ခဏာတော်ကြီး ၃၂ ပါး၊ ထိုထက် အသေးစိတ်မှတ်သားထားသော လက္ခဏာတော်ငယ် ၈၀တို့မှ ပုံဖော်၍ ရသမျကို စည်းကမ်းတကျ လိုက်နာပုံဖော်ရပါသည်။ ဘုရားထုလုပ်ရာတွင် ရုပ်ပွားရုပ်ထု အကြီးအသေး အရွယ်တော်အလိုက် အချိုးအစားကျစေရန် ထုပ်လုပ်သည့် နည်းစနစ် ၁၁၈ မျိုးထိရှိကြောင်း မှတ်သားရဖူးပါသည်။
ဘုရားရှင်၏ ရုပ်ပွားတော်ကို ရွံဖြင့်ဖြစ်စေ၊ သစ်သားဖြင့်ဖြစ်စေ၊ ကျောက်ဖြင့်ဖြစ်စေ၊ ပလတ်စတာဖြင့်ဖြစ်စေ မိမိကျွမ်းကျင် သောအသားဖြင့် ထုလုပ်ကိုးကွယ်နိုင်ကြပါသည်။ မည်သည့်ဝတ္ထု မည်သည့် အသားဖြင့်ထုလုပ်ကောင်းသည်၊ မည်သည့်ဝတ္ထု မည်သည့်အသားဖြင့် မထုလုပ်ကောင်းဟု အဆိုအမိန့်မရှိပါ။ အထူးသဖြင့် အများယူဆနေသည့် ကျောက်ဆင်းတု မြတ်စွာဘုရား၏ ရုပ်ထုတော်ကို အိမ်မှာ မကိုးကွယ်ကောင်းဟူသော အယူအဆမှာ မမှန်ပါ။ ထုလုပ်ကိုးကွယ်သောအခါ ဖူးမြင်ရသူများ ကြည်ညိုစဖွယ်သပ္ပယ်သော အသွင်ရှိဖို့သာ လိုပါသည်။
ဇမ္ဗုပတိချွတ်ခန်းမှ လာသည်ဆိုသေ မင်းမြောက်တန်ဆာဝတ်ဆင်းတုတော်များသည်လည်းကောင်း၊ ၃၁ ပါးသောလက္ခဏာတော်တို့နှင့် မကိုက်ညီသော ဒက္ခိဏသာခါဟု ခေါ်ဆိုနေသော ရုပ်ပွားတော်တို့သည်လည်းကောင်း စဉ်းစားဖွယ်ကောင်းလှပါ၏။
မဟာကရုဏာဝါဒီဖြစ်သော မြတ်စွာဘုရားရှင်အား တိရစ္ဆာန်မျိုးစုံစီး၍ ထိုင်နေတ်ာမူသည့် ပုံတော်များသည် ဘုရားရှင်၏ မဟာကရုဏ ကနာထ ဂုဏ်တော်ကို ဖျက်ဆီးနှိမ့်ချခြင်းဖြစ်၍ စီးပွားရေးသမားတို့ ဂိုဏ်းဆရာတို့ အဆန်းထွင်ပြုလုပ်စီရင်သော ပုံတော်များကို ရှောင်သင့်ကြောင်း သုတေသနသရုပ်ပြ အဘိဓာန် ကျမ်းပြုဆရာတော် ဦးသြဘာသာဘိဝံသ၏ အဆိုအမိန့်မှာ မှတ်သားဖွယ်ကောင်းလှပါသည်”။ ။

အရှင်ကုမာရမှာလည်း ဒက္ခိဏသာခါ ရုပ်ပွားတော်နှင့် ပတ်သက်၍ “ယခုကာလ၌ ကိုးကွယ်နေကြသော ပုပု၊ သံမှိုများ နှက်ထားသော ဒက္ခိဏသာခါ ပုံတော်မှာ ဂိုဏ်းဆရာများထွင်လိုက်သောပုံတော်များသာဖြစ်သည်”ဟုဆိုသည်။

အချို့ရုပ်ပွားတော်များမှာ သတ်မှတ်ထားသော လက္ခဏာရပ်များနှင့် မကိုက်ညီသည့် အပြင် အင်းကွက်များချထားသော ရုပ်ပွားတော်များ၊ ပြုံးရယ်ပြသော ရုပ်ပွားတော်များ၊ မျက်တောင်ခတ်ပြသော ရုပ်ပွားတော်များ စသဖြင့် ကိုးကွယ်သူ လောကကြီးရင်ကြီးသလောက် လိမ်ညာသူ ဥာဏ်၇ွင်သလောက် ရုပ်ပွားတော်များကို မကြောက်မလန့် လုပ်ချင်သလိုလုပ်နေကြသည်ကိုလည်း မလွတ်တန်းတွေ့နေရသည်။
ရယ်နေဟန် ရုပ်ပွားတော်များ အင်းကွက်ချထားသောရုပ်ပွားတော်များနှင့် စပ်လျဉ်း၍ ဆရာကြီး မင်းနန် မှလည်း ယခုလိုဆိုခဲ့သည်။

“ကျွန်တော်ကမူ မြတ်စွာဘုရား ပုံတော်ရယ်နေဟန် ထုလုပ်ထားသည်ကို ဘ၀င်မကျ။ အဘယ့်ကြောင့်ဆိုသော ဗုဒ္ဓစာပေထဲတွင် ဘုရားရှင်ရယ်တော်မူသည်ဟု တစ်လုံးတစ်ပါဒမျ ဖော်ပြမထားသောကြောင့်ဖြစ်ပါသည်။ ဘုရားရဟန္တာတို့မည်သည် ခံစားမှုဝေဒနာများက လွတ်မြောက်ပြီးသူများဖြစ်ပါသည်။ စိတ်ခံစားမှုနှင့် ကိလေသာမှန်သမျ လုံးဝကင်းစင်ပြီးဖြစ်ပါသည်။ ဘုရားရှင်တို့မည်သည် ပုထုဇဉ်တို့ကဲ့သို့ ရယ်တော်မမူပါ။
ပုံတော်၏ ကျောဘက်တွင် အင်းကွက်ထည့်ထားခြင်းမှာလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာကို အတွင်းဝင်ပူးသတ်ခြင်းသာဖြစ်ပါ၏ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် အင်းအိုင်၊ လက်ဖွဲ့၊ အဆောင်စသော လောကီအစီအရင်များကို ယုတ်နိမ့်သော အတတ်ပညာများအဖြစ် ပယ်မြစ်ရှုတ်ချတော်မူခဲ့သောကြောင့်ဖြစ်သည်။” ။

မျက်တော်ခတ်ရုပ်ပွားတော်များ၊ မျက်ရည်ကျရုပ်ပွားတော်များကိုလည်း ဆရာကိုရွှေသောင်းဝင်း မှ ဤသို့သတိပေးထားသည်ကိုလည်းတွေ့ရသည်။

“စာရေးသူ ယခု ဖူးမြော်နေစဉ် မျက်တောင်တော်ခတ်ပြလေသလော ဟူသော သံသယဖြင့် သွားရောက်ကြည့်ရှုပြီး ဂေါပက မေးမြန်းရာ မဟုတ်ပါကြောင်း၊ ယခင်က ဖြစ်ဖူးခဲ့ကြောင်းသာ ပြောပြပြီး ဓါတ်ပုံပြပါသည်။ ပူဇော်ရန်လည်း တိုက်တွန်းပါသည်။ ထိုစဉ်က ယခုလို ကာလာပုံများမရှိသေးပါ။ အဖြူအမည်းသာဖြစ်ပါသည်။ ပုံတော်မှာ အမှန်တကယ်ပင် မျက်စိဖွင့်ထားသည့်ပုံဖြစ်ပါသည်။ အသေအချာကြည့်မှ ဓါတ်ပုံပညာဖြင့် မျက်လုံးတော်ဖွင့်နေပုံ ဖန်တီးထားကြောင်းသိရပါသည်။
မဟာမုနိဘုရားကြီး မျက်ရည်တော်စိးကျတော်မူသည်ဟူ၍ မန္တလေးတွင်ဖြစ်ခဲ့ဖူးပါသည်။ စာရေးသူတို့ မန္တလေးတွင် ရှိပါသည်။ ကြားသာနေ၍ မမြင်ဖူးလိုက်ပါ။ ဘယ်သူတွေမြင်တွေ့သလဲဆိုသည်ကို ဂေါပကများပင်တိတိကျကျ မသိပါ။ ဘုရားရှင်တို့မည်သည် ချင်ခြင်း မုန်းခြင်း အလျင်းမရှိတော့ပါ။ မျက်ရည်ကျခြင်းသည် ချစ်ခြင်း မုန်းခြင်းကြောင့်ဖြစ်သည်။ ဘုရားရှင်တို့သည် လောကဓံကြောင့် တုန်လှုပ်မှုမရှိတော့ပါ။ ပကတိ ငြိမ်းအေးသောတာဒိဂုဏ်နှင့် ပြည့်စုံပေသည်။ အာရုံအပေါ် အချိုးညီထားတတ်သည့် ဥပေက္ခာပါရမီရှင်တစ်ဦးအနေဖြင့် မျက်ရည်ကျသည်ဆိုလျင် ဘုရားရှင်ကိုပင် ပြစ်မှားရာကျတော့သည်။” ။

တစ်ချို့မှာ ဗုဒ္ဓရုပ်ပွားတော်များကို တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ် စသဖြင့် ခွဲထားကြသေးသည်။ ယင်းနှင့် ပတ်သက်၍လည်း ဆ၇ာကြီး သုခမိန်မှ အောက်ပါအတိုင်း ရေးသားထားသည်မှာ ဂရုပြုမှတ်သားဖွယ်ဖြစ်သည်။

“စေတီပဲဖြစ်ဖြစ် ထူပါပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲပ ဆံတော်၊ ဓမ္မတော်၊ ဓာတ်တော် တစ်ခုခုကို ဌာပနာပြီး တည်ထားကြတာပဲမဟုတ်လား။ ကြည်ညိုတဲ့ စိတ် စေတနာချင်းတူ၇င် အကျိုးပေးချင်းတူရမှပေါ့။ ဒီဘုရားထက် ဟိုဘုရားက တန်ခိုးကြီးတယ်၊ အစွမ်းထက်တယ် ဆိုတာဖြစ်နိုင်ပါ့မလား။ သဗ္ဗေ စိတ္တေ ပသာဒမှိ၊ သမံပုညံ ဖဟမ္ဖလံ လို့ကျမ်းဂန်တွေမှာဆိုတယ်။ ဒီဘုရားဆုတောင်းပြည့်တယ်ဆို၇င် ဟိုဘုရားကတော့ ဆုတောင်းမပြည့်ဘူးလား။” ။

ယခု လို ဆရာတော်ကြီးများစွာ၊ စာရေးဆရာများစွာ တို့မှ အထက်ပါအတိုင်း ထေရ၀ါဒ သာသနာတော်ကို ၀ိုင်းဝန်းကာကွယ်နေကြသည်ကိုတွေ့ရပါသည်။ သို့သော်လည်း အလိုရမက်တောက်လောင်နေသော အမည်ခံ ဗုဒ္ဓဘာသ၀င်တို့မှာလည်း တတ်စွမ်းသမျ လိမ်မည့်သူများကို ရှာဖွေလျက် အလိမ်ခံနေကြပါသည်။ တကယ်တော့ အလိမ်ခံနေရသူများမှာ ဗုဒ္ဓအကြောင်းကောင်းကောင်းနာမလည်သူများသာဖြစ်သည်။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်စံပြီးဖြစ်ကြောင်း၊ ဗုဒ္ဓသည်မည်သို့သို့ သဘောထားရှိကြောင်းတို့ကို ကောင်းစွာ သိနားလည်ထားခြင်း မရှိသောကြောင့်သာဖြစ်သည်။

ကိုးကားချက်များ

ထီးချိုင်မြို့တည်တောဆရာတော်ဘုရားကြီး(ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ ၂)
မင်းနန်(ထေရ၀ါဒရှုထောင့်)
အရှင်ကုမာရ(ဗုဒ္ဓ၀ါဒဆိုင်ရာ သိကောင်းစရာ အမေးအဖြေများ)

ရေးသားသူ - သန့်စင်သူ

“စိတ်ချမ်းသာချင်ရင် အ ကောင်းမြင် တတ် တဲ့်စိတ်ခွင့်လွှတ်တတ်တဲ့စိတ် မွေးပါ”



“စိတ်ချမ်းသာချင်ရင် အ ကောင်းမြင် တတ် တဲ့်စိတ်ခွင့်လွှတ်တတ်တဲ့စိတ် မွေးပါ”
★★★★★★★★★★★
အသိဥာဏ်နဲတဲ့သူဟာ ကိုယ့်ဘ၀မှာ သူ့ကြောင့်
ငါ့မှာ ဒီလိုဖြစ်ရပါတယ်ဆိုပြီးတော့
တစ်စုံတစ်ယောက်ကို အပြစ်ပုံချတယ်။

* စိတ်အေးချမ်းဖို့ဆိုတာ အရာရာကို
နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်၊ အ ကောင်းမြင် တတ်တဲ့စိတ် ရှိဖို့တော့လိုတယ်။
ခွင့်လွှတ်တယ်ဆိုတာကကိုယ့်ဘ၀မှာ ကိုယ်ဖြစ်ချင် တာတွေ မဖြစ်ခဲ့တာ၊
လိုချင် တာတွေ ရသင့်တာတွေ မရခဲ့တာကိုအ ကြောင်းပြချက်အနနေဲ့ သူများကိုအပြစ်တင်နေဖို့ မလိုတော
့ဘူးလို့ သိလိုက်တာပဲ။

“ခွင့်လွှတ်တယ်ဆိုတာ"
အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။
အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။
အထက်စီးက နေတာလည်း မဟုတ်ဘူး။
အောက်ကျို့တာလည်း မဟုတ်ဘူး။
ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ်
် လွတ်လပ်မှု ပေးလိုက်တာပဲ။
ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း
ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။
ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင်
တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။်

ခွင့်လွှတ်တယ်ဆိုတာ အင်မတန် နက်နဲပါတယ်။
ဘယ်လောက် လွတ်လပ်ပြီးတော့
ဘယ်လောက် အေးချမ်းသွားမလဲနော်။
အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်ပ်ါတယ်။
ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရော
အသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။
ခွင့်မလွှတ်နိုင် တာဟာ စိတ်ဓာတ်အင် အား
အသိဥာဏ်အင် အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင် တဲ့သူကပဲ ကိုယ်ကိုအများဆုံး
ဒုက္ခပေးနိုင် တာနော်။
ကိုယ်ကိုတခါမှ မမြင် ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင် မတန် ရှားပါတယ်။
အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
လူဆိုတာမှားတတ်ပါတယ်။
ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။

တကယ်တော့ သူများကို ဒုက္ခရောက်အောင်
မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။
ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့
မှားတာကိုတော့ မှားပါတယ်လို့
ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။
ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။
ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။
ငါ ဘယ်သူ့အ ပေါ်မှာမှ မ ကျေနပ်မှု မရှိဘူး။
ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မ ချေဘူး။
နောင် တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။

ငါအ ပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ
နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင်
တော်တော်ကောင်းမှာဘဲနော်…။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ
မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို
ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင် အားတွေကို
ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင်
လွတ်လပ်အောင် လုပ်တာဟာ
ခွင့်လွှတ်တာပဲ။
ခွင့်မလွှတ်နိုင် ရင် တော့အဲဒီခံစားချက်က လွှမ်းမိုးနေလို့
ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။
ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မ ဖြောင့်ဖြူးတော့ဘူး။
လောကီရေးမှာလည်း တိုးတက်မှု
ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။

ပိုပြီးတော့ အ ရေးကြီးတာက တရားဖက်မှာလည်း
တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့အင်မတန်ခဲယဉ်းသွားတယ်ဆိုတာပါပဲ ။

“အသိဥာဏ်ရှေ့ ထားပြီးအရာရာကို
အ ကောင်းမြင် တတ်ပြီိး
ု ခွင့်လွတ်နိုင်ဖို့ ကြိုးစားနိုင်ကြပါစေ…"
★★★★★★★★★★★★★★
-(ဆရာတော်ဦးဇောတိက)
(ခွင့်လွှတ်ခြင်းတရားတော်မှ)
-နှလုံးသားအာဟာရ's Facebook Wallမှ
ယူပါသည်။