Sunday, November 24, 2013

" စိတ် ထား မြင့် မြတ် အ နေ တတ် ဖို့ "

" စိတ် ထား မြင့် မြတ် အ နေ တတ် ဖို့ " ★★★★★★★★★★★★★★★★★★★ သူကမုန်းလည်း အမုန်း မဖက် ၊ မေတ္တာလက်ဖြင့် ပွေ့ဖက်ခေါ်ငင် ၊ ပြုံးပန်းဆင် ပါ။ သူကငြိုငြင် အပြစ်တင်လည်း ၊ ချစ်ခင် ရိုးသား စိတ်ကောင်းထား၍ ၊ နှုတ်ဖြားချိုမြ စကားလှကို ၊ ဖွဖွ ဆိုပါ။ သူက ရန် ရှာ ပြုမူပါလည်း ၊ ညင် သာသက်သက် ခွင့်လွှတ်လျက်နှင့် ၊ နှစ်ဘက် နှစ်ဝ အေးငြိမ်းရ အောင် ၊ လမ်းပြ ဆောင် ပါ။ မေတ္တာ သစ္စာ အနစ်နာနှင့် ၊ ဘယ်ခါမဟူ စိတ်ထားဖြူစွာ ၊ နေတတ်ပါမှ သင်၏ဘဝ ၊ အေးငြိမ်းရလိမ့်။ ( လေးအိမ်စု အရှင် ဝိစိတ္တသာရ) 

0 comments:

Post a Comment