Sunday, November 24, 2013

သံသယမဖြစ်စေနဲ့

အရာအားလုံးကို သိတော်မူတဲ့ သဗ္ဗညုတဉာဏ်နဲ့ ဟောထားတဲ့ ဘုရားဟော တရားတော်ကို သိပ္ပံပညာနဲ့ မကိုက်လို့၊ ကိုယ်တွေးထားတာနဲ့ မညီလို့ဆိုပြီး မမှန်ဘူးလို့ သံသယမဖြစ်မိပါစေနဲ့။ သံသယမဖြစ်ဖို့ဆိုတာဟာ မျက်ကန်းယုံကြည်ဖို့ ပြောတာမဟုတ်ပါဘူး။ ဉာဏ်နဲ့ယှဉ်ပြီး လက်ခံနိုင်ဖို့ပါ။ တကယ်တော့ သိပ္ပံပညာဟာ သဗ္ဗညုတဉာဏ်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့သလို၊ ကိုယ်သိတယ်ဆိုတာဟာလည်း သဗ္ဗညုတဉာဏ်တော်မြတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ကူးနဲ့တောင် ယှဉ်ပြလို့ မရလှပါဘူး။ ကိုယ်ဉာဏ်မမှီတာနဲ့ အမှန်တရားကို မမှန်မပွားမိပါစေနဲ့။

တူလည်းမရ တုမရသည့်
လုံးစုံသိမြင် ဘုရားရှင်။
ဘုရားရှင်အား အာရုံထား၍
ဂုဏ်တော်အများ ထုံကာပွားကာ
နှလုံးသားဝယ် ဘုရားတည်မည်
“သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု“ပါဘုရား။ ။

0 comments:

Post a Comment