ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး မိုးကုတ်မြို့၌ ဟောကြားသော တရားတော် မချုန်းဘဲနဲ့ ရွာတဲ့မိုး စာမတတ်ပေမယ့် ကျွတ်တမ်းဝင်တယ် ဒကာ ဒကာမတို့ တရားနာတာက ဗဟုသုတ အင်မတန်များပါတယ်၊ တရားသာနာပြီး တရားအားမထုတ်ကြပြန်လျှင်လည်း၊ နေရာမကျသေးဘူး ဆိုတာကိုလည်း မှတ်စေချင်တဲ့ သဘောနဲ့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် မိုးလေးမျိုး ဥပမာနဲ့ပြတယ်။ ခန္ဓာကိုယ်ဥာဏ်လှည့်တရားနာ တရားနာ တရားနာဆိုတဲ့ဥစ္စာ ခန္ဓာမှာ မရောက်သေး ခန္ဓာကိုဥာဏ်လှည့်ပြီး မနာလို့ရှိရင်ဖြင့် တရားနာတာသည် ကားလို့ဆိုရင် စာသင်တာနဲ့ အတူတူပဲ။ ခန္ဓာကိုယ် ဥာဏ်လှည့်လိုက်မယ်ဆိုလို့ရှိရင်ဖြင့် ယထာဘူတဥာဏ်ရသွားတဲ့အတွက် ဒကာ ဒကာမတို့ အလွန် ကျေးဇူးများလိမ့်မယ်ဆိုတာ မှတ်ထားဖို့ပဲ … (မှန်ပါ့)။ အဲ့ဒါတွေ စိုးရိမ်တဲ့အတွက် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မိုးလေးမျိုး ဥပမာနဲ့ စတုက္က နိပါတ် အင်္ဂုတ္တိုရ်မှာ ဟောရှာတယ် ဘယ်လို ဟောလိုက်တုံးဆိုတော့ …။ မိုးလေးမျိုး ချုန်းသာချုန်း၍ မရွာသောမိုးတစ်မျိုး (၁) တစ်နံပါတ်မိုးက ဘာပါလိမ့် … (ချုန်းသာချုန်း၍ မရွာသော မိုးပါဘုရား) (၂) နှစ်နံပါတ်မိုးသည်ကား ဆိုလို့ရှိရင်ဖြင့် မချုန်းဘဲနဲ့ ရွာတဲ့မိုး ဒါ နှစ်နံပါတ်က မချုန်းပဲနဲ့ ရွာတဲ့မိုးနော်…(မှန်ပါ့)။ (၃) သုံးနံပါတ်ကတော့ ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးလို့ သုံးနံပါတ်ကို မှတ်ထားကြပါ။ (၄) လေးနံပါတ်ကတော့ မောင်နိုင်၊ မောင်ဘမှီတို့ ချုန်းလည်း ချုန်းလည်းရွာတဲ့ မိုးလို့ မိုးဘယ်နှစ်မျိုးပါလိမ့်…(မိုးလေးမျိုးပါဘုရား)။ ဒါ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက၊ ဒကာ ဒကာမတွေ စိုးရိမ်းကြောင့်ကြတော်မူ သောကြောင့် ဤလေးသင်္ချနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပေးလို့ရတဲ့ သဗ္ဗညုတဥာဏ် တော်နဲ့ ချိန်တဲ့အခါမှာ အယူအဆတွေ အမျိုးမျိုးအဖုံဖုံ လွဲနေမှာ စိုးတဲ့အတွက် ကိုစောမောင် မိုးလေးမျိုးကို ပြောတယ်…(မှန်ပါ့)။ မိုးလေးမျိုးကို ပြောလာတယ် ဒကာဒကာမတို့ ပထမမိုးက ချုန်းသာချုန်းတယ် မရွာဘူး၊ ဒုတိယ မိုးက …(မချုန်းဘဲနဲ့ရွာပါတယ်ဘုရား) မချုန်းပဲနဲ့ ရွာပါတယ်။ တတိယမိုးကတော့…ချုန်းလည်း မချုန်းရွာလည်း မရွာတဲ့ မိုးပါဘုရား)။ စတုတ္ထမိုးကတော့ …(ချုန်းလည်းချုန်းရွာလည်း ရွာတဲ့ မိုးပါဘုရား)။ အလုပ်လုပ်ပါစေတော့လို့ ဟောတာ အဲ့ဒီကဲ့သို့ ဒကာ ဒကာဒကာမတို့ မိုးလေးမျိုးကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောထားတာသည်၊ ဘုန်းကြီးတို့၏ ဒကာ ဒကာမတွေ စဉ်းစားပြီးသကာလ၊ သြော် ဒါ အလုပ်ဖြစ်ပါစေတော့ ဆိုတဲ့ အာသီသ ဆန္ဒရှိလို့ ဟောတာပဲလို့ မှတ်ထားရမယ်နော် … (တင်ပါ့)။ အလုပ်လုပ်ပါစေတော့လို့ ဟောတာပဲလို့ ကောက်နှုတ်ချက်ချလိုက်တဲ့အခါ မောင်နိုင် မောင်ဘမှီတို့ အလုပ်လုပ်ဖို့ ဟောတာပဲဆိုတာ မှတ်ထားရမယ်… (မှန်ပါ့)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အလုပ်လုပ်ဖို့ ဟောတာကို ကျုပ်တို့ ခင်ဗျားတို့သည်ကား ဆိုလို့ရှိရင်ဖြင့် အလုပ်နဲ့ပဲ စခန်းသိမ်းရမှာပဲဆိုတာ ဒကာ ဒကာမတို့ မှတ်ထားကြပါ… (မှန်ပါ့)။ ၁။ ချုန်းသာချုန်း၍ မရွာသောမိုး ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာသော မိုးဆိုတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တရားကို စာကို အမျိုးမျိုး အဖုံဖုံတွေကို ကိုယ့်စိတ်ထဲမှာ ထင်လည်း ထင်တယ်မှတ်လည်း မှတ်မိတယ်။ သို့သော် သစ္စာသိအောင်တော့ အလုပ် မလုပ်ဘူး၊ သစ္စာကို ပဋိဝေဓဥာဏ်နဲ့ သိအောင် အလုပ် မလုပ်ဘူးဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဒီဥစ္စာ ဘာပါလိမ့်မလဲလို့ မေးလို့ ရှိရင်ဖြင့် သိသာသိ၍ မလုပ်လို့ရှိရင် ချုန်းသာချုန်း၍ မရွာသော မိုးနဲ့ တူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ…(မှန်ပါ့) သဘောကျ ပလား…(ကျပါတယ်ဘုရား)။ ကောင်းပြီ…ဒါဖြင့် တရားအမျိုးမျိုးတွေနဲ့ ဗဟုသုတအမျိုးမျိုးတွေရှာ၊ အဲဒီလိုရှာပြီး သကာလ သစ္စာသိတဲ့အလုပ်ကို ပဋိဝေဓဥာဏ်တို့နဲ့သိအောင် မလုပ်လို့ရှိရင်၊ ချုန်းသာချုန်းတာဟေ့တဲ့ မရွာဘူးတဲ့…(မှန်ပါ့) ကဲ သဘောကျပလား…(ကျပါပြီဘုရား)။ ဒါဖြင့် ဒကာဒကာမတွေ အင်းသိပြီးသကာလ နေငြားသော်လည်း၊ သစ္စာသိအောင် ကျင့်မယ့် အကျင့် မလာလို့ရှိရင် ဘာမိုးနဲ့ တူတုံး (ချုန်းသာချုန်း၍ မရွာသောမိုးနဲ့ တူပါတယ်ဘုရား)။ တစ်နံပါတ်မိုးနဲ့တူတယ်၊ ချုန်းသာချုန်း၍ မရွာသော မိုးနဲ့တူတယ်ဆိုတာ သဘောကျပလား… (ကျပါတယ်ဘုရား)။ ၂။ မချုန်းဘဲနဲ့ရွာတဲ့မိုး နှစ် နံပါတ်ကတော့ ဒကာ ဒကာမတွေ၊ အင်း ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဤဆရာသမားတွေ ဟောတော်မူတဲ့ တစ်လုံးတစ်ပါဒ၊ ဝေဒနာ၊ စိတ်ဖြင့်စိတ်။ ရုပ်ဖြင့်ရုပ် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးသော ၀တ္ထု ဝေဒနာလေးပဲ ကိုယ့်ဥာစ်ထဲက ထည့်တာလေးပဲ ကြိုးစားပြီးသကာလ နေရင်း မတ္တနဲ့တဲ့အဖြစ် အပျက်ဆိုတဲ့ ဒုက္ခသစ္စာ တူသွားတွေ့တယ်။ ထိုကဲ့သို့ သစ္စာတွေ့တဲ့အခါကျလို့ရှိရင်၊ သစ္စာဆိုတာ ဒုက္ခပိုင်းခြားနိုင်လို့ရှိရင်ဖြင့် သစ္စာလေးချက်ဟာ တစ်ပြိုင်နက် ထင်ပါတယ်နော်…(တင်ပါ့)။ စာမတတ်၊ ဗဟုသုတမရှိ၊ အလုပ်လုပ်တယ် ဒါကြောင့်စာက ဗဟုသုတတော့မရှိဘူးတဲ့၊ တစ်ခုတည်းထားပြီး သကာလ အလုပ်လုပ်လိုက်တဲ့ အတွက်၊ သူသစ္စာကို သိသွားတယ်လို့ရှိရင်ဖြင့်၊ ဗဟုသုတလည်းမရှိ စာပေကျမ်းဂန်လည်းမတတ်၊ အင်း သူ့အလုပ်သည်ကားလို့ ဆိုရင်ဖြင့်၊ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကိုသစ္စာဆိုက်အောင် လုပ်လိုက်တဲ့အတွက်၊ သူခရီးပေါက်သွားတယ် (မှန်ပါ့)။ ဒါကတော့ ဒုတိယ မောင်နိုင်၊ မောင်ဘမှီတို့ မိုးနဲ့ တူတယ်နော် … (တင်ပါ့)၊ ချုန်းကောချုန်းလား… (မချုန်းပါဘုရား) ရွာတော့ … (ရွာပါတယ်ဘုရား)။ အဲဒီလိုပါပဲတဲ့ ဒကာ ဒကာမတို့၊ ဒုတိယ မိုးသည်ကားလို့ဆိုလို့ရှိရင်၊ စာမတတ် ပေမတတ်နဲ့ နေငြားသော်လည်း၊ သတိပဋ္ဌာန်းလေးပါးထဲက တစ်ပါးပါးဖြစ်ပျက် အနိစ္စကို မြင်ပြီးသကာလ၊ အနိစ္စ မုန်း အနိစ္စဆုံးဆိုတဲ့ ဒုက္ခအဆုံးကို အနိစ္စ ဒုက္ခသစ္စာအဆုံးကို မြင်သွားပြန်လို့ရှိရင်လည်းတဲ့၊ လိုရာ ကိစ္စပြီးသွားတယ်လို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်ဘုရား)။ ဒါက ဘယ်မိုးနဲ့တူတာတုံး … (ဒုတိယမိုးနဲ့တူတာပါဘုရား)၊ သြော်…မချုန်းဘဲနဲ့ ရွာတယ်ဆိုတာကော သဘောကျပလား …(ကျပါတယ်ဘုရား)။ ၃။ ချုန်းလည်းမချုန်း ရွာလည်းမရွာတဲ့မိုး တတိယမိုးကတော့ ဗဟုသုတလည်းမရှိ၊ စာပေ ကျမ်းဂန်လည်းမတတ်သေး၊ သစ္စာသိအောင်လည်း တဖြည်းဖြည်းရှုမှတ်ပြီး သကာလ အလုပ်မလုပ်ဘူး၊ ဤကဲ့သို့ ပုဂ္ဂိုလ်တွေလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ရှိသေးတယ်ဆိုတဲ့ အဖြစ်သိပါစေလို့။ ချုန်းလည်းမချုန်း သစ္စာမသိသောကြောင့် ရွာလည်းမရွာ၊ ဒါဘာမိုးနဲ့ တူပါလိမ့်…(တတိယမိုးနဲ့တူပါတယ်ဘုရား)။ တတိယမိုးနဲ့တူတယ်ဆိုတာ သဘောကျပလား…(ကျပါတယ်ဘုရား)။ ၄။ ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုး သြော်…စတုတ္ထမိုးကတော့ဖြင့်တဲ့ ပရိသတ်တွေ၊ ကျမ်းဂန်တွေကအမျိုးမျိုးအဖုံဖုံ၊ တရားဓမ္မတွေက အမျိုးမျိုးအဖုံဖုံနာပြီးသကာလ၊ သြော်…အားထုတ်တဲ့အခါ၊ ကျပြန်တော့တစ်ခုမှတ်ပြီး သစ္စာလေးပါးကို တစ်ခါတည်း ဒုက္ခသစ္စာပိုင်းခြားနိုင်တဲ့ ဥာဏ်ရအောင် ကြိုးစားလိုက်ပြန်တော့ သူကတော့ဖြင့် ချုန်းလည်းချုန်း ရွာလည်းရွာတဲ့ မိုးနဲ့တူတယ်လို့ ဒကာဒကာမတွေမှတ်ရလိမ့်မယ် …. (မှန်ပါ့)။ ဒါကြောင့် ဒီထဲမှာ တရားနာတဲ့အထဲမှာ ဒီလေးဦးထဲကဖြင့် ဒကာ ဒကာမတို့ ပထမမိုး၊ ပထမမိုးက မောင်နိုင်ဘာတဲ့…(ချုန်းသာချုန်းပြီး မရွာတဲ့မိုးပါဘုရား) မရွာဘူး။ အဲဒီပထမမိုး အဖြစ်မှလည်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လွတ်ကြပါစို့လို့ သဘောကျပလား…(ကျပါတယ်ဘုရား)။ ပထမမိုး အဖြစ်ဆိုတာကတော့ ဗဟုသုတ ကျမ်းဂန် စာပေကျမ်းဂန်တွေတော့ရှိပါရဲ့၊ ခုနက သစ္စာဆိုက်အောင် သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို အလုပ်မလုပ်ဘူးနော်… (မှန်ပါ့)။ စာတတ်ပြီး၊ အလုပ်မလုပ်တဲ့လူ ထိုကဲ့သို့ မလုပ်ခဲ့တဲ့ သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့်၊ အင်း…ချုန်းသာချုန်း၍ မရွာသောမိုးဖြစ်နေတော့ ဒါလည်းတော်ပါ့မလား … (မတော်ပါဘူးဘုရား)။ နိဗ္ဗာန်မဂ်ဖိုလ်ဆိုတဲ့ ဥစ္စာ ဒုက္ခပိုင်းခြားမှ နိဗ္ဗာန်မြင်မှာကိုး၊ ဒုက္ခမပိုင်းခြားပဲနဲ့ နိဗ္ဗာန်မြင်နိုင်ပါ့မလား (မမြင်နိုင်ပါဘူး)။ ဒုက္ခအဆုံးမှာ နိဗ္ဗာန်ရှိတယ်၊ ဒုက္ခဿအန္တံ ကရိဿတိ၊ ဒုက္ခဿ = ဒုက္ခ၏၊ အနံ္တ = အဆုံးကို၊ ကရိဿတိ = မျက်မှောက်ပြုနိုင် လတ္တံ့လို့ သံယုတ် ပါဠိတော်မှာ လာထားတဲ့အတွက်၊ဒကာ ဒကာမတို့ ဒုက္ခအဆုံးရောက်အောင် လုပ်နိုင်မှသာလျှင်၊ အဖိုးတန်ကြတော့မယ်ဆိုတာကော၊ သဘောပါကြပလား … (ပါ ပါတယ်ဘုရား)။ ကောင်းပြီ ဒါဖြင့် ချုန်းသာချုန်း၍ မရွာဆိုတော့ တော်ပါ့မလား … (မတော်ပါဘူးဘုရား) အင်း… စာပေကျမ်းဂန်တွေ အမျိုးမျိုး အဖုံဖုံတတ်ပြီးသကာလ နေငြားသော်လည်း၊ လုပ်ရိုးအလုပ်ကို မလုပ်ရလို့၊ သတိပဋ္ဌာန်အလုပ်ကို မလုပ်ပဲနဲ့ နေခဲ့သော် မောင်ဘမှီတို့ ဘယ့်နှယ့်နေပါ့မတုံး (မတော် ပါဘူးဘုရား)။ မတော်ဘူး ဒါရှောင်ရမည့် အလုပ်လို့မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ်)။ ဒုတိယမိုးကတော့ဖြင့် မချုန်းဘဲနဲ့ရွာတယ်ဆိုတော့ ဒကာ ဒကာမတို့၊ စာပေကျမ်းဂန်ကတော့ဖြင့် သူ့မှာ ဗဟုသုတ ပညာကောင်းတွေ၊ ဆရာကောင်း သမားကောင်းတွေနဲ့ မတွေ့လို့၊ အင်း တွေ့တဲ့ဆရာဆီက ယထာဘူတဥာဏ်က လေးရအောင် လုပ်ပြီး သကာလဝေဒနာဖြင့် ဝေဒနာ၊ စိတ်ဖြင့်စိတ်၊ ဓမ္မဖြင့်ဓမ္မ၊ ဆိုတော့ ကာယဖြင့် ကာယလေးပါးထဲက တစ်ပါးပါး ရှုပြီးသကာလနေလို့ သစ္စာဆိုက်သွားမယ်ဆိုလို့ ရှိရည်လည်းတဲ့၊ သူကိစ္စပြီးတာပဲလို့ ဆိုတာ သဘောကျပလား …. (ကျပါပြီဘုရား)။ ဒါဖြင့် ဒီပုဂ္ဂိုလ်တွေကတော့ဖြင့်တဲ့ ဒကာ ဒကာမတို့ မိုးသည်ကားလို့ ဆိုရင်ဖြင့် မချုန်းဘဲနဲ့ ဘာဖြစ်တုံး …. (ရွာပါတယ်ဘုရား)။ အသက်အရွယ်ကြီးသူများ၊ မချုန်းဘဲနဲ့ရာကြပါ အဲဒီတော့ မချုန်းဘဲနဲ့ရွာတာကိုလည်း၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အသက်အရွယ်ကြီးတော့၊ မချုန်းဘဲနဲ့ရွာတဲ့အဖြစ်ကိုလည်းခင်ဗျားတို့ အရယူကြပါလို့ ပြောလိုက်တယ် …(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။ ဒီအရွယ်ကြီးတွေကျမှ ပညာတွေသင်ပြီးသကာလ၊ သဒ္ဒါင်္ဂြိုဟ်က စပြီး သကာလ အမျိုးမျိုးအဖုံ ဖုံ မြတ်စွာဘုရား ပါဠိတော်တော် သင်မယ်ဆိုလို့ ရှိရင်လည်း သေရုံပဲရှိမယ်၊ သူတို့ ခရီးပေါက်စရာ … (မရှိပါဘူးဘုရား)။ အဲဒါတွေမြင်ပြီး ဘုရားသခင်ကိုယ်တော်မြတ်ကြီးက မချုန်းဘဲနဲ့ ရွာတဲ့မိုးလည်းရှိပါသေးတယ် ကွာ ဆိုတဲ့ဥစ္စာကိုလည်းဘုရားဟောထားတဲ့အတွက်၊ ဒကာ ဒကာမတွေကိုယ်လုပ်တဲ့အလုပ်ကို သစ္စာ ဆိုက်အောင် လုပ်လိုက်ရင်ကိစ္စပြီးတာပဲ . . . (မှန်ပါ့) သဘောကျပလား . . . (ကျပါတယ်ဘုရား)။ ရှောင်ရမည့်သူ တတိယ ပုဂ္ဂိုလ်ကတော့ဖြင့် လုံးဝရှောင်ကြဉ်ကြပါလို့ သတိပေးလိုက်တယ် . . . (မှန်ပါ့)အင်း ဗဟုသုတလည်းမရှာ အင်း သစ္စာဆိုက်အောင်လည်း မကြိုးစားဆိုတော့၊ မောင်နိုင်၊ မောင်ဘမှီတို့ ဒါက တာ့ဖြင့် သတိမှတ်ရမည့် အလုပ် . . . (မှန်ပါ့)။ ဒါဖြင့် ဒကာ ဒကာမတို့ တတိယပုဂ္ဂိုလ်ရှောင်ဖို့နော် (မှန်ပါ့)။ စတုတ္ထပုဂ္ဂိုလ်ကတော့ဖြင့် ပညာကလည်းတတ်၊ ဗဟုသုတတွေလည်းများ၊ တကယ်လည်းကြိုးစား သစ္စာဆိုက်အောင်ဆိုတော့၊ အလွန်ကောင်းတဲ့ ပုဂ္ဂိုလ်လို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်)။ အဲဒါကြောင့်ဒီထဲမှာ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်လေးမျိုးမှာ၊ မဂ်မရထိုက်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်နှစ်မျိုး ပါပါလိမ့်မတုံးလို့ မမေးထိုက်ဘူးလား …(မေးထိုက်ပါတယ်ဘုရား)။ ပထမ ပုဂ္ဂိုလ်ရထိုက်ပါတယ်…(ရထိုက်ပါတယ်ဘုရား) တတိယပုဂ္ဂိုလ်…(မရထိုက်ပါဘူးဘုရား) အင်း…ဒုတိယနဲ့ စတုတ္ထကလည်း မဂ်ရထိုက်တယ်ဆိုတာ ဘုရားဝေဖန်ပြီး သကာလ ဟောလိုက်ပါတယ်… (မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား)။ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက၊ ဒို့မှာ စာမကြည့်၊ ပေမကြည့်နဲ့ ဖြစ်ပြီးသကာလ နေတဲ့အတွက်၊ ဒီဘ၀မဂ်ဖိုလ်ခရီးမှ ရောက်နိုင်ပါ့မလားလို့ ဒီလိုမယူပါနဲ့တဲ့၊ တစ်ခုသော သစ္စာလေးပါး၊ သတိပဋ္ဌာန်းလေးပါးထဲက တစ်ပါးပါးကို ဖြစ်ပျက်မြင်အောင် ရှုပါ၊ အဖြစ်အပျက် မုန်းအောင်ရှုပါ၊ အဖြစ်အပျက် ဆုံးအောင်ရှုပါ ဆိုတာ ဒုက္ခအဆုံးမြင်အောင်ရှုပါပြောတာပဲ…(မှန်ပါ့)။ ဒုက္ခပိုင်းခြားပါလို့ ပြောလိုက်တာပဲ …(မှန်ပါ့) ရှင်းကြလား … (ရှင်းပါတယ်ဘုရား)။ ဤကဲ့သို့ ကြိုးစားလို့ ရှိရင်ဖြင့် ဒီထဲမှာ ဒုတိယပုဂ္ဂိုလ်လည်းပါကြမှာပဲ … (မှန်ပါ့) သို့သော် ဒီ စတုတ္ထပုဂ္ဂိုလ်ဖြစ်ဖို့ကတော့ဖြင့် မလွယ်ဘူးပေါ့ဗျာ … (မှန်ပါ့)။ မလွယ်ဘူးတဲ့၊ သဗ္ဗညုတ ဥာဏံဆိုတာ ယုန်သူငယ်ခြေနဲ့ထောက်ပြီး သကာလ၊ ပင်လယ်ကြီးထဲမှာ ယုန်သူငယ် ခြေနဲ့ထောက်တဲ့အခါကျတော့ မောင်နိုင်၊ မောင်ဘမှီတို့ အကုန်မှီပါ့မလား … (မမှီပါဘုရား)။ စမ်းထောက်ရတာချည့်ပဲ ဆိုတာကော သဘောကျပလား … (ကျပါတယ်) စမ်းထောက်ရတာပဲ။ ဒါကြောင့် ဒကာ ဒကာမတို့၊ ဒုတိယပုဂ္ဂိုလ်ဖြစ်ရင် လည်းကောင်းကြ၏။ စတုတ္ထပုဂ္ဂိုလ်ဖြစ်ရင် လည်း အလွန့်အလွန်ကောင်း၏ ဆိုတာကို၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတယ်။ ဟောတော့များသောအားဖြင့် ဒုတိယပုဂ္ဂိုလ်များဖြစ်လိမ့်မယ်လို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား) အဲတော့ခု တရားနာလာကြတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ၊ ဩော်…ညည်းလုံးတော့ဖြင့် မထုတ်လိုက်ပါနဲ့လို့ သတိပေးလိုက်တယ်… (မှန်ပါ့)။ စာပေမတတ်လို့ အားမငယ်လိုက်ပါနဲ့ စကလည်းမတတ်၊ ပေကလည်းမတတ်နဲ့၊ ဒို့မှတ်ပြီး ဆရာသမားပြောတာလုပ်နေရတာပဲလို့ ဒီလိုအားမငယ်လိုက်ပါနဲ့တဲ့၊ မချုန်းပဲနဲ့ရွာတဲ့မိုးမျိုးလည်း ရှိပါတယ်လို့ပြောလိုက်တယ် … (မှန်ပါ့) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။ ကောင်းပြီ ဒါဖြင့်ချုန်းလည်းချုန်း ရွာလည်းရွာတဲ့မိုးဆိုရင် အလွန့်အလွန်ကောင်း၊ စာပေ ကျမ်းဂန်တွေလည်းတတ်၊ အလုပ်လည်း သစ္စာဆိုက်အောင် အလုပ်လုပ်မယ်ဆိုရင်၊ အလွန်ကောင်းတယ် ဆိုတာတော့ဖြင့် ပြောဖို့လိုသေးသလား … (မလိုပါဘူးဘုရား)။ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ အားမငယ်စရာ ဒုတိယ ပုဂ္ဂိုလ်အားငယ်စရာပါရဲ့လား… (မပါပါဘူးဘုရား)။ အဲဒီနှစ်ယောက်ဖြင့် ဒကာ ဒကာမတွေ ဒုတိယနဲ့လည်း မဂ်ရတာပဲ၊ စတုတ္ထအဖြစ်နဲ့ကော … (ရပါတယ်ဘုရား)။ အဲဒါကြောင့် အားငယ်စရာမရှိဘူးဆိုတာလည်း သဘောကျပလား…(ကျပါတယ်ဘုရား) အားငယ်စရာ မရှိဘူးဆိုတာ သဘောကျပါ။ ဘာကြောင့် သဘောကျခိုင်းရပါသတုံးလို့ မေးတဲ့အခါကျတော့မှ စာဆိုတဲ့ဥစ္စာဘယ်အချိန်က စပေါ်တယ်ဆိုတာ ဆင်ခြင်ယူလိုက်ရုံပေါ့နော်…(မှန်ပါ့)။ စာဘယ်အချိန်ကစပါလိမ့် စာဘယ်အချိန်ကစပြီး သကာလ၊ စာရယ်လို့ဖြစ်ထွန်းပြီးသကာလ စာတွေစုကြပါလိမ့်မလဲလို့ မေးလို့ရှိရင်၊ ဘုရား ပရိနိဗ္ဗာန်စံပြီး ခုနှစ်ဆယ်ရက်လောက်ရှိမှ သင်္ဂါယတနာတင်တယ်ဆိုပြီး စာစုပွဲကြီးလုပ်…(မှန်ပါ့) သဘောကျပလား…(ကျပါတယ်ဘုရား)။ ဒါဖြင့် ဘုရားပွင့်တာနဲ့၊ သင်္ဂါယတနာတင်တဲ့ စာစုပွဲနဲ့၊ ဒကာဒကာမတွေ ဘယ်သူရှေ့၊ ဘယ်သူနောက်လည်းဆိုတာလည်း ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဘယ်သူကပါလိမ့် … (ဘုရားကရှေ့ပါဘုရား) ဒါဖြင့် စာကနောက်မှ …(နောက်မှ) သဘောကျပလား (ကျပါပြီဘုရား)။ အဲဒီတင် တစ်ခါစဉ်းစားတော့၊ အင်းဘုရားဖြစ်ပြီးသကာလ ဘုရားဖြစ်ပြီး ဘုရား၏ အလုပ်ကို လုပ်လို့ ကျွတ်တမ်းဝင်သွားတဲ့ ပုဂ္ဂိုလ်နဲ့၊ ဒကာ ဒကာမတို့ စာတွေကြည့်ပြီး ပေါ်လာတဲ့ အချိန်ကျမှ ကျွတ်တမ်းဝင်တဲ့ ပုဂ္ဂိုလ်နဲ့ နှိုင်းယှဉ်လို့ရပါ့မလား … (မရပါဘူး)။ ဘုရားလည်ဖြစ် ဘုရားလက်ထက်က ကျွတ်တမ်းဝင်တာက တယ်များတယ်… (များပါတယ်ဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။ အဲဒါကြောင့် ဒါတွေထောက်လိုက်သဖြင့်၊ သြော် ဘုရားလက်ထက်ကပင်များသောအားဖြင့်၊ နှစ်နံပါတ်မိုးနဲ့တူတဲ့ ပုဂ္ဂိုလ်တွေများလိမ့်မယ်ဆိုတာလည်း ခင်ဗျားတို့ သဘောကျဖို့ကောင်းတယ် … (ကျပါတယ်ဘုရား)။ စာမတတ်ပေမယ့်၊ ကျွတ်တမ်းဝင်ကြတယ် ဘာပြုလို့တုံး စာမကြည့်၊ ပေမကြည့် ပေမယ့် ကျွတ်တမ်းဝင်ကြတယ်…(မှန်ပါ့) အဲဒါ ဘယ်ပုဂ္ဂိုလ်ထဲရောက်…(နှစ်နံပါတ် ပုဂ္ဂိုလ်ထဲရောက်ပါတယ်ဘုရား) နှစ်နံပါတ်ပုဂ္ဂိုလ်ထဲရောက် သွားတယ် ဆိုတာ သဘောကျပလား … (ကျပါတယ်)။ ဒါကြောင့် ဘုရားသည် ဘယ်လိုပုဂ္ဂိုလ်တွေကို အများကြီး ကျွတ်တမ်းဝင်အောင် ကြိုးစားပါလိမ့်မလဲဆိုတော့ ဧကော ဓမ္မောဆိုတော့တစ်ခုတည်းလုပ်ပြီး သတိပဋ္ဌာန် လေးပါးထဲက တစ်ပါးကို ပြသပြီး၊ သစ္စာဆိုက်အောင်ပြပြီးသကာလ၊ ကိုယ်တော်မြတ်ကြီးသည် ကျွတ်တမ်းဆွဲသွားတယ် ကျွတ်တမ်းဝင်အောင်ဆွဲငင်သွားတယ်ဆိုတာ ငြင်းပယ်ဖို့လိုသေးသလား … (မလိုပါဘုရား)။ အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေလည်း အားမငယ်နဲ့ ဆိုတာကို၊ မိုးလေးမျိုး ဥပမာနဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး စတုက္ကနိပါတ် အင်္ဂုတ္တုရ်မှာ၊ ကိုယ်တော်တိုင် ဖွင့်ဟပြီးသကာလ ပြောတဲ့အတွက် အားငယ်စရာကော ရှိရဲ့လား … (မရှိပါဘူးဘုရား)။ ကောင်းပြီ ဒါဖြင့်မှတ်ဖို့၊ ဝေဒနာရှုတဲ့ပုဂ္ဂိုလ် ဝေဒနာတစ်လုံးနဲ့သာလိုက်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ကကော … (စိတ်တစ်လုံးနဲ့ လိုက်ရမှာပါဘုရား) အင်းရုပ်ရှုတဲ့ ပုဂ္ဂိုလ်ကကော (ရုပ်နဲ့ပဲလိုက်ရမှာပါဘုရား) ရုပ်ဆုံးအောင်လိုက်လိုက်ရင်ပြီးတာပဲ။ သစ္စာကြည့်တဲ့ ပုဂ္ဂိုလ်ကရော … (သစ္စာဆုံးအောင်လိုက်ရမှာပါဘုရား) အဲ ဒုက္ခသစ္စာအဆုံး ဒုက္ခဿအန္တံကရိဿတိ ဆိုသဖြင့်၊ ဒုက္ခသစ္စာအဆုံးမှာ နိရောဓသစ္စာ ရှိတယ်ဆိုရင်ကော ငြင်းဖို့လိုသေး သလား… (မလိုပါဘူးဘုရား)။ နိဗ္ဗာန်ရမှုသည် အလုပ်ပေါ်မှာမှီတယ် အဲတော့ နိဗ္ဗာန်ရမှုမှာ အလုပ်ပေါ်မှာ မှီခဲ့တယ်ဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား) ဒါဖြင့် ဒီလေးမျိုးကို ဆရာဘုန်းကြီး ယနေ့ပြောလိုက်သဖြင့်၊ စာမတတ်ပေမတတ် သမားကလည်း ဒကာ ဒကာမတို့၊ မဂ်ဖိုလ်ရောက်တယ်ဆိုတဲ့အကြောင်းကို ထောက်ခံချက်ပေးလိုက်ပါတယ် … (မှန်ပါ့)။ စာတတ်ပေတတ်လည်း မဂ်ဖိုလ်ကို အလုပ်လုပ်ရင် မဂ်ဖိုလ်ရောက်တယ်ဆိုတာကို ဘုရားထောက်ခံချက်မပေးဘူးလား … (ပေးပါတယ်) ဒါဖြင့် ဒီနှစ်မျိုးထဲကသာ ဖြစ်ကြပါစေဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတွေအား လေးလေးနက်နက် တိုက်တွန်းတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။ ကောင်းပြီ ဒါဖြင့် အလုပ်သဘောကို ပြောကြပါစို့ ဒကာ ဒကာမတို့၊ အလုပ်သဘော ဆိုတာသည် ပညာ။ ပညာဆိုတာဟာတဲ့၊ ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်နော်၊ ပညာဆိုတာ ဘာပါလိမ့်… (ထိုးဖောက်နိုင်တဲ့ စွမ်းရည်သတ္တိရှိပါတယ်ဘုရား)။ ထိုးဖောက်စရာရှိတဲ့နေရာမှာ ထိုးဖောက်နိုင်တဲ့စွမ်းရည်သတ္တှိတယ်ဆိုတာ သဘောကျပလား …(ကျပါတယ်ဘုရား)။ ဒါဖြင့် ဘယ်လိုနေရာ ထိုးဖောက်ပါလိမ့်မတုံးဆိုတော့၊ ကျုပ်တို့ကတော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာနဲ့ လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ … (မှန်ပါ့)။ ဒီပုဂ္ဂိုလ်တွေ ဘယ်ကလာခဲ့ကြတုံးမေးရင် … (အ၀ိဇ္ဇာ၊ ပစ္စယာ သင်္ခါရာ ကလာခဲ့ပါတယ် ဘုရား) အ၀ိဇ္ဇာ ပစ္စယာသင်္ခါရာ၊ အ၀ိဇ္ဇာကြောင့် ဖြစ်တာသည် သင်္ခါရလို့ကြည့်ပြီး သကာလ၊ သင်္ခါရပစ္စယာ ၀ိညာဏံဆိုပြီး ကျုပ်တို့ ပဋိသန္ဓေ နေလာကြတယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား)။ အင်း လက်သည်အစ အ၀ိဇ္ဇာပစ္စယာကပဲဆိုတာ ငြင်းဖို့လိုသေးလား … (မလိုပါဘူးဘုရား) အ၀ိဇ္ဇာဆိုတာ ဘာတုံးဆိုတော့ ဒုက္ခေ အဥာဏံ၊ ဒုက္ခ သမုဒယေအဥာဏံ။ ဒုက္ခံနိရောဓေ အဥာဏံ၊ ဒုက္ခံနိရောဓ ဂါမိနိ ပဋိပဒါအဥာဏံဆိုတော့ သစ္စာလေးပါးမသိတဲ့တရား၊ အ၀ိဇ္ဇာပဲမဟုတ်လား (မှန်ပါ့) ရှင်းကြလား … (ရှင်းပါပြီဘုရား)။ အင်းကျုပ်တို့က ပဋိသန္ဓေနေတယ်ဆိုတာ၊ ဒီပုဂ္ဂိုလ်တွေဟာ အ၀ိဇ္ဇာ ပစ္စယာသင်္ခါရကြောင့် နေပြီးသကာလလာခဲ့ကြတော့၊ ဩော် တို့က အ၀ိဇ္ဇာရှိလို့လား၊ မရှိလေရော့လားလို့ မတွေးနဲ့တော့၊ ကိုယ့်အကြောင်းကို ပြန်ကြည့်လိုက်နယ် အ၀ိဇ္ဇာ ပစ္စယာသင်္ခါရာ လာတွေ့တယ် … (မှန်ပါ့) မတွေ့ဘူးလား … (တွေ့ပါတယ်ဘုရား) အားလုံးပဲ ဒကာ ဒကာမတွေမှာ အ၀ိဇ္ဇာမှရှိကြပါရဲ့လား … (ရှိကြပါတယ်ဘုရား)။ ပညာကိုဝိဇ္ဇာလို့ခေါ်တယ် အင်းဒါကြောင့် ပညာဆိုတာသည် ကားလို့ဆိုလို့ရှိရင် ဒကာ ဒကာမတို့ ၀ိဇ္ဇာလို့လည်း ခေါ်ရတယ်လို့သဘောကျပလား… (ကျပါတယ်ဘုရား)။ ပညာကို ဘယ်လိုခေါ်နိုင်တုံး … (၀ိဇ္ဇာလို့ခေါ်နိုင်ပါတယ်ဘုရား) ၀ိဇ္ဇာလို့လဲခေါ်နိုင်တဲ့အတွက် ဒကာ ဒကာမတို့ စတုက္ကနိပါတ် ပါဠိတော်များ၌ ကိုယ်တိုင်ဟောထားတာရှိတယ်။ ပညာဟာအမြတ်ဆုံး၊ အခက်ဆုံး ၀ိနည်းတော်က ဘာပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့်၊ လောကမှာဟောတဲ့ အမြတ်ဆုံးရွေးလို့ရှိရင်၊ ပညာဟာ အမြတ်ဆုံး အခက်ဆုံးပဲ သဘောကျပလား … (ကျပါတယ်ဘုရား)။ ဘယ့်နှယ့်ကြောင့်တုံး ပြောတဲ့အခါကျတော့ဘုရားက ပညာသည်သူများ မထိုးဖောက် နိုင်တာကို ထိုးဖောက်နိုင်တယ်၊ ဘယ်လောက် အမှောင်ထုထဲဖြစ်ဖြစ် ပညာတည်းဟူသော အလင်းက ထိုးဖောက်လိုက်ရှိရှိရင် အမှောင်တွေ ဘာဖြစ်ကုန်တုံး … (ပျောက်ကုန်ပါတယ်ဘုရား)။ ဒါဖြင့် ပညာအရေးမကြီးဘူးလား …(ကြီးပါတယ်ဘုရား) ဒါက ခင်ဗျားတိုပ ပညာစခန်းကို ဆရာဘုန်ကြီး ပြောတဲ့အတိုင်း မရှုခဲ့ကြပါဘူး ဆိုလို့ရှိရင် ခင်ဗျားတို့အလင်းရောင်မရတဲ့ ပုဂ္ဂိုလ်တွေဘက် ပါသွားမယ်…(မှန်ပါ့) မပါပေဘူးလား…(ပါပါတယ်) ပညာစခန်းကို မလုပ်တော့ပါဘူး ဆိုလို့ရှိင်ဖြင့် ဒကာ ဒကာမတို့၊ အင်းအမှောင်ထဲ မွေးပြီး အမှောင်ထဲမှာ သေရှာတော့မှာပဲဆိုတာ ဆုံးဖြတ်ချက်ချပါ…(မှန်ပါ့)။ ပညာစခန်းမလုပ်ရင်ဘာပါလိမ့်…(အမှောင်ထဲမွေးပြီး အမှောင်ထဲမှာ သေပါဘုရား) အ၀ိဇ္ဇာနဲ့မွေးပြီး အ၀ိဇ္ဇာနဲ့သေမယ်ပြောတာ… (မှန်ပါ့)။ သေခါနီးကျတော့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတွေလာတော့ အ၀ိဇ္ဇာက တွဲရက်မနေဘူးလား … (နေပါတယ်ဘုရား)။ အင်းဒါဖြင့် ဒကာ ဒကာမတို့ ဘာနဲ့စ၍ ဘာနဲ့ဆုံးပါလိမ့်…(အမှောင်စပြီးအမှောင်နဲ့ဆုံးပါဘုရား) အမှောင်နဲ့စ အမှောင်ဆုံးဆိုတာ မောင်နိုင် မောင်ဘမှီတို့ ကျေနပ်လား … (ကျေနပ်ပါတယ်ဘုရား)။ ဒါဖြင့် ၀ိပဿနာရှုတဲ့ပညာ၊ ဒါ သီလလည်း ထိုးဖောက်တော့မှာ … (မှန်ပါ့) နို့မဟုတ်ရင် ထိုးဖောက်နိုင်ပါ့မလား … (မထိုးဖောက်နိုင်ပါဘုရား)။ ကိုယ့်အကြောင်းကိုယ်သိကြပါ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်အကြောင်းကိုယ်သိကြပါတော့ … (မှန်ပါ့) ကိုယ်ဟာ အမှောင်ထဲက မွေးလာတာ၊ ဒီတစ်ခါ ဆရာသမားတိုက်တွန်းတဲ့အတိုင်း၊ ဘုရားဟောတော် မူတဲ့အတိုင်း အလွဲအလုပ်ကို မလုပ်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့်၊ ဒို့ဟာ … အင်း … မျက်လုံးမပါတဲ့ ပိုးဆင်ကောင်တို့လို ပိုးဖလံတို့လို ထင်ရာပျံပြီး၊ ထင်ရာစိုင်းတာ … (မှန်ပါ့)။ ထင်ရာစိုင်း ၀ုန်းခနဲကျတာပဲ။ ဒီနေရာတိုက် ၀ုန်းခနဲ ကျတာမြင်ဖူးကြပါလိမ့်မယ်…(မှန်ပါ့)၊ မကျဘူးလား … (ကျပါတယ်ဘုရား) အဲဒီတော့ ဒီမျက်လုံးမပါဘဲနဲ့ ရမ်းပြီးပျံတော့ ဒကာ ဒကာမတွေ ရမ်းကျပဲမကျဘူးလား … (ကျပါတယ်ဘုရား) အဲဒီအတိုင်း ဒကာ ဒကာမတွေ အဖြစ်ကဆိုး၊ အနေကဆိုးတွေ ဖြစ်မှာစိုးရိမ်လို့၊ ဒီတရားကို ဟောနေတာပဲ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါတယ်ဘုရား) အဖြစ်ကကော … (ဆိုးပါတယ်ဘုရား) အင်း အသေကကော … (ဆိုးပါတယ်ဘုရား) အဲဒီဆိုးမှာ စိုးတဲ့အတွက် အမှောင်ထဲက ဖြစ်ပြီးသကာလ အမှောင်ထဲသေမယ်ဆိုတော့ ကြားထဲ အလင်းဝင်လို့ ရသေးရဲ့လား… (မရပါဘူးဘုရား)။ ပညာအလင်းရောင်သည် အမြတ်ဆုံး အဲဒါကြောင့် ပညာ သေဋ္ဌော လောကသ —
0 comments:
Post a Comment