သက္ကာယဒိဋ္ဌိ ၊ သဿတဒိဋ္ဌိ ၊ ဥစ္ဆေဒဒိဋ္ဌိ ~*~*~*~*~*~*~*~*~*~*~*~ တွေးလုံးရှိလို့ ဆွေးလုံးပေါ်တာ၊ တွေးလုံးမရှိရင် ဆွေးလုံးမလာဘူး၊ အတွေးကြောင့်သာ အဆွေးပေါ်တာပဲလို့ သိရမယ်၊ ဒီလိုသိတာ အကြောင်း အကျိုးဆက်တာ သိရတာပဲ၊ ဒီလိုသိရင် “ဥစ္ဆေဒဒိဋ္ဌိ” စင်ပြီ၊ သဘောပါကြပြီလား? ဓမ္မတွေ အဆက်ဆက်လှည့်နေတာဘဲလို့ သိရင် “သက္ကာယဒိဋ္ဌိ” စင်တယ်၊ အတွေးစိတ် ချုပ်တာသိရင် “သဿတဒိဋ္ဌိ” စင်တယ်၊ ဒကာ, ဒကာမတွေ အားလုံးမှတ်မိကြပြီလား၊ “သက္ကာယဒိဋ္ဌိ” ဟာ နှယ်နှယ်ရရ မဟုတ်ဘူး၊ “သက္ကာယဒိဋ္ဌိ” ရှိသူမှာ ဒိဋ္ဌိ သုံးမျိုးလုံးရှိတယ်၊ ဒါကြောင့် “သက္ကာယဒိဋ္ဌိ” ကိုအမြန်ဆုံးဖြုတ်ပြစ်ကြလို့ ဘုရားဟောတော်မှုတာလဲလို့ မှတ်ကြ။ (မိုးကုတ်ဆရာတော်ဘုရား - ဖြစ်ဆဲပဋိစ္စတွေး ဥာဏ်ချပ် တရားတော်) မိုးကုတ်ဆရာတော်ဘုရား (MoGok Sayadaw Phayar)
0 comments:
Post a Comment