Sunday, November 24, 2013

နောင်တတရား (၁ဝ)ပါး =============

၁။ ငယ်ကပညာ မသင်ပါ နောင်ခါနောင်တ ရတတ်သည်။ ၂။ ငယ်ကဥစ္စာ မဖွေရှာ နောင်ခါနောင်တ ရတတ်သည်။ ၃။ သူများချစ်တာ ဖျက်ဆီးရှာ နောင်ခါနောင်တ ရတတ်သည်။ ၄။ သူ့အသက်အား သတ်ဖြတ်ငြား နောင်ခါနောင်တ ရတတ်သည်။ ၅။ သူ့သားမယား ပြစ်မှားငြား နောင်ခါနောင်တ ရတတ်သည်။ ၆။ ပစ္စည်းပေါများ မလှူငြား နောင်ခါနောင်တ ရတတ်သည်။ ၇။ ကျွေးမွေးမိဘ ပြစ်ထားက နောင်ခါနောင်တ ရတတ်သည်။ ၈။ ဆုံးမသြဝါ မလိုက်နာ နောင်ခါနောင်တ ရတတ်သည်။ ၉။ ပညာရှိထံ နည်းမခံ အမှန်နောင်တ ရတတ်သည်။ ၁ဝ။ အမြတ်တရား မကျင့်ငြား နောင်ကားနောင်တ ရတတ်သည်။ ဟိတဓရလက်စွဲ ယဉ်ကျေးလိမ္မာသင်ရိုးမှ — with Thar Thanarnwe.

0 comments:

Post a Comment