Sunday, November 24, 2013

ဗုဒ္ဓဘာသာဝင်များ လိုက်နာကျင့်သုံးရန်

 ၁။ သူတစ်ပါး မကောင်းကြောင်း ဘယ်တော့မှ မပြောပါနဲ့။ သူတစ်ပါး ကောင်းကြောင်းကိုသာ သင် သိသလောက် ပြောပါ။ ၂။ ကဲ့ရဲ့စရာရှာပြီး ကဲ့ရဲ့သည့်အကျင့်ကို ရှောင်ကြဉ်ပါ။ ချီးမွမ်းစရာကို ရှာပြီး ချီးမွမ်းသည့်အကျင့်ကိုသာ ပြုစုပျိုးထောင်ပါ။ ၃။ တစ်ဖက်သားပေါ် ကဲ့ရဲ့စရာတွေ့က ဆိတ်ဆိတ်နေပြီး ချီးမွမ်းစရာတွေ့က ရက်ရက်ရောရော ချီးမွမ်းလိုက်ပါ။ ၄။ ထောက်ခံစရာတွေ့က စိတ်ရောကိုယ်ပါ ထောက်ခံအားပေးလိုက်ပါ။ ၅။ တစ်ဖက်သားကို လေးလေးစားစား တန်ဖိုးထား၍ ဆက်ဆံပါ။ ၆။ ပြောင်လိုက်နောက်လိုက် ဆက်ဆံရေးသည် အချင်းချင်း အပြန်အလှန် လေးစားမှုတန်ဖိုးကို တဖြည်းဖြည်း လျော့နည်းစေပါသည်။ ထို့ကြောင့် ပြောင်လိုက်နောက်လိုက်ဖြင့် အပြောင်အရွှတ် ဆက်ဆံရေးကို ရှောင်ကြဉ်ပါ။ ၇။ သူတစ်ပါးကို တက်နိုင်သမျှ အကူအညီပေးပါ။ ၈။ ကိုယ်ချင်းစာစိတ် များများမွေးပါ။ ၉။ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးစသော အရေးပေါင်းစုံတွင် မိမိက ကတိပေးထားမိက ကတိတည်အောင် စောင့်ထိန်းပါ။ ၁၀။ အရေးပေါင်းစုံတွင် မိမိအပေါ် တာဝန်ရှိလာသမျှကို တာဝန်ကျေအောင် ဆောင်ရွက်ပါ။ ၁၁။ ကြမ်းတမ်းရိုင်းပြသည့်စကားကို ဘယ်တော့မှ မပြောမိစေနဲ့။ ချိုသာယဉ်ကျေး သိမ်မွေ့သည့်စကားကိုသာ ပြောပါ။ ၁၂။ ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။ ၁၃။ ပြဿနာဖြစ်လာပါက အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးစားပါ။ ၁၄။ ခြေလွန်, လက်လွန်, နှုတ်လွန်,မဖြစ်အောင် ထိန်းချုပ်ပါ။ ၁၅။ မိမိမှားနေရင် အလျင်အမြန် ၀န်ခံပြီး တောင်းပန်လိုက်ပါ။ ၁၆။ ကိုယ့်အချင်းချင်း အတက်နိုင်ဆုံး သည်းခံပါ။ ၁၇။ အတက်နိုင်ဆုံး အလျော့ပေးပါ။ ၁၈။ ဗုဒ္ဓဘာသာဝင်အချင်းချင်း ကြီးပွားချမ်းသာအောင် ပြုလုပ်ပေးလိုစိတ် များများမွေးပါ။ ၁၉။ ဘာသာခြားတို့တွင် ကိုယ့်လူမျိုးကို ၀ါးမြိုမည့်သူများအား တက်အားသလောက်ရှောင်ကြဉ်ပါ...။ အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

0 comments:

Post a Comment