ကုန်ခဲ့သောသာသနာနှစ် (၂၅၀၀)တွင် အနှစ်(၅၀၀) တွင်တစ်ကြိမ်ကျ ခေတ်ပြောင်းသွားပေရာ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီးနောက်- ၁။ ပထမအနှစ် (၅၀၀)သည် ၀ိမုတ္တိယုဂခေတ် အရိယာများပေါ်ထွန်းနိုင်သောခေတ် ၂။ ဒုတိယအနှစ် (၅၀၀)သည် သမာဓိယုဂခေတ် လောကီဝိဇ္ဖာများပေါ်ထွန်းနိုင်သောခေတ် ၃။ တတိယအနှစ် (၅၀၀)သည် သီလယုဂခေတ် အကျင့်သီလအားကောင်းသောခေတ် ၄။ စတုတ္ထအနှစ် (၅၀၀)သည် သုတခေတ် စာပေပရိယတ္တိထွန်းကားသောခေတ် ၅။ ပဉ္စမအနှစ် (၅၀၀)သည် ဒါနယုဂခေတ် အလှူအတန်းဒါနတွေအားကောင်းသောခေတ် သာသနာ (၂၅၀၀)လွန်ခဲ့ပြီးနောက် ကျန်ရှိသောသာသနာနှစ် (၂၅၀၀)တွင် ပထမအနှစ်(၅၀၀) သည် အရိယာများပေါ်ထွန်းနိုင်မည့် ၀ိမုတ္တိယုဂခေတ် သို့တပတ်ပြန်လည်ရောက်ရှိရကား- ‘‘၀ိမုတ္တိယုဂခေတ် တပတ်ပြန် ပရမတ်သံကြားရချည့်လေး‘‘ ဆိုသည့်စာချိုးအတိုင်းယခုအခါ ရုပ်သံ၊နာမ်သံ၊ပရမတ်သံတွေနှင့်အတူ ကမ္မဋ္ဌာန်းတရားစခန်းပေါင်းများစွာလည်းကမ္ဘာအရပ်ရပ်၌ထွန်းကားစည်ပင် ပြန့်ပွားလျှက်ရှိပေသည်။ကြိုးစားပွားများအားထုတ်ကြရန်မိမိတို့၏ အဓိက တာဝန်သာလျှင်ကျန်ရှိပေတော့သည်။
0 comments:
Post a Comment