Wednesday, November 20, 2013

“ဝိပလ္လာသ (၃)ပါး”


Photo

“ဝိပလ္လာသ (၃)ပါး” =========== crdt;;;Shwe Tun (၁) ဒိဋ္ဌိဝိပလ္လာသ (အယူမှားမှု) (၂) သညာဝိပလ္လာသ (အမှတ်မှားမှု) (၃) စိတ္တဝိပလ္လာသ (အသိမှားမှု) အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အနတ္တကို အတ္တ၊ အသုဘကို သုဘလို့ အယူမှား၊ အမှတ်မှား၊ အသိမှား၏။ ဒိဋ္ဌိဝိပလ္လာသ - မိမိ၏ကိုယ်တွင်းမှာ စိတ်ကို တစ်သက်လုံး တစ်စိတ် တည်းသာ အမှန်ဖြစ်၏။ ထိုစိတ်သည် သတ္တဝါ၏ (အနှစ်သာရ) အတ္တအဖြစ် မြင်၏။ ဤကား ဒိဋ္ဌိ၏အယူမှားမှု ဖြစ်သည်။ သညာဝိပလ္လာသ - စိတ်မြင်တိုင်း၊ ဒိဋ္ဌိမြင်တိုင်း အဟုတ်အမှန်ပြု၍ အမြဲ အစွဲ မှတ်သားမှုတည်း။ သညာ၏ မှတ်သားမှုသည် ကာလကြာမြင့်သည့် အလျှောက် အလွန်ခိုင်မြဲ၏။ ပယ်ဖျက်ခြင်းငှာ အလွန် ခဲယဉ်းလှ၏။ စိတ္တဝိပလ္လာသ - စိတ်သည် ရုပ်တရား၊ နမ်တရားတို့ကို တစ်ပေါင်းတည်း တစ်ခုတည်းအဖြစ် အပေါင်းသမူဟ ပညတ်ကိုသာ မြင်တတ်၏။ ရုပ်တရား နမ်တရားတို့၏ ဖြစ်မှု၊ ချုပ်မှုဖြစ်စဉ်ကို မမြင်တတ်ပေ။ တဆက်တည်း အနေဖြင့် အစဉ်သန္တတိ ပညတ်ကိုသာ မြင်တတ်၏။ တစ်သက်လုံးမှ တစ်စိတ်ဟုသာ မြင်၏။ ဤကား စိတ်၏အသိမှားမှု ဖြစ်သည်။ ဒေါက်တာစိုးလွင် (မန္တလေး) လယ်တီဆရာတော်ဘုရားကြီးရေးသားသောအနတ္တဒီပနီ မှ ပြန်လည် ကောက်နှုတ် ကူးယူ ပူဇော် မျှဝေပါသည်။

0 comments:

Post a Comment