ကျွန်တော်ဒီပိုစ့်လေးမှာ Pattenlock ကျနေတဲ့သူငယ်ချင်းတွေအတွက်အလွယ်ကူဆုံးဖြေနည်းလေးတစ်ခု
ရယ် CWM mode ၀င်နည်းနှင့် Download mode နည်းလေးကိုတစ်ခါတည်းသိသလောက်လေးပြောပြပေးသွားပါမယ်။ပထမဆုံးအလွယ်ကူဆုံးဖြစ်တဲ့ အကြောင်းကြောင်းကြောင့် Pattenlock ကျနေသူတွေအ
တွက်အောက်မှာ zip ဖိုင်လေးကိုဒေါင်းပြီးမိမိဖုန်း SD ကဒ်ထဲကိုထည့်လိုက်ပါ။ပြီးရင် CWM mode ကနေ
ခုနထည့်ထားတဲ့ zip ဖိုင်ကိုသွားခေါ်ပြီး (zip ဖြည်တဲ့ Apk ဥမာ. Rom Apk) Install လုပ်လိုက်ပါ။ပြီးရင်
ဖုန်းပိတ်ပြီးပြန်ပွင့်လာလျှင်အဆင်ပြေသွားပါပြီ။
နောက်တစ်ခုက CWM mode ထဲကိုဝင်နည်းပါ...
ဖုန်းကိုပိတ်ပြီးပြန်ဖွင့်ရင်Volume Up+Power+Home ကိုဖိနှိပ်ထားပါပုံမှာပြထားတဲ့အတိုင်းပါပဲ။
အောက်ကပြထားတဲ့ပုံအတိုင်းပေါ်လာရင် CWM mode ထဲရောက်သွားပြီဖြစ်သောကြောင့်မိမိ Install
လုပ်ချင်သော zip ကိုထားတဲ့နေရာကနေသွားခေါ်လို့ရပါပြီ။
နောက်တစ်ခုက Download mode ၀င်နည်းကတော့....
ပုံမှာပြထားတဲ့အတိုင်းဖုန်းပိတ်ပြီးပြန်ဖွင့်ရင် Volume Down+Power+Home ကိုဖိထားပေးပါက
Download mode ထဲကိုရောက်ရှိမှာဖြစ်ပါတယ်။
အောက်ကပုံကတော့ Download mode ထဲရောက်သွားရင်ပေါ်လာတဲ့ပုံပါ။ဒီလိုပေါ်လာရင်
Volume up ကိုနှိပ်ပေးလိုက်ပါ။
ကျွန်တော်ကတော့မေးထားတဲ့သူငယ်ချင်းတွေအတွက်ဒီလောက်ပဲဖြေပေးမှာပါ။ကျန်တဲ့အစိတ်အပိုင်း
တွေကတော့ကိုယ်ပြုလုပ်တဲ့အနေအထားပေါ်မူတည်ပြီးကွဲပြားသွားမှာပါ။ Pin-Patten-PasswordUnlock
zip ဖိုင်ကိုဒေါင်းရန်အောက်မှာနှိပ်ပြီးသွားလိုက်ပါ။
ကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
0 comments:
Post a Comment