
မျက်ခွံမို့ခြင်းနှင့် မျက်ကွင်းညိုခြင်းအတွက် သဘာဝကုထုံးများ
(၁) လိပ်ခေါင်းလိမ်းဆေး
မော်ဒယ်များနှင့်ကပြဖျော်ဖြေသူများသည်
မျက်ရစ်ဖောင်းခြင်း၊ မျက်ရစ်တွဲကျခြင်းများအတွက် လိပ်ခေါင်းလိမ်းဆေးကို
နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ ထိုဆေးသည် ဖောင်းအိတွဲကျနေသည့်
မျက်ရစ်၊မျက်ခွံများတင်းရင်းစြေ ပီး
အရေးအကြောင်းများကိုပါ လျော့ကျစေသည်။ လိမ်းဆေး၏အနံ့ပြင်းလွန်းပါက
moisturizer ကရင်မ်နှင့်အနည်းငယ်ရောစပ်ပြီး အသုံးပြုပါ။
(၂) လက်ဖက်ရည်ထုပ်
လက်ဖက်ရည်တွင် tannin ဓါတ်များပါဝင်ပြီး ရေဆွဲယူနိုင်သည့် အာနိသင်ရှိရာ
အချိန်များများစား စားပေး၍ အလှပြင်ချိန်မရသူ မော်ဒယ်များ၊
သရုပ်ဆောင်များအသုံးပြုလေ့ရှိကြ သည်။
စက္ကူပတ်နှင့်လာသော လက်ဖက်ရည်ထုပ်နှစ်ထုပ်ကို ရေနွေးပူထဲနှစ်၍
စိုစွတ်စေပြီး ရေခဲ သေတ္တာထဲချက်ချင်းထည့်၍ အအေးခံပါ။
ထို့နောက်မျက်လုံးတစ်ဖက်စီပေါ် လက်ဖက်ရည်ထုပ်တစ်ခုစီ တင်ပြီး
ငါးမိနစ်ခန့်ထားပါ။
(၃) ထောပတ်သီး
ပင်ပန်းမှုကြောင့် မျက်ကွင်းညို ခြင်းဖြစ်ပေါ်သည့်အခါ ဂရုတစိုက်မပြုပြင်လျှင်
အချို့ပုဂ္ဂိုလ်များ၌ နှစ်ပေါင်းများစွာတိုင် မျက်ကွင်းညိုနေ တတ်သည်။
ထောပတ်သီးမှည့်ကို ခပ်ပါးပါးလှီးပြီး မျက်ကွင်းညိုနေသည့်နေရာများ၌
ကပ်ထားပေးပါ။
(၄) ဇွန်း
သတ္တုဇွန်းနှစ်ဇွန်းကို ရေအေး အေးထဲထည့်၍ မိနစ်အနည်းငယ်ခန့် စိမ်ထားပါ။
ထို့နောက်လဲလျောင်း၍ ဇွန်း၏ခုံးနေသောအပိုင်းကို မျက်ခွံ ပေါ် စက္ကန့် (၃၀) မှ
စက္ကန့် (၆၀)အထိ တင်ထားပါ။ သတ္တု၏အအေး ဓါတ်သည် ပင်ပန်းနွမ်းနယ်နေသော
မျက်လုံးများကို လန်းဆန်းစေနိုင် သည်။
(၅) သခွားသီး
မျက်လုံးတစ်ခုလုံးနီရဲမို့မောက် နေပါက
သခွားသီးတစ်စိတ်စီကို မျက်လုံးပေါ်၌ မိနစ် (၃၀) ကြာတင် ပေးပါ။ သခွားသီး၏
အအေးဓါတ်နှင့် ရေဓါတ်ကြောင့်နီရဲနေသော မျက်လုံး များဖြူဝင်းလာစေသည်။
Health Updates Journal — with Shwe Arlu and Shwe Eaim Si.
မျက်ခွံမို့ခြင်းနှင့် မျက်ကွင်းညိုခြင်းအတွက် သဘာဝကုထုံးများ(မည်သူမဆိုမျှဝယူ နိုင်သညShwe Arluကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ)
0 comments:
Post a Comment