Sunday, December 1, 2013

သြဇာ သီး၏ ကောင်းကျိုး များ

Photo
သြဇာ သီး၏ ကောင်းကျိုး များ ကမ္ဘာ တစ်ဝန်း လုံးမှာ ပေါက်ရောက် နေတဲ့ ချိုတဲ့ သစ်သီး ဖြစ်တဲ့ သြဇာ သီးဟာ အရ သာရှိ သလို ဆေးဖက် ၀င်တဲ့ အစွမ်း လည်း အများ အပြား ရှိပါတယ်။ ၁။ အစာ မကြေ ဝေဒ နာကို သက်သာ စေပါ တယ် ဩဇာ သီးဟာ အစာမ ကြေတာ၊ ရင် ပြည့်ရင် ကယ်တာ စတဲ့ ဝေဒနာ တွေကို သက်သာ စေပါ တယ်။ ၂။ ဝမ်းပျက် ၀မ်းလျှော တာနဲ့ ဝမ်းကိုက် တာကို သက်သာ စေနိုင် ပါတယ် ဩဇာ သီးမှာ ကြေးနီဓာတ် ပါဝင် တာကြောင့် ဝမ်းချုပ် ခြင်း ကင်းဝေး စေပြီး ဝမ်းပျက် ၀မ်းလျှော တာနဲ့ ဝမ်းကိုက်တာ တို့ကို လည်း သက်သာ စေပါ တယ်။ ၃။ အင်တီ အောက်ဆီး ဒင့် အစွမ်း ရှိပါ တယ် ဗီတာမင်စီ အများ အပြား ပါဝင်တာ ကြောင့် အင်တီ အောက်ဆီဒင့် ဂုဏ် သတ္တိ ရှိကာ ကိုယ်ခန္ဓာ တွင်းရှိ ဖရီး ရယ်ဒီ ကယ် တွေကို တွန်းလှန် ပေးနိုင် ပါတယ်။ ၄။ အသား အရေ နဲ့ ဆံကေ သာကို ကျန်းမာ စေပါ တယ် ဩဇာ သီးမှာ ဗီတာမင်အေ ပါဝင် တာကြောင့် အသား အရေနဲ့ ဆံကေသာ ကို ကျန်းမာ စေပါ တယ်။ ၅။ နှလုံး ကျန်းမာ စေပါ တယ် ဩဇာ သီးမှာ ပိုတက်စီ ယမ်နဲ့ မဂ္ဂနီ ဆီယမ်တို့ ပါဝင်မှု များတာ ကြောင့် နှလုံး ရောဂါမ ဖြစ်အောင် အကာ အကွယ်ပေး ပါတယ်။ ကြွက်သား အားနည်း မှုကို သက် သာစေတဲ့ အတွက် ပင်ပန်း နွမ်းနယ်မှု ကင်းစေ ပါတယ်။ ၆။ အဆစ်ကို ကျန်းမာ စေပါ တယ် ဩဇာ သီးမှာ မဂ္ဂနီဆီယမ် များစွာ ပါဝင်တာ ကြောင့် ခန္ဓာကိုယ် တွင်း ရေ ဓာတ်ကို ဟန်ချက် ညီမျှ စေပြီး အဆစ်တွေ ထဲက အက်စစ် ဖယ်ရှား ရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ် ရောင်နာ တဲ့ လက္ခဏာ တွေကို လျော့ကျ စေပါ တယ်။ ၇။ အထွေ ထွေ ကျန်းမာ ရေးကို ကောင်းမွန် စေပါ တယ် ဩဇာ သီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘို ဖလေဗင် (B2) ၊ သ ဘာဝ သကြား၊ နိုင်ယာစင်၊ ကာဗို ဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက် စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာ တွေပါဝင်တာ ကြောင့် အထွေထွေ ကျန်းမာ ရေးကို ကောင်းမွန် စေပါ တယ်။ ၈။ ပိုးသတ် အာနိသင် ရှိပါ တယ် ဩဇာသီး အစေ့မှာ ပိုးသတ် စေတဲ့ အာနိသင် ရှိပါ တယ်။ ၉။ သရေစာ အဖြစ် စားနိုင်ပါ တယ် ဩဇာ သီးမှာ သဘာဝ သကြားဓာတ် ပါဝင် တာကြောင့် သရေ စာနဲ့ အချို ပွဲအ နေနဲ့ စားသင့် ပါတယ်။ ၁၀။ သွေးအား နည်း ရောဂါကို သက်သာ စေနိုင် ပါတယ် ဩဇာ သီးမှာ သံဓာတ် ပါဝင်တာ ကြောင့် သွေးအား နည်းရောဂါ ကုသ မှုမှာ အသုံး ၀င်ပါ တယ်။

0 comments:

Post a Comment