လေးပြောင်းသွားတာမျိုး ကြိုက်တယ်ဆိုရင်တော့ အောက်မှာသေချာရှင်းပြထားပါတယ်။ ဘာမှမခက်ပါဘူး။
ပထမဆုံး Template ကိုသွားလိုက်ပါ။
ပြီးရင် Edit HTML
အောက်က Code ကိုရှာလိုက်ပါ။
]]></b:skin>
တွေ့ရင်အောက်က Code ကိုကူးပြီး ]]></b:skin>
အပေါ်မှာထည့်ပေးလိုက်ပါ။
/* Post Image Shadow Effect by www.showmedreams.blogspot.com */
.post img:hover {
-moz-transform: scale(1.2) rotate(-350deg);
-webkit-transform: scale(1.2) rotate(-350deg);
-o-transform: scale(1.2) rotate(-350deg);
-ms-transform: scale(1.2) rotate(-350deg);
transform: scale(1.2) rotate(-350deg);
-webkit-box-shadow: 0 0 20px #FF0000;
-moz-box-shadow: 0 0 20px #FF0000;
box-shadow: 0 0 20px #FF0000;
}
Friday, September 20, 2013
ကွန်ပြူတာ လုပ်ဆောင်ချက် မြန်စေရန် လိုက်နာသင့်သည့် အချက်များ

၂။ Applcation တစ်ခုသုံးပြီး ပိတ်လိုက်တိုင်း Desktop ကို Refresh လုပ်ပေးဖို့ လိုပါတယ်။ သူက RAM ကို Refresh လုပ်ပေးတာပါ။ မဟုတ်ရင် unused file တွေ ကျန်နေတတ်တဲ့အတွက် လုပ်ဆေင်ချက် နှေးစေ ပါတယ်။ ဒီတော့ Program တွေကို တစ်ခုသုံးပြီးတိုင်း မလိုအပ်ရင် ပိတ်လိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှလည်း Memory usage သက်သာမှာ ဖြစ်ပါတယ်။
၃။ အရွယ်ကြီးလွန်းတဲ့ Wallpaper များကို Desktop Background တင်တာ လည်းရှောင်သင့်ပါတယ်။ 64MB ထက်များတဲ့ အရွယ်အစား တွေကိုပါ။ သူက လည်း RAM မှာနေရာယူတဲ့အတွက် ဖွင့်လိုက်တာနဲ့ကို CPU utilize နှုန်း တက်နေစေပါတယ်။
၎။ Desktop ပေါ်မှာ short cut များမလိုရင် မတင်ပါနဲ့။ လိုအပ်တာတွေ လောက်ပဲ၊ အရေးကြီး သုံးဖြစ်တာလောက်ပဲ တင်သ့င် ပါတယ်။ Short Cut တစ်ခုတိုင်းဆီက RAM မှာ 500 byte ပမာဏ သုံးစွဲ ပါတယ်။ ဒါကြောင့်မို့ လုပ်ဆောင်ချက် နှေးစေပါတယ်။
၅။ Recycle Bin ကို ပုံမှန် empty ဖြစ်အောင် ရှင်းပေးပါ။ file တွေကို ဖြတ် လိုက်ပေမယ့် အမှန်တော့ သူတို့က မပျက်သေးပါဘူး။ အသေးငယ်ဆုံး Byte ပမာဏ ဖြစ်အောင် Compress လုပ်ပြီး Recycle Bin ခေါင်းစဉ်အောက်မှာ အစုအဖွဲ့တစ်ခုအနေနဲ့ သွားရှိနေစေပါတယ်။ ဒါကြောင့် သူ့ကိုသာ ပုံမှန် မရှင်း ပေးရင် စက်ကိုလေးစေ၊နှေးကွေး စေပါတယ်။
၆။ အင်တာနက် temporary file, history တွေကို ဖြတ်ပေးပါ။ ဒါလည်း အရေးကြီးပါတယ်။ အင်တာနက်သုံးလို့ကျန်တဲ့ Cache တွေ၊ Cookie တွေ၊ (Cookie) ဆိုလို့ စားရတဲ့ ကွတ်ကီးကိုဆိုလိုခြင်းမဟုတ်ပါဘူး။ ဝဘ်ဆိုဒ်မှာ မှတ်သားပြီးချန်ခဲ့တဲ့ အချက်အလက်၊ အရာ သဘောမျိုးပါ။ သူတို့ကိုသာ ပုံမှန်မဖြတ်ပေးရင်လည်း Browser application ကိုသာမက ကွန်ပြူတာ System တစ်ခုလုံးရဲ့  လုပ်ဆောင်ချက်ကို နှေးကွေး စေပါတယ်။
၇။ Startup Program များ လျော့ပါ။ Startup program ဆိုတာဒီလိုပါ။ ကွန်ပြူတာကို စဖွင့်လိုက်တာနဲ့ တက်လာစေမယ့် Application များ ဖြစ်ပါတယ်။ အထူးသဖြင့် Antivirus software တို့၊ G Talk တို့၊ Skype, Dropbox အစရှိသဖြင့်တို့ကို Startup မှာတစ်ခါတည်း တက်လာစေဖို့ Default အနေနဲ့ ပေးထားတတ်ကြပါတယ်။ ဒီတော့ ဖြုတ်ထားလေ ကောင်းလေပါတယ်။ တစ်ခါတစ်လေ မသုံးဖြစ်ပဲ ထားတဲ့ဟာတွေဆိုရင် RAM အလကား စားပြီး System ကိုနှေးကွေး စေပါတယ်။ Window မှာ Startup တွေဖြုတ်ချင်ရင် Command + R နှိပ်ပြီး msconfig ကိုနှိပ်လို့ လိုရာရွေးနိုင်ပါတယ်။
အကြံပေးချက်
ကျနော်တို့ ကွန်ပြူတာတွေ စက်က ဟန်းသွားရင်၊ ဘာမှနှိပ်လို့မရရင် အများစု လုပ်ဖြစ်ကြတာက ပါဝါပိတ်ပြီး ပြန်ဖွင့်တာမျိုးပါ။ သူက RAM ကို လုံးဝ power supply ဖြတ်တောက်ပြီး Start ပြန်လုပ်တာဖြစ် တဲ့အတွက် ပြဿနာ ဖြေရှင်းပြီးသွားပြီလို့ ထင်ရပေမယ့် နောက်ပိုင်း ပါဝါ မတက်တဲ့ ပြဿနာမျိုးတွေ ကြုံတတ်ပါတယ်။ အတွင်းက Diode တွေ ပျက်ဆီးသွားခြင်းပါ။ ဒီတော့ စက်က ဟန်းသွားရင်၊ ဘာမှ လုပ်လို့ မရ ဖြစ်သွားရင် ၅ မိနစ်မှ ၁၀ မိနစ်ကြားတော့ အနည်းဆုံး စောင့်သင့်ပါတယ်။ ဒါမှ မထူးခြားဘူးဆိုမှ ပိတ်နိုင်ပါတယ်။
ပြီးတော့ Task Manager ဖွင့်ပြီး Force နဲ့ Application ကို End Process လုပ်တာကလည်း ဖြေရှင်းနည်းတစ်မျိုးပါ။ သူက System တစ်ခုလုံးကို Effect မဖြစ်သေးချိန်မှာ အသုံးပြုလို့ရပါတယ်။ System တစ်ခုလုံးကို Effect ဖြစ်သွားရင် Task Manager ဖွင့်ဖို့နေနေသာသာ Arrow key တောင် ရွေ့ မရ ဖြစ်သွားပါတယ်။
ဒီတော့ Third Party Software လည်းသုံးတတ်ဖို့လိုအပ်ပါတယ်။ သိပ် အများကြီး သုံးဖို့ မလိုပါဘူး။ အမှိုက်သရိုက်ရှင်းဖို့အတွက် C Cleaner တို့လို ဆော့ဖ်ဝဲ၊ အန္တရယ်ရှိ ဆော့ဖ်ဝဲတွေကို ထောက်လှမ်း တားဆီး ပေးမယ်၊ နှိပ်နှင်းပေးမယ့် Antivirus ပရိုဂရမ် တစ်ခု ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ အဲဒါကို တစ်ခု မက ထည့်ထားလွန်းရင်လည်း စက်ကို ဟန်းလေး၊ လေးစေ၊ နှေးစေ ပါတယ်။
ဒီလောက်ဆိုရင် မိမိကွန်ပြူတာကို ဘယ်လိုပြုစု အသုံးပြုရမယ်ဆိုတာကို အခြေခံအားဖြင့် သိပြီလို့မျှော်လင့် ပါတယ်။
ကွန်ပျူတာ ထိုးရပ်သွားစေနိုင်တဲ့ အကြောင်းရင်းများ
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။
တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။
ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory
ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။
memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။
တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး
Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကာ များနဲ့ အအေးခံ စနစ်ကောင်းစွာ အလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်ပါတယ်။Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံး မှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကိုBIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။
ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
့Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။
Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။
ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။
Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။
ကဲ......သတိပြုနိုင်ကြပါစေဗျာ
အာကာဖြိုး(နည်းပညာ) မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment