Sunday, November 10, 2013

Download

 Internet Download Manager Speed ဂိတ်ဆုံးထိမြှင့်မယ်

Photo: Internet Download Manager Speed ဂိတ်ဆုံးထိမြှင့်မယ်
-------------------------------------------------------------
Internet Download Manager ကို လူကြိုက်များရတဲ့အကြောင်းကတော့...Download Speed မြန်လွန်းလို့ဖြစ်ပါတယ်။
Connection နှေးနေတဲ့နေရာတွေမှာဆိုရင် သီချင်းတွေ၊ Videoတွေကိုဆွဲရမည်ဆိုပါက Internet Download Manager ကို အရင်ဆုံး စက်ထဲသွင်းဖြစ်လိမ့်မည်ထင်ပါတယ်။

ဒါကြောင့်...လူအသုံးများတဲ့ IDM ကို အမြင့်ဆုံး Speed ထိ မိုင်ကုန်တင်ပြီး Download ဆွဲနိုင်ရင်ကော ပိုမမိုက်ဘူးလား...
ကလိကြည့်ချင်တဲ့ ဆိုရင်တော့ ဒီနည်းလေးအတိုင်း လိုက်လုပ်ကြည့်ပေးပါ...

နည်းလေးလေးနှစ်မျိုးနဲ့ မိတ်ဆက်ပေးပါမယ်။

ပထမနည်းလမ်းက Manually လုပ်ရတာပါ။

၁ - IDM ကိုဖွင့်ပါ။
၂ - Download > Options > Connections Tab ကိုသွားပါ။
၃ - Connection Type/Speed ကို Other လို့ရွေးပါ။
၎ - ဘေးနားက bps ကို 83886080 လို့ထည့်ပေးပါ။
၅ - Default Max. Con. Number ကို 16 လို့ရွေးပေးပါ။
၆ - Ok နှိပ်ပါ။
၇ - IDM ကို Restart လုပ်ပါ။

ဒါက ပထမနည်းလမ်းပါ။ ဒုတိယနည်းလမ်းကတော့ Tool လေးတစ်ခုနဲ့ လုပ်ရတာပါ။
နာမည်ကတော့ IDM Optimizer လို့ခေါ်ပါတယ်။

အရင်ဆုံး ဒီ လင့် (http://www.filedownloads.org/13wh3szu5iqu/IDMOptimizer-by-vikash.rar.html) လေးကနေ Download ဆွဲယူပေးပါ။

ပြီးရင် Unzip လုပ်ပြီး Program ကို Run ပေးပါ။
ပြီး...Maximize Now! ကို နှိပ်၊ IDM ကို Restart ချလိုက်ရင် စတင်အသုံးပြုလို့ရပါပြီ။
အရင် ပုံမှန်အတိုင်းပြန်ထားချင်ရင်တော့ Restore Default ပေါ့...

ဒါကတော့ IDM Speed မြှင့်ပြီး စမ်းကြည့်ချင်သူများအတွက် အသုံးတည့်မယ့် နည်းလမ်းနှစ်မျိုးပါခင်ဗျာ။

~Try it, it would be a DRAW at least~
~IT4M~

Credit to : Info Tech For Myanmar (IT4M)

Download Internet download manager full version key

internet download manager ကိုတော့ လူတိုင်းလိုလို သိကြပါလိမ့်မယ် ။ ကီးထည့်ပုံထည့်နည်းတွေက လဲ ဘလော့တိုင်းလိုလို မှာရောဆိုဒ်တိုင်းလိုလို မှာပါ ပလူပျံ နေအောင်တင်ကြတာတွေ့ ရပါတယ် ။ အဲထဲမှာ တချို့ ကတော့ တကယ် အလုပ်ဖြစ်ပါတယ် ဒါပေမဲ့ အရမ်း ရှုပ် ထွေးနေတော့ထည့်လို့ မရတဲ့ သူတွေ များနေပါသေးတယ် ။ နောက်ပြီးတစ်ချို့  ဆိုဒ်တွေမှာ တင်တဲ့ အခါမှာလဲ Download လင့်က အလုပ်လုပ် သလား သေနေလားဆိုတာ ကို မစစ်ဆေးပဲ ဟိုဘက်ဆိုဒ်မှာ တွေ့ လို့ သဘောကျလို့  ငါလည်းတင်မယ် ဆိုပြီး ကိုယ်တိုင် မလုပ်ကြည့် မစမ်းကြည့်ပဲ လျှောက်တင်တဲ့ လူတွေကလဲ များသားကလား ။ တချို့ ကျပြန် တော့Patchဟတ်ဆော့ဝဲ လေးတွေနဲ့ တင်ကြပြန်ရဲ့ အဲဒါမျိုးတွေ ကို ကွန်ပြူတာထဲ ထည့်လို့ ကတော့ Antivirus ကို မသုံးပဲ ပိတ်ထား ရပြန်ရော .... ။
 Patch လေးနဲ့  Full ဖြစ်အောင် လုပ်တဲ့ နည်းကို တကယ်ကြိုက်ပါတယ် ။ ဒါပေမဲ့ Antivirus ပိတ်နေရတာတော့သိပ်တော့မမိုက်ဖူးပေါ့နော် ... ။ နောက်ပြီး Update လုပ်ရင် ကီးပြန်တောင်းတောင်းနေတော့ မမိုက်ပြန်တော့ဘူးပေါ့ ။ ကျွန်တော့ ခုတင်ပြမဲ့  IDM Full ဖြစ်အောင်လုပ်တဲ့ နည်းက hosts ဖိုင်လေးကို  system 32 ထဲထည့်ပြီး Register လုပ်တဲ့နည်းပါ ။ တစ်ခါ Register လုပ်ပြီးရင် နောက်ထပ် Update ထပ်လုပ်လဲ နောက်ထပ်ကီး မတောင်းတော့အတွက် တကယ် အဆင်ပြေပါတယ် ။   တကယ်လဲ ထိရောက်ပါတယ် ။ လွယ်လဲလွယ်ကူ လှတလို ပုံတွေ နဲ့ လဲ အသေးစိပ် ဖေါ်ပြ ပေးထားတဲ့ အတွက် လူပိန်းတွေတောင် လုပ်တတ်မှာပါ ။

1 .Download အရင်ဆွဲပါ ။

ပြီးသွားရင် ဆော့ဝဲကို အင်စတော လုပ်လိုက်ပါ ။ Register လုပ်ဖို့ တောင်းလာလိမ့်မယ် ခဏဖယ်ထားလိုက်ပါ ။
2 .  ဒေါင်းထားတဲ့ဖိုင်ထဲ က  hosts ဆိုတဲ့ဖိုင်လေးကို Copy လုပ်လိုက်ပါ ။
3 .ပြီးရင် Start ကိုဝင် My Computer  ကိုဖွင့်ပါ ။
4. Local Disk ကို ထပ်ဖွင့်ပါ ။
 5. WINDOWS ကိုဖွင့်ပါ ။
6 .system 32 ကိုဖွင့်ပါ ။
7.  drivers ကိုထပ်ဖွင့်မယ် ။
8. etc ကိုထပ်ဖွင့်ပါ ။
 9. Paste လုပ်ပါ ။
10 .Yes ကိုနှိပ်ပေးပါ ။ ပြီးရင် ပိတ်လိုက်တော့ ။ 
11 . ခုinternet download manager မှာ Register ကီးထည့်တော့မယ် ။ ကျွန်တော် ပေးထားတဲ့ Notepad ထဲကကုဒ်တစ်ခုကို Copy ကူးလိုက်ပါ ။
12 . အောက်ပါ အတိုင်း ပုံစံ ဖြည့်ပေးပြီး ok နှိပ်ပေးပါ ။

13 . ထပ်ပြီး ok ကိုနှိပ်ပေးလိုက်ပါ ။
ခုဆိုရင် internet download manager မှာ ကီးထည့်ပြီး သွားပြီးဖြစ်တဲ့အတွက် full version ဖြစ်သွားပါပြီ ။

ဒေါင်းချင်တာတွေ ကို ဒေါင်းချင်သလောက် ဒေါင်းပေတော့ဗျာ ။
အဆင်မပြေတာရှိရင် အောက်မှာအော်သွားပါ ။  

0 comments:

Post a Comment