Monday, November 18, 2013

ကျန်းမာရေးနှင့် ပတ်သက်ပြီး အဆစ်ပြဿနာ၏ အံ့သြဖွယ်ရာ အချက်များ

ကျန်းမာရေးနှင့် ပတ်သက်ပြီး အဆစ်ပြဿနာ၏ အံ့သြဖွယ်ရာ အချက်များ
=======================================
ဒေါက်မြင့်ဖိနပ် မစီးပါနှင့်

ဒေါက်မြင့်ဖိနပ် စီးတာကြောင့် ပေါင်ကြွက်သားတွေ အလုပ်ပိုမိုလုပ်ရပြီး ဒူးဆစ်ရွတ်ပေါ်မှာ ဖိအား ပိုမို ကျရောက်တတ်ပါတယ်။ ခြေထောက်မှာ အဖုအကျိတ်တွေ မထွက်ဘဲ လှပစေဖို့အတွက် ဖိနပ်ပါးကိုပဲ စီးပါ။

နာကျင်မှု သက်သာစေရန် လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း ပြုလုပ်သွားပါ

လေ့ကျင့်ခန်းအသစ် ဒါမှမဟုတ် လှုပ်ရှားမှုအသစ် ပြုလုပ်ရန် ကြွက်သားတွေ အနေနဲ့ အချိန်အနည်းငယ်အတွင်း လိုက်လျောညီထွေမှု ရှိအောင် လိုက်လုပ်နိုင်ပေမယ့် အရွတ်အဆစ်နဲ့ အကြောအမျှင်တွေဟာ လိုက်လျောညီထွေမှု ရှိအောင် အချိန်ယူရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်အောင် လေ့ကျင့်ခန်း အသစ်တစ်ခု ပြုလုပ်တိုင်း ရသတ္တပတ် ဒါမှမဟုတ် တစ်လ ကြာတဲ့အထိ ပြုလုပ်သွားပါ။

နာကျင်မှု သက်သာစေရန် ချင်းစားပါ

ချင်းစားသုံးသူတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ မတ်တပ်ရပ်နေစဉ်အတွင်း ဖြစ်တဲ့ ဒူးခေါင်းနာကျင်မှု သက်သာသွားတယ်လို့ မကြာခင်က လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ချင်းစားသုံးသူတွေဟာ ပေ ၅၀ လောက် လမ်းလျှောက်အပြီးမှာလည်း နာကျင်မှု လျော့နည်းတယ်လို့ သိရပါတယ်။

အရိုးသန်မာစေရန် ဗီတာမင် D မှီဝဲပါ

အရိုး ကျန်းမာသန်စွမ်းပြီး အသက်ကြီးလာရင် အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက် ကယ်လ်စီယမ် တစ်မျိုးတည်း လိုအပ်တာ မဟုတ်ပါဘူး။ လေ့လာမှုတွေအရ ကယ်လ်စီယမ်ကို ဗီတာမင် D နဲ့အတူ တွဲစပ်ပြီး မှီဝဲရင် အရိုး ပိုမိုကျန်းမာ သန်စွမ်းနိုင်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာမှ ကာကွယ်နိုင်စေရန် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပါ

လေ့ကျင့်ခန်း မလုပ်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်တာဟာ ဆောင်းတွင်းမနက် မော်တော်ကားစက် အင်ဂျင်ကို နှိုးထားရသလိုမျိုးနဲ့ တူပါတယ်။ ခန္ဓာကိုယ်က အဆင်ပြေပြေနဲ့ လေ့ကျင့်ခန်း ပြုလုပ်နိုင်ဖို့ သင့်ကြွက်သားနဲ့ အဆစ်တွေကို အနည်းဆုံး ငါးမိနစ်ခန့် သွေးပူလေ့ကျင့်ခန်း လုပ်ထားရပါမယ်။

အဆစ်ကျန်းမာရေး ကောင်းစေရန် သံလွင်ဆီ စားပါ

သံလွင်ဆီနဲ့ ဟင်းသီးဟင်းရွက်ဆီ စားသုံးတာ များသူတွေဟာ အဲဒီအဆီ စားသုံးတာ နည်းသူတွေထက် လေးဘက်နာ အဆစ်ရောရောဂါ ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။

အစီအစဉ်တကျ လေ့ကျင့်ခန်း ပြုလုပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နာကျင်မှုဝေဒနာ သက်သာစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ ဒူးခေါင်းဆစ်၊ အရိုးဆစ်ရောင်ရောဂါ ရှိသူတွေဟာ ရှစ်ပတ်ကြာ လေ့ကျင့်ခန်း အစီအစဉ်ကို ပြုလုပ်အပြီးမှာ နာကျင်မှု ဝေဒနာပျောက်ဆေး အသုံးပြုရတဲ့ ပမာဏ နည်းသွားတယ်လို့ သိရပါတယ်။

ဂလူကိုစမင်းဆေးကို မှီဝဲပါ

လေ့လာမှုအရ ဂလူကိုစမင်းဆေးကို မှီဝဲသူတွေဟာ အဆစ်သန်မာပြီး နာကျင်မှု ဝေဒနာ သက်သာကာ ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြောင့် ဖြစ်တဲ့ ဆုတ်ယုတ်မှုတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဂလူကိုစမင်းဟာ ကွန်ဒရိုတင်နဲ့ တွဲသောက်ရင် ပိုမို ထိရောက်မှု ရှိတယ်လို့ သိရပါတယ်။

အဆစ်တောင့်တင်းမှု သက်သာစေရန်

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အဆစ်တောင့်တင်းတာ သက်သာနိုင်ပါတယ်။ လေးဖက်နာ အဆစ်ရောင်ရောဂါ ရှိသူတွေဟာ ပျမ်းမျှအားဖြင့် ၆၈ မိနစ် ပြုလုပ်ရတဲ့ ကာယလေ့ကျင့်ခန်းနဲ့ ကာယကုထုံးကို ပြုလုပ်ပြီး ခြောက်ပတ်အကြာမှာ အဆစ်တောင့်တင်းတဲ့ အချိန်ပမာဏ လျော့ကျသွားတယ်လို့ တွေ့ရှိထားပါတယ်။ ကာယလေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အမှန်တကယ် ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပါတယ်။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ဖူးသူတိုင်း လေ့ကျင့်ခန်း လုပ်အပြီးမှာ မောပန်းတာတွေ လျော့ကျသွားတယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment