
ဘာကြောင့် နှာရည်ယိုရသလဲ
အခြေအနေ အကြောင်း အရာ အရပ်ရပ်က နှာရည်ယိုခြင်းကို ဖြစ်ပေါ်စေ
ပါတယ်။ ငိုကြွေးတဲ့ အခါမှာပဲဖြစ်ဖြစ်၊ မျက်လုံးထဲ တစ်ခုခုဝင်
လို့ပဲဖြစ်ဖြစ် မျက် လုံးထဲမှာ မျက်ရည်တွေ ပြည့်လျှံနေတဲ့ အခါ
မျက်ရည်တချို့ဟာ မျက်လုံးအ တွင်းထောင့်မှာ ရှိတဲ့ ပြွန်တွေကနေတစ် ဆင့်
နှာခေါင်းထဲကို စီးဆင်း သွားကြပါ တော့တယ်။ မျက်လုံး၊ နှာခေါင်းနဲ့ လည်
ချောင်းတို့ထဲ ကူးစက် ဝင်ရောက်နိုင်တဲ့ အအေးမိဗိုင်းရပ်စ်
ရောဂါပိုးကူးစက်ခံရ ပါက ခန္ဓာကိုယ်က ရောဂါပိုးကို တိုက် ထုတ်ရတာကြောင့်
နှာခေါင်းအတွင်း ဘက်လိုဏ် ခေါင်းတစ်လျှောက် ရောင် ရမ်းခြင်းနဲ့ အရည်တွေ၊
အကျိအချွဲတွေ ထွက်ရှိခြင်းတို့ ဖြစ်လာတတ်ပါတယ်။
ဒီအရည်တွေ၊ အကျိအချွဲတွေ အပြင်ကို လျှံထွက် လာတဲ့အခါ နှာစေးခြင်း၊ နှာ
ရည်ယိုခြင်းတို့ ဖြစ်လာရပါတယ်။ အေး မြတဲ့ ရာသီကလည်း နှာရည်ယိုစေနိုင်
ပါတယ်။ အေးမြတဲ့လေကို ဦးစွာ ရှူရှိုက် လိုက်တဲ့အခါ နှာခေါင်းအတွင်းရှိ
နူးညံ့ တဲ့နံရံတွေကို ရှော့ခ်ဖြစ်သွားစေပြီး ကျုံ့ သွားကြကာ ပြီးတော့မှ
ပြန်ကျယ်လာ ပါတယ်။ အဲဒီအခါမှာ အကာအကွယ်ဖြစ် စေနိုင်တဲ့ အရည်တွေ၊
အကျိအချွဲတွေကို ထွက်ရှိစေ တာကြောင့် နှာရည်ယိုခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ လေအေးကို နှာခေါင်းက ကျင့်သားရ သွားတာကြောင့်
ပုံမှန်အတိုင်းပြန်ဖြစ် သွားကာ နှာရည်ယိုခြင်း အလိုလိုရပ် တန့်သွားတာပဲ
ဖြစ်ပါတယ်။
ဒေါက်တာနုမြတ်
Good Health
0 comments:
Post a Comment