ဆီးချိုရောဂါကာကွယ်နည်းများ ▬▬▬▬▬▬▬▬▬▬▬ ဆီးချိုသွေးချိုရောဂါမှာ (၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။ ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂)ဆီးချိုရောဂါသည်တွေ ဖြစ်ကြပါတယ်။ အခုဖြေကြားမယ့်အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ် ။ဆီးချိုရောဂါဟာမျိုးရိုးဗီဇရယ် ၊ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှဖြစ်လာတာပါ။မျိုးရိုးဗီဇမှာဆီးချို ရောဂါပါလာပေမယ့်ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ပတ်ဝန်းကျင်ဆို တာကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့လူနေမှုစားသောက်ပုံတွေနဲ့ဆီးချိုရောဂါကိုကာကွယ်လို့ရ ပါတယ်။ချိုလွန်းတဲ့အဆီများလွန်း တဲ့၊ငန်လွန်းတဲ့အစားအသောက်တွေကိုမစားရပါဘူး။ နောက်တစ်ချက်ကဟင်းသီးဟင်းရွက်တွေကိုများများစားရပါမယ်။ရေများများသောက်ရပါမယ်။ကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်း ရပါမယ်။ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။ စိတ်ဖိစီးမှု(Stress)တွေများရင် လည်းဆီးချိုရောဂါဖြစ်နိုင်ပါတယ် ။ဒါ့ကြောင့်စိတ်ဖိစီးမှုကိုလျှော့ချရပါမယ်။ လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက် သင့်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက် ရပါမယ်။မောအောင်၊ အသက်ရှူမြန်လာအောင်၊ချွေးထွက်အောင်လေ့ကျင့်ခန်း လုပ်ရပါမယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်ဆီးချိုရောဂါကို ၅၈% ကာကွယ်နိုင်ပါတယ်။ မျိုးရိုးရှိတဲ့သူ၊အ၀လွန်တဲ့သူ၊ သွေးတိုးရှိတဲ့သူနဲ့နှလုံးသွေးေ ကြာကျဉ်းရှိတဲ့သူတွေမှာဆီးချိုေ ရာဂါ မဖြစ်အောင်ပိုပြီးကာကွယ်သင့်ပါတ ယ်။ အခုနောက်ပိုင်းဆရာဝန်တွေက၀တဲ့လူ နာနဲ့ခါးတုတ်တဲ့လူနာဆိုရင်ခါးတု တ်တဲ့လူနာကိုပိုပြီးသတိထားရပါတယ်။အဆီမှာကိုယ်တွင်းအဆီများတာနဲ့ ပြင်ပအဆီများတာဆိုပြီးရှိပါတယ်။ တစ်ခါတစ်လေမှာ လူက၀တယ်။ဆီးချိုမဖြစ်အောင်အစားအ သောက်ဂရုစိုက်ထားတယ်။ ဆေးစစ်ချက်ပုံမှန်လုပ်တယ်ဆိုရင် ဆီးချိုမရှိနိုင်ပါဘူး။လူကပိန်တ ယ်ဆိုပေမယ့်သွေးတွင်းအဆီများပြီးနေထိုင်မှုပုံမမှန်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကဆီးချိုရောဂါနဲ့မှား တတ်တဲ့ရောဂါလည်းရှိပါတယ်။ ဆီးချိုရောဂါနဲ့မှားယွင်းတတ်တဲ့ ရောဂါအနေနဲ့ကတော့ Stressဖြစ်တဲ့အခါအဲဒီစိတ်ဖိစီးမှုကိုပြန်တိုက်ခိုက် ဖို့ Catechoamine ဆိုတဲ့ဓာတ်တွေထွက်လာတယ်။ အဲဒီ Catechoamine ဟာအင်ဆူလင်တားနိုင်တဲ့အစွမ်းရှိ ပါတယ်။ အဲဒီအခါဆီးချိုတက်လာပါတယ်။ လူတစ်ယောက်ကလေဖြတ်ပြီးဆေးရုံရော က်လာတယ်။ဆေးရုံရောက်မှသွေး စစ်လိုက်တဲ့အခါမှာ ဆီးချိုက အရမ်းများနေပါတယ်။ ဒါက Stress ကြောင့်ဖြစ်တာလား၊ ဆီးချိုရောဂါ ရှိနေတာကို မသိပဲဖြစ်သွားတာလား ဆိုတာသိဖို့အင်မတန် ခက်ခဲပါတယ်။ အကြမ်းအားဖြင့်ကုပေးလိုက်ပြီးရောဂါသက်သာလာတယ်။Stress မရှိတော့တာနဲ့သွေးတွင်းသကြားဓာတ် ကျသွားတယ် ဆိုရင်တော့အဲဒီ Stress ကြောင့်ဖြစ်တာလို့ယူဆလို့ရပါတယ် ။ဆီးချိုကုသဆေးတွေလည်းပေးနေတယ်။ ဒါပေမယ့်တော်တော်နဲ့ဆီးချိုမကျဘူးဆိုရင်တော့နဂိုကတည်း ကဖြစ်နေတာကိုမသိတာလည်းဖြစ်နိုင် ပါတယ်။နောက်တစ်ခုကတော့ စပ်ဆေးတွေစားတာကြောင့်လည်းဖြစ်တ တ်ပါတယ်။ တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို ထွေထွေရောဂါအထူးကုဆရာဝန်ကြီး — with Shwe Arlu and 2 others.
ဆီးချိုရောဂါကာကွယ်နည်းများ( မည်သူမဆိုမျှဝေယူနိုင်ပါသည် )
Posted in: ကျန်းမာရေးဗဟုသုတ
0 comments:
Post a Comment